ေကာင္းကင္ေပၚမွာပ်ံေနေသာ တင့္ကား (သို႔မဟုတ္) ဖားေျခေထာက္(Forgfoot)

ဖားေျခေထာက္(Forgfoot)ဟု NATO အေနာက္ အုပ္စုမွ ေခၚတြင္ၿပီး ႐ုရွားေလသူရဲမ်ားမွ Rook ဟု ခ်စ္စႏိုးေခၚတြင္ၾကသည္။ နာမည္ေျပာင္ တင့္ကားပ်ံ (flying tank)ျဖစ္ေသာ Su-25 Forgfoot ၏ latest version ျဖစ္ေသာ Su-25SM3 ကိုမူ Granch ဟုေခၚဆိုၾကသည္။
Su-25 Forgfoot ၏ မ်ိဳးကြဲမ်ားအေနျဖင့္Su-25K မွာ ျပည္ပပို႔မ်ိဳးကြဲျဖစ္ၿပီး အင္ဂ်င္ပိုင္း အျပင္ avionics & chaff dispensers ပိုင္းအား စြမ္းေဆာင္ရည္အနည္းငယ္ ေလ်ာ့ခ်ထားသည္။SU-25KM မွာ ျပည္ပတင္ပို႔မႈအတြက္ စိတ္ဝင္စားမႈ ရွိေစရန္ စြဲေဆာင္ထားေသာ မ်ိဳးကြဲျဖစ္သည္။
Su-25UB မွာ two-seat trainer ႏွစ္ေယာက္ ေမာင္း(အေမာင္းသင္)ပဲျဖစ္ပါတယ္။ Su-25UBM မွာ Su-25UB အေမာင္းသင္ကို ထပ္မံအဆင့္ျမႇင့္တင္ ထားေသာ မ်ိဳးကြဲျဖစ္သည္။Su-25T မွာ ရာသီဥတုမေ႐ြးႏွင့္ ညအခ်ိန္ပ်ံသန္းတိုက္ခိုက္ ႏိုင္သည့္မ်ိဳးကြဲျဖစ္ကာ Su-25TM မွာ Su-25T ကို ထပ္မံအဆင့္ျမႇင္တင္ထားေသာ မ်ိဳးကြဲျဖစ္သည္။Su-25UTG မွာ ေရတပ္သုံး(naval version)မ်ိဳးကြဲျဖစ္သည္။
Su-25KM Scorpion မွာ ေဂ်ာ္ဂ်ီယာေလတပ္ အတြက္ အထူးထုတ္လုပ္ေပးထားေသာ မ်ိဳးကြဲျဖစ္ၿပီး Su-25KM တြင္ အစၥေရးထုတ္ ေလေၾကာင္း ဆိုင္ရာစနစ္မ်ားတပ္ဆင္ထားရွိသည္။႐ုရွားေလတပ္ တြင္ ၂၀၁၃ မွစတင္အသုံးျပဳေနေသာ Su-25SM3 Granch မွာ Su-25 မ်ား၏ latest vetsion ျဖစ္ သည္။
Su-25SM3 တြင္ အပူေငြ႕ရွာဒုံးမ်ား၏ အႏၲရာယ္မွ ကာကြယ္ႏိုင္ရန္ Vitebsk-25 EW system အား တပ္ဆင္ထားရွိသည္။Su-25 ကို႐ုရွားေလတပ္အျပင္ အာေမးနီးယား၊ ဘဲလာ႐ုစ္၊ ယူကရိန္း၊ ကာဇက္စၥတန္၊ အန္ဂိုလာ၊ခ်က္၊ အီရတ္၊ ေျမာက္ကိုရီးယား၊ ပီ႐ူး၊ ဆူဒန္စသည့္ ႏိုင္ငံ မ်ားစြာတြင္ အသုံးျပဳလွ်က္ရွိသည္။
Su-25 အေန ျဖင့္ အာဖဂန္၊ အီရတ္၊ ဆီးရီးယား၊ လက္ရွိ ယူကရိန္း စစ္ေျမျပင္မ်ားတြင္ ေလေၾကာင္းတိုက္ခိုက္မႈမ်ားစြာ ျပဳလုပ္ခဲ့ေသာ စစ္ေျမျပင္အေတြ႕အႀကဳံရွိသည့္ ေျမျပင္အကူေပးေလယာဥ္ ျဖစ္သည္။ အာဖဂန္ စစ္ပြဲတြင္ ေလေၾကာင္းတိုက္ခိုက္မႈ အႀကိမ္ေရ ၆၀၀၀၀ အထိ ျပဳလုပ္ခဲ့သည္ဟု သိရွိရသည္။
Su-25 တိုက္ေလယာဥ္မ်ားကို ဆိုဗီယက္ေခတ္ ၁၉၈၁ မွ စတင္အသုံးျပဳခဲ့သည္။ အင္ဂ်င္ ၂ လုံး တပ္ ေလသူရဲ ၁ ေယာက္ေမာင္းျဖစ္ေသာ္လည္းအေမာင္းသင္မ်ားမွာ ၂ ေယာက္ေမာင္း ျဖစ္သည္။အေလးခ်ိန္ ၁၁ တန္ ရွိၿပီး အမ်ားဆုံး ၁၉.၃ တန္ျဖင့္ ေလထဲသို႔ပ်ံတက္ႏိုင္ေသာေၾကာင့္ လက္နက္ သယ္ေဆာင္ႏိုင္မႈ payload မွာ ၈ တန္ ျဖစ္သည္။
ဝန္မပါ အျမင့္ ၇ ကီလိုမီတာ သို႔တက္ေရာက္ပ်ံသန္း ႏိုင္ၿပီး အကြာအေဝး ၁၀၀၀ ကီလိုမီတာ အထိပ်ံသန္းႏိုင္ေသာ္လည္း အပိုဆီတိုင္ကီ(external fuel tank)တပ္ဆင္ပါက ၁၈၅၀ ကီလိုမီတာအထိ ပ်ံသန္ႏိုင္မည္ျဖစ္သည္။ မည္သို႔ပင္ဆိုေစကာမူ Su-25 Forgfoot ၏ combat radius မွာ ၄၀၀ ကီလိုမီတာ ျဖစ္သည္။
Su-25 Forgfoot တြင္ ၃၀ မမ စက္အေျမာက္ ၁ လက္အား ယင္းက်ည္ ၂၆၀ ေတာင့္ႏွင့္အတူ တပ္ ဆင္ထားသည္။ ေလဆာလမ္းၫႊန္စနစ္တပ္ဆင္ညထားေသာေၾကာင့္ အလွမ္းေဝးကြာသည့္ ေျမျပင္ ပစ္မွတ္မ်ားအား ေလဆာလမ္းၫႊန္ဒုံးမ်ားျဖင့္ တိုက္ ခိုက္ႏိုင္မည္ျဖစ္သည္။
၅၇ မမ မွ ၂၄၀ မမ ပဲ့ထိန္းမဲ့ ေရာ့ကတ္မ်ား၊ ၂၅၀ ကီလိုဂရမ္ မွ ၅၀၀ ကီလိုဂရမ္ အထိ ပဲ့ထိန္းမဲ့ဗုံးမ်ားႏွင့္ ကလပ္စတာဗုံးမ်ားသာမက မိမိကိုယ္ပိုင္ကာကြယ္ေရးအတြက္ R-77 ကဲ့သို႔ ေဝဟင္-ေဝဟင္ ဒုံးမ်ားကို တပ္ဆင္ပစ္ခတ္ႏိုင္ သည္။Su-25 Forgfoot အေနျဖင့္ ေျမျပင္အကူေပးတိုက္ခိုက္ေရးေလယာဥ္ (Ground Attack Aircraft)အမ်ိဳးအစားျဖစ္ေသာေၾကာင့္
main role အေနျဖင့္ အနီးကပ္ေလေၾကာင္းပစ္ကူေပး ျခင္း(Close Air Support – CAS)အတြက္ အား ထားအသုံးျပဳသည္။ ေျမျပင္အကူေပးေလယာဥ္ ျဖစ္သည့္အတြက္ ျမန္ႏႈန္းေႏွးစြာျဖင့္ ရန္သူ႔ေလယာဥ္ ပစ္ဒုံးမ်ားကို ေရွာင္ကြင္းရန္ အနိမ့္ပ်ံသန္းတိုက္ခိုက္ မႈအားေကာင္းေသာ္လည္း ရန္သူ ေလယာဥ္ပစ္ စက္ေသနတ္ႀကီးမ်ား၏ မ်က္ျမင္ပစ္ခတ္မႈဒဏ္ႏွင့္ stinger ကဲ့သို႔ တာတိုပခုံးထမ္းဒုံးမ်ား၏ ပစ္ခတ္ မႈဒဏ္ကို ခံခဲ့ရသည္။
ထိုအားနည္းခ်က္မ်ားကို ျပဳျပင္ မြမ္းမံမႈအေနျဖင့္ ရန္သူေလယာဥ္ပစ္စက္ေသနတ္ ႀကီးမ်ား၏ ပစ္ခတ္မႈခံရပါက ကာကြယ္ႏိုင္ရန္ ေလယာဥ္ေမာင္းႏွင္ခန္း(cockpit)အား ၂၅ မမ အထူ ရွိေသာ သံမဏိသံခ်ပ္ကာမ်ားျဖင့္ ထပ္ပိုးလိုက္သည့္ အျပင္ ဆီတိုင္ကီကိုလည္း သံမဏိသံခ်ပ္ကာျဖင့္ ကာရံလိုက္ျခင္းေၾကာင့္ ေလသူရဲ၏ အသက္ရွင္ ရပ္တည္မႈကို ျမႇင့္တင္ေပးခဲ့သည္။
အခ်ဳပ္အားျဖင့္ဆိုေသာ္ Su-25 Forgfoot ၏ ၿပိဳင္ဘက္မွာ A-10 Thunderbolt ျဖစ္ေသာ္လည္း အေရွ႕ေတာင္အာရွႏိုင္ငံအတြက္မူ JH-7 flying leopard ဗုံးႀကဲေလယာဥ္၊ Su-34 Fullback ဘဲေခါင္းတို႔ႏွင့္ ယွဥ္ၿပိဳင္ေ႐ြးခ်ယ္စရာသာ ျဖစ္သည္။ မည္သို႔ပင္ဆိုေစကာမူ Su-25 Forgfoot အေနျဖင့္ စစ္ဆင္ေရးပ်ံသန္းမႈကုန္က်စရိတ္ႏွင့္ ျပဳျပင္ ထိန္းသိမ္းစရိတ္မွာ က်န္အမ်ိဳးအစား ၂ ခုထက္ သက္သာသည့္ အားသာခ်က္ရွိသည္။
CRD..Kokolinoo
CRD..GoldenEagle
Unicode
ကောင်းကင်ပေါ်မှာပျံနေသော တင့်ကား (သို့မဟုတ်) ဖားခြေထောက်(Forgfoot)…..
ဖားခြေထောက်(Forgfoot)ဟု NATO အနောက် အုပ်စုမှ ခေါ်တွင်ပြီး ရုရှားလေသူရဲများမှ Rook ဟု ချစ်စနိုးခေါ်တွင်ကြသည်။ နာမည်ပြောင် တင့်ကားပျံ (flying tank)ဖြစ်သော Su-25 Forgfoot ၏ latest version ဖြစ်သော Su-25SM3 ကိုမူ Granch ဟုခေါ်ဆိုကြသည်။
Su-25 Forgfoot ၏ မျိုးကွဲများအနေဖြင့်Su-25K မှာ ပြည်ပပို့မျိုးကွဲဖြစ်ပြီး အင်ဂျင်ပိုင်း အပြင် avionics & chaff dispensers ပိုင်းအား စွမ်းဆောင်ရည်အနည်းငယ် လျော့ချထားသည်။
SU-25KM မှာ ပြည်ပတင်ပို့မှုအတွက် စိတ်ဝင်စားမှု ရှိစေရန် စွဲဆောင်ထားသော မျိုးကွဲဖြစ်သည်။ Su-25UB မှာ two-seat trainer နှစ်ယောက် မောင်း(အမောင်းသင်)ဖြစ်သည်။ Su-25UBM မှာ Su-25UB အမောင်းသင်ကို ထပ်မံအဆင့်မြှင့်တင် ထားသော မျိုးကွဲဖြစ်သည်။ Su-25T မှာ ရာသီဥတုမရွေးနှင့် ညအချိန်ပျံသန်းတိုက်ခိုက် နိုင်သည့်မျိုးကွဲဖြစ်ကာ Su-25TM မှာ Su-25T ကို ထပ်မံအဆင့်မြှင်တင်ထားသော မျိုးကွဲဖြစ်သည်။ Su-25UTG မှာ ရေတပ်သုံး(naval version)မျိုးကွဲဖြစ်သည်။
Su-25KM Scorpion မှာ ဂျော်ဂျီယာလေတပ် အတွက် အထူးထုတ်လုပ်ပေးထားသော မျိုးကွဲဖြစ်ပြီး Su-25KM တွင် အစ္စရေးထုတ် လေကြောင်း ဆိုင်ရာစနစ်များတပ်ဆင်ထားရှိသည်။ ရုရှားလေတပ် တွင် ၂၀၁၃ မှစတင်အသုံးပြုနေသော Su-25SM3 Granch မှာ Su-25 များ၏ latest vetsion ဖြစ် သည်။ Su-25SM3 တွင် အပူငွေ့ရှာဒုံးများ၏ အန္တရာယ်မှ ကာကွယ်နိုင်ရန် Vitebsk-25 EW system အား တပ်ဆင်ထားရှိသည်။
Su-25 ကိုရုရှားလေတပ်အပြင် အာမေးနီးယား၊ ဘဲလာရုစ်၊ ယူကရိန်း၊ ကာဇက်စ္စတန်၊ အန်ဂိုလာ၊ချက်၊ အီရတ်၊ မြောက်ကိုရီးယား၊ ပီရူး၊ ဆူဒန်စသည့် နိုင်ငံ များစွာတွင် အသုံးပြုလျှက်ရှိသည်။ Su-25 အနေ ဖြင့် အာဖဂန်၊ အီရတ်၊ ဆီးရီးယား၊ လက်ရှိ ယူကရိန်း စစ်မြေပြင်များတွင် လေကြောင်းတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့သော စစ်မြေပြင်အတွေ့အကြုံရှိသည့် မြေပြင်အကူပေးလေယာဉ် ဖြစ်သည်။ အာဖဂန် စစ်ပွဲတွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၀၀၀၀ အထိ ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။
Su-25 တိုက်လေယာဉ်များကို ဆိုဗီယက်ခေတ် ၁၉၈၁ မှ စတင်အသုံးပြုခဲ့သည်။ အင်ဂျင် ၂ လုံး တပ် လေသူရဲ ၁ ယောက်မောင်းဖြစ်သော်လည်း
အမောင်းသင်များမှာ ၂ ယောက်မောင်း ဖြစ်သည်။
အလေးချိန် ၁၁ တန် ရှိပြီး အများဆုံး ၁၉.၃ တန်
ဖြင့် လေထဲသို့ပျံတက်နိုင်သောကြောင့် လက်နက် သယ်ဆောင်နိုင်မှု payload မှာ ၈ တန် ဖြစ်သည်။
ဝန်မပါ အမြင့် ၇ ကီလိုမီတာ သို့တက်ရောက်ပျံသန်း နိုင်ပြီး အကွာအဝေး ၁၀၀၀ ကီလိုမီတာ အထိပျံသန်းနိုင်သော်လည်း အပိုဆီတိုင်ကီ(external fuel tank)တပ်ဆင်ပါက ၁၈၅၀ ကီလိုမီတာအထိ ပျံသန်နိုင်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ Su-25 Forgfoot ၏ combat radius မှာ ၄၀၀ ကီလိုမီတာ ဖြစ်သည်။
Su-25 Forgfoot တွင် ၃၀ မမ စက်အမြောက် ၁ လက်အား ယင်းကျည် ၂၆၀ တောင့်နှင့်အတူ တပ် ဆင်ထားသည်။ လေဆာလမ်းညွှန်စနစ်တပ်ဆင်ညထားသောကြောင့် အလှမ်းဝေးကွာသည့် မြေပြင် ပစ်မှတ်များအား လေဆာလမ်းညွှန်ဒုံးများဖြင့် တိုက် ခိုက်နိုင်မည်ဖြစ်သည်။ ၅၇ မမ မှ ၂၄၀ မမ ပဲ့ထိန်းမဲ့ ရော့ကတ်များ၊ ၂၅၀ ကီလိုဂရမ် မှ ၅၀၀ ကီလိုဂရမ် အထိ ပဲ့ထိန်းမဲ့ဗုံးများနှင့် ကလပ်စတာဗုံးများသာမက မိမိကိုယ်ပိုင်ကာကွယ်ရေးအတွက် R-77 ကဲ့သို့ ဝေဟင်-ဝေဟင် ဒုံးများကို တပ်ဆင်ပစ်ခတ်နိုင် သည်။
Su-25 Forgfoot အနေဖြင့် မြေပြင်အကူပေး
တိုက်ခိုက်ရေးလေယာဉ် (Ground Attack Aircraft)အမျိုးအစားဖြစ်သောကြောင့် main role အနေဖြင့် အနီးကပ်လေကြောင်းပစ်ကူပေး ခြင်း(Close Air Support – CAS)အတွက် အား ထားအသုံးပြုသည်။ မြေပြင်အကူပေးလေယာဉ် ဖြစ်သည့်အတွက် မြန်နှုန်းနှေးစွာဖြင့် ရန်သူ့လေယာဉ် ပစ်ဒုံးများကို ရှောင်ကွင်းရန် အနိမ့်ပျံသန်းတိုက်ခိုက် မှုအားကောင်းသော်လည်း ရန်သူ လေယာဉ်ပစ် စက်သေနတ်ကြီးများ၏ မျက်မြင်ပစ်ခတ်မှုဒဏ်နှင့် stinger ကဲ့သို့ တာတိုပခုံးထမ်းဒုံးများ၏ ပစ်ခတ် မှုဒဏ်ကို ခံခဲ့ရသည်။ ထိုအားနည်းချက်များကို ပြုပြင် မွမ်းမံမှုအနေဖြင့် ရန်သူလေယာဉ်ပစ်စက်သေနတ် ကြီးများ၏ ပစ်ခတ်မှုခံရပါက ကာကွယ်နိုင်ရန် လေယာဉ်မောင်းနှင်ခန်း(cockpit)အား ၂၅ မမ အထူ ရှိသော သံမဏိသံချပ်ကာများဖြင့် ထပ်ပိုးလိုက်သည့် အပြင် ဆီတိုင်ကီကိုလည်း သံမဏိသံချပ်ကာဖြင့် ကာရံလိုက်ခြင်းကြောင့် လေသူရဲ၏ အသက်ရှင် ရပ်တည်မှုကို မြှင့်တင်ပေးခဲ့သည်။
အချုပ်အားဖြင့်ဆိုသော် Su-25 Forgfoot ၏ ပြိုင်ဘက်မှာ A-10 Thunderbolt ဖြစ်သော်လည်း အရှေ့တောင်အာရှနိုင်ငံအတွက်မူ JH-7 flying leopard ဗုံးကြဲလေယာဉ်၊ Su-34 Fullback ဘဲခေါင်းတို့နှင့် ယှဉ်ပြိုင်ရွေးချယ်စရာသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ Su-25 Forgfoot အနေ
ဖြင့် စစ်ဆင်ရေးပျံသန်းမှုကုန်ကျစရိတ်နှင့် ပြုပြင် ထိန်းသိမ်းစရိတ်မှာ ကျန်အမျိုးအစား ၂ ခုထက် သက်သာသည့် အားသာချက်ရှိသည်။
CRD..Kokolinoo
CRD..GoldenEagle
Crd