TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ဧရာမလူသားများတစ်ကယ်ရှိသည်ဟူသောမှတ်တမ်းများ

အဘယ်ကြောင့်မတူညီတဲ့ နေရာဒေသတွေ ကွဲပြားခြားနားတဲ့ ယဥ်ကျေးမှုတွေရှိတဲ့ လူသားတွေဆီမှာ ဘာလို့
ဧရာမလူတွေရဲ့ အကြောင်းအရာတွေဟာ ဆင်တူဖြစ်နေကြတာလဲ။
ဒါတွေဟာအချို့သော ရှေးဟောင်း ယဥ်ကျေးမှုရဲ့ အမှတ်တရ အကြွင်းအကျန်တွေများ ဖြစ်နိုင်မလား။

အလယ်ခေတ် ဒန်းနစ်ရှ် လူမျိုး သမိုင်းပညာရှင် ဆက်ဆို ဂရမ်မားတစ်ကပ်စ် က ဧရာမလူသားတွေ တကယ်ရှိတယ်လို့ ယူဆသလို တကယ်လို့သာ မရှိဘူးဆိုရင် ဧရာမ အရွယ်ရှိတဲ့ အဆောက်အအုံတွေ ရှေးဟောင်းလက်ရာတွေ မရှိလောက်ဘူးလို့ မှတ်ချက်ချခဲ့တာပါ။ထိုခေတ်ထိုအခါတုန်းက ရေးသားထားတဲ့ အချက်အလက်တွေကလည်း ဤကဲ့သို့ပဲ ပြောကြပါတယ်။ဥပမာ ရှေးဟောင်းအင်္ဂလိပ်ကဗျာ Seafarer ထဲမှာဆိုရင် ဧရာမလူသားတွေ တည်ဆောက်ထားတဲ့ ဧရာမ ကျောက်တုံးနံရံကြီးတွေပါတယ်လို့ ဆိုထားကာသမိုင်းဝင် အချက်အလက်တွေမှာလည်း ဧရာမလူသားတွေ ရှိတယ်ဆိုတဲ့ မှတ်တမ်းတွေပါဝင်ပါတယ်။

ဟဲရိုဒိုတပ်စ် ရေးသားတဲ့အထဲမှာဆိုရင် စပါးတန်ဟာ စစ်ရေးလှုပ်ရှားမှုကို ကူညီဖို့အတွက် စစ်သည်တော်တွေရဲ့ အရိုးတွေကို အလိုရှိတယ်လို့ ဆိုကာ
ထိုအရိုးဟာ ၇ ကုဗစ် တစ်နည်းအားဖြင့် ယခုခေတ်သုံးတဲ့ စနစ်နဲ့ဆိုရင် ၁၁.၅ ပေ သို့မဟုတ် ၃.၅ မီတာခန့် ရှည်လျားတယ်လို့ မှတ်တမ်းရှိပါတယ်။
ရှေးဟောင်း ဂရိပညာတော်သင် ပါစားနီးယပ်စ်က အရပ် ၁၈ ပေ သိုမဟုတ် ၅.၅ မီတာရှည်တဲ့ လူရဲ့အရိုးကို မြစ်ရဲ့ အောက်ခြေမှာ တွေ့ခဲ့တာကို ပြောပြခဲ့ပါသေးတယ်။

ဂျိုးဇက်ဖက်စ် ဖလေးဗီးယက်စ် ခေါ်သူ ရိုမန် သမိုင်းပညာရှင်က ကိုယ်တိုင်ကိုယ်ကျ ဧရာမလူသားတွေကိုတွေ့ခဲ့တဲ့သူတွေရဲ့ သက်သေခံချက်တွေကို ကူးယူဖော်ပြခဲ့ပါတယ်။ဒီ မြင်တွေ့ခဲ့တဲ့သူတွေက ဧရာမလူသားတွေရဲ့မျက်နှာတွေဟာ ပုံမှန်လူတွေရဲ့ မျက်နှာနဲ့ ကွဲပြားခြားနားပြီး ဒီမြင့်မားတဲ့လူသားတွေဟာ မိုးခြိမ်းသံကဲ့သို့ အသံနက်နက်ကြီးတွေ ပိုင်ဆိုင်ကြတယ်လို့ ပြောကြားကြပါတယ်။

ခရစ်ယာန်ဘာသာရဲ့ အစောပိုင်းခေတ်တွေမှာ ဘုန်းကြီးတွေက အာဒံရဲ့ အရပ်ဟာ ၁၃ ပေ၊ သို့မဟုတ် ၄ မီတာခန့်ရှိပြီး ဧ ဝကတော့ နည်းနည်းပုကာ ၁၀ ပေ သို့မဟုတ် ၊ ၃ မီတာခန့်ရှည်တယ်လို့ ယုံကြည်ကြကာ ထိုရေးသားချက်တွေကတော့ ဗာတီကန်ရဲ့ မော်ကွန်းတိုက်တွေမှာ ရှိပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■ဧရာမလူသားမ်ားတစ္ကယ္ရွိသည္ဟူေသာမွတ္တမ္းမ်ား
အဘယ္ေၾကာင့္မတူညီတဲ့ ေနရာေဒသေတြ ကြဲျပားျခားနားတဲ့ ယဥ္ေက်းမႈေတြရွိတဲ့ လူသားေတြဆီမွာ ဘာလို႔
ဧရာမလူေတြရဲ့ အေၾကာင္းအရာေတြဟာ ဆင္တူျဖစ္ေနၾကတာလဲ။
ဒါေတြဟာအခ်ိဳ႕ေသာ ေရွးေဟာင္း ယဥ္ေက်းမႈရဲ့ အမွတ္တရ အႂကြင္းအက်န္ေတြမ်ား ျဖစ္နိုင္မလား။
အလယ္ေခတ္ ဒန္းနစ္ရွ္ လူမ်ိဳး သမိုင္းပညာရွင္ ဆက္ဆို ဂရမ္မားတစ္ကပ္စ္ က ဧရာမလူသားေတြ တကယ္ရွိတယ္လို႔ ယူဆသလို တကယ္လို႔သာ မရွိဘူးဆိုရင္ ဧရာမ အရြယ္ရွိတဲ့ အေဆာက္အအုံေတြ ေရွးေဟာင္းလက္ရာေတြ မရွိေလာက္ဘူးလို႔ မွတ္ခ်က္ခ်ခဲ့တာပါ။ထိုေခတ္ထိုအခါတုန္းက ေရးသားထားတဲ့ အခ်က္အလက္ေတြကလည္း ဤကဲ့သို႔ပဲ ေျပာၾကပါတယ္။ဥပမာ ေရွးေဟာင္းအဂၤလိပ္ကဗ်ာ Seafarer ထဲမွာဆိုရင္ ဧရာမလူသားေတြ တည္ေဆာက္ထားတဲ့ ဧရာမ ေက်ာက္တုံးနံရံႀကီးေတြပါတယ္လို႔ ဆိုထားကာသမိုင္းဝင္ အခ်က္အလက္ေတြမွာလည္း ဧရာမလူသားေတြ ရွိတယ္ဆိုတဲ့ မွတ္တမ္းေတြပါဝင္ပါတယ္။
ဟဲရိုဒိုတပ္စ္ ေရးသားတဲ့အထဲမွာဆိုရင္ စပါးတန္ဟာ စစ္ေရးလႈပ္ရွားမႈကို ကူညီဖို႔အတြက္ စစ္သည္ေတာ္ေတြရဲ့ အရိုးေတြကို အလိုရွိတယ္လို႔ ဆိုကာ
ထိုအရိုးဟာ ၇ ကုဗစ္ တစ္နည္းအားျဖင့္ ယခုေခတ္သုံးတဲ့ စနစ္နဲ႔ဆိုရင္ ၁၁.၅ ေပ သို႔မဟုတ္ ၃.၅ မီတာခန႔္ ရွည္လ်ားတယ္လို႔ မွတ္တမ္းရွိပါတယ္။
ေရွးေဟာင္း ဂရိပညာေတာ္သင္ ပါစားနီးယပ္စ္က အရပ္ ၁၈ ေပ သိုမဟုတ္ ၅.၅ မီတာရွည္တဲ့ လူရဲ့အရိုးကို ျမစ္ရဲ့ ေအာက္ေျခမွာ ေတြ႕ခဲ့တာကို ေျပာျပခဲ့ပါေသးတယ္။
ဂ်ိဳးဇက္ဖက္စ္ ဖေလးဗီးယက္စ္ ေခၚသူ ရိုမန္ သမိုင္းပညာရွင္က ကိုယ္တိုင္ကိုယ္က် ဧရာမလူသားေတြကိုေတြ႕ခဲ့တဲ့သူေတြရဲ့ သက္ေသခံခ်က္ေတြကို ကူးယူေဖာ္ျပခဲ့ပါတယ္။ဒီ ျမင္ေတြ႕ခဲ့တဲ့သူေတြက ဧရာမလူသားေတြရဲ့မ်က္ႏွာေတြဟာ ပုံမွန္လူေတြရဲ့ မ်က္ႏွာနဲ႔ ကြဲျပားျခားနားၿပီး ဒီျမင့္မားတဲ့လူသားေတြဟာ မိုးၿခိမ္းသံကဲ့သို႔ အသံနက္နက္ႀကီးေတြ ပိုင္ဆိုင္ၾကတယ္လို႔ ေျပာၾကားၾကပါတယ္။
ခရစ္ယာန္ဘာသာရဲ့ အေစာပိုင္းေခတ္ေတြမွာ ဘုန္းႀကီးေတြက အာဒံရဲ့ အရပ္ဟာ ၁၃ ေပ၊ သို႔မဟုတ္ ၄ မီတာခန႔္ရွိၿပီး ဧ ဝကေတာ့ နည္းနည္းပုကာ ၁၀ ေပ သို႔မဟုတ္ ၊ ၃ မီတာခန႔္ရွည္တယ္လို႔ ယုံၾကည္ၾကကာ ထိုေရးသားခ်က္ေတြကေတာ့ ဗာတီကန္ရဲ့ ေမာ္ကြန္းတိုက္ေတြမွာ ရွိပါတယ္။
Ref:youtube
Trans:thegeektext