TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ဧရာမလူသားများဆောက်လုပ်ခဲ့ကြသည်ဟုယူဆထားသောနေရာများ

အာရဗစ် လက်ရေးမူ ကျမ်းစာတွေမှာတော့ ဂျူပီတာရဲ့ ဘုရားကျောင်းဆောင်အနေဖြင့် ဆောက်ခဲ့ကြပြီး ရေကြီးမှု ပြီးပြီးချင်းမှာ နင်းရော့တ် ဘုရင်ရဲ့အမိန့်ဖြင့် ဧရာမလူသားတွေ ဆောက်ခဲ့ကြတယ်လို့ဆိုပါတယ်။
ရှေးဟောင်းမြို့တော် တီအိုတီဟွာကန် သို့မဟုတ် နတ်ဘုရားတွေရဲ့မြို့တော်ဟာ မက္ကဆီကို မြို့ရဲ့ ၃၁ မိုင်အကွာမှာ တည်ရှိပြီး တစ်မြို့လုံးဟာ ဧရာမ ကျောက်တုံးတွေနဲ့ ပြည့်နှက်နေပါတယ်။

လူပြောအများဆုံး သမိုင်းဆိုင်ရာ အဖြစ်အပျက်တွေအရ ဒိမြို့တော်ကြီးဟာ လူသားတွေကို နတ်ဘုရားအဖြစ်ပြောင်းလဲပေးဖို့အတွက် ဧရာမလူသားတွေ တည်ဆောက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
သူ့ရဲ့ မြေပြင်ပုံစံဟာ နေအဖွဲ့အစည်းပုံစံအတိုင်းတည်ဆောက်ထားပြီး အလယ်မှာရှိတဲ့ အဆောက်အအုံကိုတော့ နေအဖြစ် တည်ဆောက်ထားတာပါ။
နေနဲ့ သင့်လျော်တဲ့ အကွာအဝေးမှာတော့ ဂြိုဟ်တွေကို ကိုယ်စားပြုထားတဲ့ ဘုရားကျောင်းတွေပါပြီး လူသားတွေ ၁၉၃၀ ခုနှစ်မှ တွေ့ရှိခဲ့တဲ့ ပလူတို ဂြိုဟ်အတွက်တောင် ပါပါသေးတယ်။

ဆိုလိုတာကတော့ ဒီနေရာဒေသမှာ နေထိုင်ကျင်လည်ကြတဲ့ လူအများစုဟာ ရှေးခေတ်အချိန်ကတည်းက နက္ခတ္တဗေဒ အကြောင်းကို သိနှင့်နေတာဖြစ်ပါတယ်။ဧရာမလူသားတွေ တည်ဆောက်ခဲ့တဲ့ အရာဝတ္ထုတွေသာမက အီဂျစ်မှ စဖင့်ရုပ်ထုများ၊ stonehengeကျောက်တုံးများ၊ အီစတာကျွန်းမှာရှိတဲ့ ကျောက်တုံးရုပ်ထုများ၊ နှင့် နတ်ဘုရားတွေရဲ့ တီဘက်တန်မြို့ပါ ပါဝင်ပါသေးတယ်။
ဒီ အဆောက်အအုံတွေဟာ သူတို့ကိုယ်တိုင်ပင် အံ့သြစရာကောင်းနေတာမဟုတ်ပဲနဲ့ သူတို့အချင်းချင်းရဲ့ ဂျီသြမေတြီဆိုင်ရာ ဆက်သွယ်မှု ဟာလည်း အံ့အားသင့်စရာပါပဲ။

ဥပမာအားဖြင့် နတ်ဘုရားတွေရဲ့မြို့တော် တီဘက်တန်ကနေ အီဂျစ်က စဖင့်ရုပ်ထု၊ ဒီနောက် အီစတာကျွန်းတွေစီ မျဥ်းတစ်ကြောင်း၊ ဒီနောက် တီဘက်တန်မြို့ကနေ မက္ကဆီကိုက ပိရမစ်တွေဆီကိုတစ်ကြောင်း ဆွဲလိုက်ရင် ထိုမျဥ်းရဲ့နောက်ဆုံးမှတ်တွေဟာ ကမ္ဘာာမျက်နှာပြင်ရဲ့ လေးပုံတစ်ပုံတိတိ ကွာဝေးပါတယ်။
ထို့အတူ တီဘက်တန်မြို့ကနေ stonehengeကျောက်တုံးတွေကို ကတော့ ဒီအကွာအဝေးကို ထက်ဝက်ပိုင်းနေပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext