TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ဧရာမလူသားဘဝမှအရွယ်အစားသေးသွားရပုံ

ဧရာမလူသားတွေဖြစ်နေတဲ့ ယခုခေတ် ကျွန်တော်တို့လူတွေရော ဘယ်လိုလဲ။
တစ်ယောက်ကတော့ ဒီဧရာမလူသားတွေရဲ့ အသက်ရှင်နေမှုနှင့် ပျောက်ကွယ်သွားမှုတွေဟာ ဓာတ်ရောင်ခြည် ကပ်ဘေးနဲ့ ဆက်စပ်နေတယ်လို့ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီက ကြီးမားတဲ့ ဂြိုဟ်သိမ်ဟာ ကမ္ဘာကို ချဥ်းကပ်ခဲ့ပြီး ထိုဂြိုဟ်သိမ်ရဲ့လမ်းကြောင်းဟာ ယခုတွေ့မြင်နေရတဲ့ လကို လမ်းကြောင်းပြောင်းသွားတယ်လို့ အထောက်အထားရှိခဲ့ပါတယ်။

ထို့အတူ ၎င်းဟာ ကမ္ဘာရဲ့ ဂြိုဟ်တုတစ်ခု ဖြစ်သွားပါတယ်။ ဒိအဖြစ်အပျက်ကြောင့် ကျွန်တော်တို့ ကမ္ဘာမှာရှိတဲ့ မြေဆွဲအားဟာ သိသိသာသာကို အားလျော့သွားပြီး ဧရာမလူသားတွေပေါ်ပေါက်လာခဲ့တယ်လို့ဆိုပါကာ
ဒီနောက်သူတို့ဟာ အသင့်အတင့် အဆင့်မြင့်တဲ့ ယဥ်ကျေးမှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။

နှစ်ထောင်ပေါင်း သန်းပေါင်းကြာပြီးတဲ့နောက် ဒီဂြိုဟ်ထုဟာ သူ့ရဲ့ ဝင်ရိုးကနေ ရွေ့လျားသွားပြီး ပေါက်ကွဲသွားပါတယ်။
သူ့ရဲ့ အကြွင်းအကျန်တွေက ကမ္ဘာပေါ်ကို လွင့်စင်လာခဲ့ပါတယ်။
ဒီကပ်ဘေးမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့လူတွေဟာ ပြောင်းလဲမှုတွေနဲ့ လိုက်လျောညီအောင်နေထိုင်ခြင်းတို့ကြောင့် အရွယ်အစားအားဖြင့် သေးလာတာပါ။

ထို့အတူ ကမ္ဘာကြီးရဲ့ မြေဆွဲအားဟာလည်း ပြောမပြနိုင်အောင် ကြီးမားလာပြီး အိုဇုန်းလွှာဟာလည်း ခုနှစ်လွှာတိုင်အောင်လျော့ကျခဲ့ပါတယ်။ ဒီအပြင် နေရောင်ခြည်လွှင့်ထုတ်မှူအတွက်လည်း မကောင်းတဲ့ သက်ရောက်မှုတွေ များလာခဲ့ပါတယ်။
အခုဆိုရင် ခန္ဓာကိုယ်သေးတာဟာ စုစုပေါင်း မျက်နှာပြင် ဧရိယာ သေးတာကိုဆိုလိုတာကြောင့် နေရဲ့ ရောင်ခြည်တွေ ထိတွေ့မှုကို နည်းစေပါတယ်။

တစ်ချို့သုတေသီတွေဟာ ကပ်ဘေးမကျရောက်မီအချိန်မှာ ကမ္ဘာရဲ့ လေထုဟာ အောက်ဆီဂျင်ပမာဏ ၁.၅ ဆခန့်ပိုများနေတယ်ဆိုကြကာ
အခုဆိုရင် ကြီးမားတဲ့ သတ္တဝါတွေဟာ အောက်စီဂျင်ပမာဏ ပိုလိုအပ်တာကြောင့် ဒါဟာ ဧရာမ အပင်တွေ တိရစ္ဆာန်တွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း တွေရဲ့ အဖြေဖြစ်ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext