TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ဧရာမဆူနာမီလှိုင်းလုံးကြီးတွေဖြစ်လာစေနိုင်တဲ့ hilina slump

ဟာဝိုင်အီကျွန်းကကယ်လိုဝေအာမီးတောင်ကနေပဲ့ကျမလိုဖြစ်နေတဲ့အပိုင်းကတကယ်ကိုအန္တရာယ်များတဲ့နေရာပါ။အဲ့ဒီနေရာကိုဟယ်လီနာစလမ့်လို့ခေါ်ပါတယ်။

အဲ့ဒါက၂၉၀၀ကုဗမိုင်လောက်ရှိတဲ့ကျောက်ဆောင်ကြီးကိုပစိဖိတ်သမုဒ္ဒရာထဲကိုကျစေနိုင်ပါတယ်။အဲ့လိုဖြစ်လာပြီဆိုရင်တော့ဧရာမဆူနာမီလှိုင်းလုံးကြီးတွေဖြစ်လာပြီးမြောက်အမေရိကရဲ့အနောက်ဘက်ကမ်းခြေဆီကိုနာရီပိုင်းအတွင်းရောက်သွားနိုင်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း၁၂၀၀၀၀လောက်တုန်းကဟာဝိုင်အီကမာနိုလိုအာအနီးမှာအလားတူကိစ္စမျိုးဖြစ်ဖူးခဲ့ပြီးတော့လှိုင်းလုံးကြီးတွေကကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးတွေထဲကတစ်ခုဖြစ်တဲ့တိုင်ပေမိုးမျှော်တိုက်ကြီးလောက်ကိုမြင့်ပါတယ်။

အခုဆိုရင်အဲ့ဒီစလမ့်ကတခြားသမုဒ္ဒရာတွေထဲကစလမ့်တွေထက်ပိုပြီးမြန်မြန်ပုံပျက်လာပါပြီ။ကျောက်ရည်ပူတွေကနေတွန်းထုတ်လာတာကြောင့်တစ်နှစ်ကိုလေးလက်မလောက်ပင်လယ်ဘက်ကိုတိုးတိုးလာတာပါ။

ဒါပေမယ့်ဘူမိဗေဒပညာရှင်တွေကတော့ဆူနာမီလှိုင်းတွေဖြစ်ဖို့အလားအလာသိပ်မရှိဘူးလို့ပြောထားတာပါ။ဘာလို့လဲဆိုရင်စလမ့်တွေကိုကုန်းမြေကျဉ်းလေးပေါ်မှာကျားကန်ထားတာဖြစ်လို့မီးတောင်ကခွဲထွက်သွားမှာကိုကာကွယ်ပေးထားလို့ပါပဲ။
ref:youtube
trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■ဧရာမဆူနာမီလွိုင္းလုံးႀကီးေတြျဖစ္လာေစနိုင္တဲ့ hilina slump
ဟာဝိုင္အီကၽြန္းကကယ္လိုေဝအာမီးေတာင္ကေနပဲ့က်မလိုျဖစ္ေနတဲ့အပိုင္းကတကယ္ကိုအႏၲရာယ္မ်ားတဲ့ေနရာပါ။အဲ့ဒီေနရာကိုဟယ္လီနာစလမ့္လို႔ေခၚပါတယ္။
အဲ့ဒါက၂၉၀၀ကုဗမိုင္ေလာက္ရွိတဲ့ေက်ာက္ေဆာင္ႀကီးကိုပစိဖိတ္သမုဒၵရာထဲကိုက်ေစနိုင္ပါတယ္။အဲ့လိုျဖစ္လာၿပီဆိုရင္ေတာ့ဧရာမဆူနာမီလွိုင္းလုံးႀကီးေတြျဖစ္လာၿပီးေျမာက္အေမရိကရဲ့အေနာက္ဘက္ကမ္းေျခဆီကိုနာရီပိုင္းအတြင္းေရာက္သြားနိုင္ပါတယ္။
လြန္ခဲ့တဲ့ႏွစ္ေပါင္း၁၂၀၀၀၀ေလာက္တုန္းကဟာဝိုင္အီကမာနိုလိုအာအနီးမွာအလားတူကိစၥမ်ိဳးျဖစ္ဖူးခဲ့ၿပီးေတာ့လွိုင္းလုံးႀကီးေတြကကမၻာ့အျမင့္ဆုံးအေဆာက္အဦးေတြထဲကတစ္ခုျဖစ္တဲ့တိုင္ေပမိုးေမၽွာ္တိုက္ႀကီးေလာက္ကိုျမင့္ပါတယ္။
အခုဆိုရင္အဲ့ဒီစလမ့္ကတျခားသမုဒၵရာေတြထဲကစလမ့္ေတြထက္ပိုၿပီးျမန္ျမန္ပုံပ်က္လာပါၿပီ။ေက်ာက္ရည္ပူေတြကေနတြန္းထုတ္လာတာေၾကာင့္တစ္ႏွစ္ကိုေလးလက္မေလာက္ပင္လယ္ဘက္ကိုတိုးတိုးလာတာပါ။
ဒါေပမယ့္ဘူမိေဗဒပညာရွင္ေတြကေတာ့ဆူနာမီလွိုင္းေတြျဖစ္ဖို႔အလားအလာသိပ္မရွိဘူးလို႔ေျပာထားတာပါ။ဘာလို႔လဲဆိုရင္စလမ့္ေတြကိုကုန္းေျမက်ဥ္းေလးေပၚမွာက်ားကန္ထားတာျဖစ္လို႔မီးေတာင္ကခြဲထြက္သြားမွာကိုကာကြယ္ေပးထားလို႔ပါပဲ။
ref:youtube
trans:thegeektext