■ဦးခေါင်းရှစ်ခေါင်းနဲ့ မြွေကြီးရဲ့ကိုယ်အတွင်းမှရရှိထားသော ဂျပန်နိုင်ငံမှ Kusangi ဓား

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ဦးခေါင်းရှစ်ခေါင်းနဲ့ မြွေကြီးရဲ့ကိုယ်အတွင်းမှရရှိထားသော ဂျပန်နိုင်ငံမှ Kusangi ဓား

ဂျပန်ရဲ့ရှေးရိုးစဉ်လာ ဒဏ္ဍာရီထဲမှာတော့ ဒီကူဆန်နာဂီဓားကို မြွေကြီးရဲ့ ခန္ဓာကိုယ်ထဲက ရရှိခဲ့တယ်လို့ ဆိုပါတယ်။မိုးကြိုးနဲ့ ပင်လယ်ရဲ့နတ်ဘုရားက ဦးခေါင်းရှစ်ခေါင်းနဲ့ မြွေကြီးကိုသတ်ပစ်ပီး ဓားကို ရရှိခဲ့တယ်လို့ ယုံကြည်ကြပါတယ်။

ယခုအခါမှာတော့ ဓားက ဂျပန်ရဲ့ရတနာသုံးခုထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး ကျန်တဲ့နှစ်ခုက တော့ မှန်နဲ့ ကျောက်မျက်ရတနာတို့ ဖြစ်ပါတယ်။အဓိကသူတော်ကောင်းတရားသုံးခုအတွက် ဒီအရာဝတ္ထုသုံးခုက အလွန်အရေးပါတဲ့နိမိတ်လက္ခဏာကို ဆောင်ပါတယ်။

ကျောက်မျက်ရတနာကတော့ သနားဂရုဏာဖြစ်ပြီး မှန်ကအရေးပါတဲ့ ဉာဏ်ပညာဖြစ်ကာ ဓားကတော့ ရဲရင့်ခြင်းကိ ကိုယ်စားပြုပါတယ်။ယုံကြည်ကြတာတော့ ဒီအသုံးအဆောင်ပစ္စည်းတွေကို နေနတ်ဘုရားက ဂျပန်ရဲ့အင်ပါယာမိသားစုကို လက်ဆောင်အနေနဲ့ ပေးခဲ့တာပါ။

ဒါကြောင့် ဒါဟာ တော်ဝင်ဆက်သွယ်ချက်ဖြစ်ပြီး ဓားကိုလည်း တခါတရံ အိတ်စ်ကလာပါ ဓားနဲ့ တခြားရာဇဝင်ထဲကဓားတွေနဲ့ နှိုင်းယှဉ်ခံရပါတယ်။သင်္ကေတအားလုံးဟာ ဘုရားသခင်နဲ့နတ်တွေမှ ဂျပန်တော်ဝင်မိသားစုအတွက် ပေးအပ်နှင်းခဲ့တာဖြစ်ကာ ဒါပေမဲ့ အများပြည်သူကတော့ တခါမှသေချာ မမြင်ဘူးတဲ့အတွက် တကယ်ရှိတယ်လို့ မယုံကြည်ကြသလို ကူဆန်နာဂီဓားကို မင်းအခမ်းအနားပြုလုပ်ချိန်မှသာ အလွန်ပြီးပြည့်စုံတဲ့ကာကွယ်မှုပြုလုပ်ထားတဲ့ဓားအိမ်နဲ့ထုတ်ပြီး သယ်ဆောင်ကြတာပါ။

ကဲ ဘယ်လိုမြင်ကြလဲ ပရိသတ်ကြီးရေ။ ဓားကတကယ်ရော ရှိပါ့မလား။
ref:youtube
trans:thegeektext

zawgyi







ref:youtube
trans:thegeektext