
News Social News World

အမေရီကန် တရုတ် နည်းပညာ တိုက်ပွဲက အခုမှ စမှာပါ…( လင်းယုန်နဲ့ နဂါး ပွဲကတော့ ကြည့်ကောင်းအုံးမှာပေါ့ )

လူတွေထင်နေတာက တရုတ်နိုင်ငံကနည်းပညာအရမ်းမြင့်နေပြီ အမေရိကန်ကိုတောင်စိန်ခေါ်နေပြီ ဘာညာ အထူးသဖြင့်ကွန်မြူနစ်ယိမ်းတဲ့သူတွေ မြန်မာပြည်မှာရောစလုံးအချို့မှာရော တွေရပါတယ်။အမေရိကားတို့ EU နိုင်ငံတွေမှာနေတဲ့ တရုတ်လူမျိုးတွေရော အလည်အပတ်ရောက်ဖူးတဲ့သူတွေရော တရုတ်ပြည်နည်းပညာအရမ်းမြင့်နေတယ်ဆိုတာကိုလက်မခံကျပါဘူး၊လွန်ခဲ့တဲ့ ၁၅နှစ်က ကျွန်တော့ဆရာပြောဘူးတယ် “အမေရိကန်က သိပ်အရေးမကြီးတဲ့နည်းပညာကိုဖွင့်ချလိုက် တရုတ်ကလိုက်လုပ်လိုက်နဲ့ အချိန်ဆွဲထားတာကွ”

တရုတ်ပြည်မှာပြောလေ့ပြောထရှိတဲ့စကားတစ်ခုရှိတယ်။ We want easy money,we don’t want difficult money.တဲ့။လွယ်လွယ်ကူကူရှာလို့ရတဲ့ငွေကိုပဲလိုချင်တယ်။ ခက်ခက်ခဲခဲရှာရတဲ့ငွေကိုမလိုချင်ဘူးတဲ့။ဥပမာ ချန်ဂန်း SUV ကားထုတ်မယ်ဆိုရင် ကားတစ်စီးလုံးရဲ့နည်းပညာ တရုတ်မှာမရှိဘူး။ အမေရိကန် Ford ကားကုပ္ပနီက Ford China ဆိုတဲ့နာမည်နဲ့တရုတ်ပြည်မှာစက်ရုံဆောက်တယ်။ နည်းပညာအရေးမပါတာတွေကို တရုတ်ပြည်မှာ လုပ်သားအင်အားနဲ့ထုတ်တယ်။နည်းပညာအရေးကြီးတဲ့partsတွေကို အမေရိကားကနေပို့တယ်။

စက်ရုံအကြမ်းထည်နဲ့ကားလျောက်လမ်းတွေကိုတရုတ်ပြည်ကလုပ်တယ်။ပိုက်ဆံရတယ်။စက်ရုံအထဲမှာကားထုတ်တဲ့စက်ရုပ်တွေက (ABB ဆွီဒင်) (KURA ဂျာမနီ) အမေရိကန် နဲ့ဂျပန် (Robot Arm)တွေတရုတ်က နည်းပညာအကာပဲလုပ်တယ် အနှစ်ကိုမလုပ်ဘူး။အဲဒီ Ford SUV ကိုပဲ ဒီဇိုင်းဝိတ်လျောပြီး စျေးသက်သာအောင် Changan ဆိုပြီးတရုတ်တံဆိပ်နဲ့ထုတ်တယ်။ ပြောချင်တာက နည်းပညာအနှစ်က တရုတ်လက်ထဲမှာမရှိဘူး။ကွန်ပျူတာတွေ ဖုန်းတွေ PLC တွေ Software တွေစတဲ့အီလက်ထရောနစ်ပစ္စည်းတွေလည်းဒီအတိုင်းပဲ လွယ်ပြီးငွေဖြစ်လွယ်တဲ့အပိုင်းကိုပဲလူအင်အားနဲ့လုပ်တယ်။

( Siemens (ဇီးမန်း) PLC ရဲ့ software လိုင်စင်တစ်ခုကို ဒေါ်လာ 4500 လောက်ပေးရပါတယ် Donkey လို့ခေါ်တဲ့ USB key နဲ့လိုင်စင်ကိုထိန်းထားတယ် တစ်ခြား Module တွေအတွက် software လိုရင် key ထပ်ဝယ်ရတယ်..တရုတ်ပြည်မှာတွေ့ဖူးသမျှလိုင်စင်ဝယ်မသုံးကျဘူး hack ပြီးခိုးသုံးတယ် ညာဏပစ္စည်းမူပိုင်ခွင့်ချိုးဖောက်တာပဲ..တရုတ်ပြည်စက်ရုံတော်တော်များများ Siemens (China)PLC သုံးကျတယ် မူရင်းကုပ္ပနီအတွက်အရမ်းနစ်နာပါတယ်။

အခုအမေရိကန် နဲ့တရုတ်နည်းပညာတိုက်ပွဲမှာ TSMC ဆိုတဲ့ထိုင်ဝမ်နည်းပညာကုပ္ပနီက အဓိကနေရာကပါဝင်နေတယ်။Semiconductor ဆိုတဲ့ တပိုင်းလျှပ်ကူးပစ္စည်းထုတ်တဲ့စက်ရုံပါ။အဝတ်လျော်စက် ဟန်းဖုန်းကနေ F32 ဂျက်တိုက်လေယဉ်အထိ အရေးပါတဲ့ (Microprocessor) တွေကိုဒီစက်ရုံကထုတ်ပါတယ်။ Microprocessor ဆိုတာတစ်လက်မပတ်လည်လောက်ရှိတဲ့ Chip ပြားထဲမှာ Transistor ပေါင်းမြောက်များစွာပါဝင်တဲ့နည်းပညာမြင့်ပစ္စည်းဖြစ်တယ်။ နည်းပညာပိုမြင့်လေ Transistor များများထည့်နိုင်လေ 01 တွေပိုများလာလေ အီလက်ထရောနစ်ပစ္စည်းတွေရဲ့လုပ်ဆောင်နိုင်စွမ်းပို့မြင့်လာလေဖြစ်ပါတယ်။

တရုတ်က ဟွားဝေတို့ 5G တို့အော်နေပေမယ့် အထဲမှာအရေးအကြီးဆုံးက ဘယ်လောက်နည်းပညာမြင့်တဲ့ Microprocessor ကိုသုံးထားလဲဆိုတာပါပဲ။ကွန်ပျူတာတွေမှာသုံးတဲ့ Intel ဆိုရင် Microprocessor ဒီဇိုင်းကိုအမေရိကားမှာဆွဲတယ် ထိုင်ဝမ်က TSMC မှာထုတ်တယ်။အခု2022 အထိထုတ်နေတာက 3nanometer နည်းပညာ 0.00…..3 ဒသမနောက်မှာသုညအလုံးပေါင်း 9 လုံး ပြီးမှ3 အထိသေးတဲ့transistor နည်းပညာ လူ့ဆံပင်ရဲ့ အပုံ 10000 ပုံ 1ပုံအထိသေးတဲ့ transistorနည်းပညာဖြစ်ပါတယ်။

ပစ္စည်းထုတ်လုပ်တဲ့သူက ထိုင်ဝမ် TSMC အဲဒီ TSMC လိုအပ်တဲ့ EUV စက်တွေကို တီထွင်ပေးတာက ASMT နယ်သာလန်ကုပ္ပနီစက်တစ်လုံးရဲ့တန်ဖိုးက ဒေါ်လာ သန်း300 ကျော် ရှိတယ် ASMT ကလက်ရှိ Intel, Samsaung နဲ့ TSMC ကိုပဲအဲဒီစက်တွေရောင်းတယ် တရုတ်ကိုမရောင်းသေးပါဘူး။နည်းပညာကလည်း တကယ်လုပ်ရင်တကယ်ကိုခက်ခဲပါတယ်။ ဆေးရုံသုံး စက်တစ်ခုတီထွင်ပြီး လူနာကိုခွဲခန်းထဲမှာသွားစမ်းကြည့်ပါလား နည်းပညာဘယ်လိုခက်ခဲကြောင်းသိလာရမယ်။

ဒီနေ့အထိ တရုတ်က အဆင့်မြင့်ဆေးရုံသုံးစက်တွေ မတီထွင်နိုင်သေးပါဘူး။မလေးရှား ဂျိုဟိုးမှာ ဟန်းဖုန်းစက် အစိတ်အပိုင်းစက်ရုံမှာလုပ်တုန်းက ဂျပန် CNC စက်တွေကိုသုံးတယ်။ ဆားကစ်ဘုတ်ကောင်းမကောင်းပြန်စစ်တဲ့စက်က ဂျပန်စက်ပဲ စက်ကိုလာဆင်တယ် GPS sensor တပ်ထားတယ် စက်ကိုတွန်းလိုက်တာ ဒါမှမဟုတ်နေရာရွေ့လိုက်တာနဲ့ သုံးမရတော့ဘူး Software Lock ကျသွားတယ် သူတို့နည်းပညာကို တရုတ်ကိုမရောက်အောင်ထိန်းထားတာပါ။

အခုထိုင်ဝမ်ကို Silicon Wafer အတွက်လိုအပ်တဲ့ကုန်ကြမ်းသဲကို တရုတ်ကပိတ်လိုက်ပြီ။အမေရိကန်က ငါတို့နည်းပညာငါတို့ဆီပြန်လာရမယ်ဆိုပြီး ထရန့်လက်ထက်ကတည်းက Samsaung နဲ့ TSMC ကိုအမေရိကန်မြေမှာ စက်ရုံပြန်လာဆောက်ဖို့ပြောပြီးသား အခုဆောက်နေပြီ။2024 အရီဇိုးနားမှာ အမေရိကန်နဲ့ TSMC 2 nanometer ထုတ်မယ်။အခုအချိန်မှာတရုတ်က ကိုယ်ပိုင် Chipပြားထုတ်မှရတော့မယ် ..တရုတ်က Microprocessor နည်းပညာမှာအမေရိကန်နောက် နှစ်ပေါင်းများစွာနောက်ကျနေပါသေးတယ်။

နယ်သာလန် ASML ကလည်း NATO နိုင်ငံဆိုတော့ နည်းပညာခိုးတဲ့တရုတ်ကိုသူ့စက်တွေမရောင်းဖို့များတယ်။တရုတ်နိုင်ငံ Microprocessor ကိုကိုယ်တိုင်ထုတ်လုပ်နိင်မလား။ Microcontroller.ပါတဲ့တရုတ်အီလက်ထရောနစ်ပစ္စည်းတွေ စျေးပေါပေါနဲ့ ကမ္ဘာကိုဖြန့်နိုင်အုံးမလား။ တရုတ်စစ်လက်နက်ပစ္စည်းတွေအတွက် Microprocessor တွေဘယ်ကရမလဲဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတွေဖြစ်နေပါပြီ။
Credit..Thomas win

ယူနီကုဒ်











Credit..Thomas win

Crd