






Unicode

အမေရီကန်လေတပ်၏ ထပ်မံ ထုတ်ဖော်ပြသတော့မည့် ခေတ်မှီ ဗုံးကြဲလေယာဉ်သစ် B-21 …

အမေရီကန်လေတပ်သည် ဒီဇင်ဘာလအတွင်း B-21ဗုံးကြဲလေယာဉ်အသစ်ကို ထုတ်ဖော်ပြသဖွယ်ရှိတယ်လို့ သိရပါတယ်။ B-21တိုက်လေယာဉ်တွေဟာ အမေရီကန်ရဲ့ နောက်ဆုံးထွတ်ပေါ်လာတဲ့ ဗုံးကြဲလေယာဉ်အမျိုးအစားတွေဖြစ်ပြီး

အနာဂါတ်မှာ B-2နဲ့ B1Bတွေနေရာမှာ အစားထိုးအသုံးပြုသွားဘို့ ရှိတယ်လို့ လေ့လာသူတွေက ခန့်မှန်းကြပါတယ်။ B-21တွေရဲ့ ပထမဦးဆုံးပြန်သန်းမှုကိုတော့ လာမယ့်နှစ်မှာ ပြုလုပ်သွားဖွယ်ရှိပါတယ်။

ဒါဆိုရင် အမေရီကန်ဟာ B-52, B-2, B-1Bနဲ့ B-21ဗုံးကြဲလေယာဉ်တွေ အသုံးပြုနိုင်တဲ့ အနေအထားရောက်လာတော့မှာပါ။ အဲဒီအထဲက အနည်းဆုံးနှစ်မျိုးကို ပစိဖိတ်ဒေသမှာ ချထားဘွယ်ရှိတယ်လို့ တရုတ်က ခန့်မှန်းထားပါတယ်။

ဒါကြောင့်မို့လို့ တရုတ်အနေနဲ့လည်း H-20နဲ့ H-6ဗုံးကြဲလေယာဉ်တွေကိုလည်း အခုထက် ခေတ်မီအောင် ပြင်ဆင်သင့်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူ Zhang Xuefengပြောဆိုလိုက်တယ်လို့သိရပါတယ်။

Crd..နိုင်ငံတကာ သတင်းများ

Crd