အေမရိကန္ NDAA အက္ဥပေဒ ေနျပည္ေတာ္ဗိုလ္ခ်ဳပ္မ်ား ကတုန္ကရင္ျဖစ္ေနဟုဆို

အေမရိကန္ NDAA အက္ဥပေဒ ေနျပည္ေတာ္ဗိုလ္ခ်ဳပ္မ်ား ကတုန္ကရင္ျဖစ္ေနဟုဆို

အေမရိကန္ NDAA အက္ဥပေဒ ေနျပည္ေတာ္ဗိုလ္ခ်ဳပ္မ်ား ကတုန္ကရင္ျဖစ္ေနဟုဆို
27 Dec 2022 By MPAလုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္ကို မႈစရာမလိုေၾကာင္း စစ္ေကာင္စီတပ္တြင္း၌ အရာရွိႀကီးအခ်ိဳ႕က လက္သီးလက္ေမာင္းတန္း ေျပာဆိုမႈရွိေသာ္လည္း ေႏြဦးေတာ္လွန္ေရးအား ပံ့ပိုးေပးမည့္ အေမရိကန္ NDAAအက္ဥပေဒအေၾကာင္းကိုမူ ထုတ္ေဖာ္ေျပာၾကားျခင္းလုံးဝ မရွိေၾကာင္း သိရသည္။
ဒီဇင္ဘာ၂၁ရက္ေန႔တြင္ ကုလသမဂၢလုံၿခဳံေရးေကာင္စီက ျမန္မာအေရးဆုံးျဖတ္ခ်က္-၂၆၆၉ ထြက္ ေပၚလာၿပီးေနာက္ ေအာက္ေျခတပ္ရင္းမ်ား၌ တပ္အရာရွိႀကီးတို႔က လုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္ ကိုဂ႐ုစိုက္စရာမလိုေၾကာင္း တပ္တြင္း အရာရွိ၊အရာခံဗိုလ္အဆင့္မ်ားအား ေျပာၾကားခဲ့ၿပီး အေမရိကန္အကူအညီေပးမည့္ NDAAဥပေဒကိုမူ အရာရွိႀကီးမ်ားကယေန႔ထိတိုင္ေျပာၾကားျခင္းမရွိ ေၾကာင္း CDMဗိုလ္ႀကီးတစ္ဦးကေျပာသည္။
“ေနျပည္ေတာ္ကေနၿပီး လုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္ကို ေျပာခိုင္းတယ္လို႔ထင္တယ္။လုံၿခဳံေရး ေကာင္စီက ဆုံးျဖတ္ခ်က္ခ်ၿပီး အာေခ်ာင္တာပဲရွိတယ္။ဘာမွ လာလုပ္လို႔မရဘူးေပါ့။NDAA ဥပေဒ ကိုလည္း ေနျပည္ေတာ္ကေနၿပီး မေျပာခိုင္းလို႔ မေျပာတာလို႔ နားလည္ရတယ္။NDAA ကို ေနျပည္ ေတာ္က ဗိုလ္ခ်ဳပ္ေတြ ကတုန္ကရင္ျဖစ္ေနတယ္လို႔ ၾကားတယ္”ဟု ၎ကေျပာသည္။
NDAAအက္ဥပေဒတြင္ ဒီမိုကေရစီအင္အားစုမ်ားကို ကူညီေထာက္ပံ့ျခင္းအျပင္ CDMစစ္သားမ်ားကို ပါ ကူညီျခင္းႏွင့္ စစ္ေကာင္စီကို ထိေရာက္စြာပိတ္ဆို႔မည့္အစီအစဥ္မ်ားပါဝင္ေသာေၾကာင့္ စစ္တပ္ တြင္း မေျပာခိုင္းျခင္းျဖစ္ႏိုင္ေၾကာင္း ၎ကေျပာသည္။
“အရင္တုန္းကစစ္တပ္မဟုတ္ေတာ့ဘူး။အကုန္ေဖ့စ္ဘြတ္ခ္သုံးေနေတာ့ NDAA ဆိုတာဘာမွႏ္ူ ေသခ်ာမသိေပမဲ့ မအလ ေဒၚလာမရေအာင္ပိတ္ဆို႔မယ္တို႔ CDM စစ္သားေတြကို ကူညီမယ္တို႔ ဆို တာေလာက္သိၾကတယ္။အဲဒီလိုပိတ္တာေတြကူတာေတြပါလို႔ စစ္တပ္ထဲ NDAAလည္း ဂ႐ုစိုက္စ ရာမလိုဘူးလို႔ မေျပာခိုင္းတာေနမွာ”ဟု ၎ကဆက္လက္ေျပာသည္။
အာဏာသိမ္းစစ္ေကာင္စီ၏ ႏိုင္ငံျခားေရးဝန္ႀကီးဌာနကမူ BURMA Act of 2022 ထည့္သြင္းထားေသာ အေမရိကန္NDAA အက္ဥပေဒကို ျပင္းထန္စြာကန႔္ကြက္ေၾကာင္း ယေန႔ ထုတ္ျပန္ခဲ့သည္။ဒီဇင္ဘာ၂၃ရက္ေန႔၊အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က အတည္ျပဳခဲ့သည့္ ၂၀၂၃ ဘ႑ာေရးႏွစ္အတြက္ အမ်ိဳးသားကာကြယ္ေရးအက္ဥပေဒ (National Defense Authorization Act–NDAA)အက္ဥပေဒတြင္ ျမန္မာ့အေရးေဖာ္ျပခ်က္မ်ားသည္ ျမန္မာျပည္တြင္းေရးကိုဝင္ေရာက္ စြက္ဖက္ျခင္းႏွင့္အခ်ဳပ္အျခာအာဏာကို ထိပါးရာေရာက္သျဖင့္ ျပင္းထန္စြာကန႔္ကြက္ေၾကာင္း စစ္ေကာင္စီႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။
“အခ်ဳပ္အျခာအာဏာကိုထိပါးတာက စစ္အုပ္စုပါ။ ျပည္သူေတြရဲ႕ အခ်ဳပ္အျခာအာဏာကို ေသနတ္နဲ႔ ထိပါးခဲ့တာ ၂ႏွစ္ျပည့္ဖို႔နည္းနည္းပဲလိုေတာ့တယ္”ဟု မဲေဆာက္ၿမိဳ႕ေရာက္ ႏိုင္ငံေရးအက်ဥ္းသား ေဟာင္းတစ္ဦးကေျပာသည္။NDAA အက္ဥပေဒတြင္ ျမန္မာ့ေႏြဦးေတာ္လွန္ေရးကို အေထာက္အပံ့ေပးေရးႏွင့္ စစ္ေကာင္စီကို ထိေရာက္စြာပိတ္ဆို႔အေရးယူေရးတို႔ပါဝင္ၿပီး စစ္ေကာင္စီအတြက္ ေဒၚလာဝင္ေငြအဓိကရေနေသာ ေရနံႏွင့္သဘာဝဓာတ္ေငြ႕လုပ္ငန္းကို အေမရိကန္က ပိတ္ဆို႔ အေရးယူလိမ့္မည္ဟု ကြၽမ္းက်င္သူတခ်ိဳ႕က ဆိုသည္။
အေမရိကန္ႏိုင္ငံက ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္ေသာစုံစမ္းစစ္ေဆးေရးယႏၲရား (Independent Investigative Mechanism for Myanmar – IIMM) သို႔ ေငြေၾကးေထာက္ပံ့မႈအေပၚလည္း ကန႔္ကြက္ေၾကာင္း စစ္ေကာင္စီ၏ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။
လုံၿခဳံေရးေကာင္စီ၏ျမန္မာ့အေရး ဆုံးျဖတ္ခ်က္-၂၆၆၉ ႏွင့္ပတ္သက္၍ လည္း စစ္ေကာင္စီ၊ႏိုင္ငံျခား ေရး ဝန္ႀကီးဌာနက ဒီဇင္ဘာ၂၃ရက္တြင္ ေၾကညာခ်က္ထုတ္ျပန္ကာယင္းဆုံးျဖတ္ခ်က္မ်ားသည္ကုလသမဂၢပဋိညာဥ္စာတမ္းႏွင့္ ညီၫြတ္ျခင္းမရွိေၾကာင္း တုံ႔ျပန္ကန႔္ကြက္ခဲ့ေသးသည္။crdMyanmar Pressphoto Agency
Unicodeအမေရိကန် NDAA အက်ဥပဒေ နေပြည်တော်ဗိုလ်ချုပ်များ ကတုန်ကရင်ဖြစ်နေဟုဆို
27 Dec 2022 By MPAလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို မှုစရာမလိုကြောင်း စစ်ကောင်စီတပ်တွင်း၌ အရာရှိကြီးအချို့က လက်သီးလက်မောင်းတန်း ပြောဆိုမှုရှိသော်လည်း နွေဦးတော်လှန်ရေးအား ပံ့ပိုးပေးမည့် အမေရိကန် NDAAအက်ဥပဒေအကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်းလုံးဝ မရှိကြောင်း သိရသည်။
ဒီဇင်ဘာ၂၁ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာအရေးဆုံးဖြတ်ချက်-၂၆၆၉ ထွက် ပေါ်လာပြီးနောက် အောက်ခြေတပ်ရင်းများ၌ တပ်အရာရှိကြီးတို့က လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ကိုဂရုစိုက်စရာမလိုကြောင်း တပ်တွင်း အရာရှိ၊အရာခံဗိုလ်အဆင့်များအား ပြောကြားခဲ့ပြီး အမေရိကန်အကူအညီပေးမည့် NDAAဥပဒေကိုမူ အရာရှိကြီးများကယနေ့ထိတိုင်ပြောကြားခြင်းမရှိ ကြောင်း CDMဗိုလ်ကြီးတစ်ဦးကပြောသည်။
“နေပြည်တော်ကနေပြီး လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ပြောခိုင်းတယ်လို့ထင်တယ်။လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက်ချပြီး အာချောင်တာပဲရှိတယ်။ဘာမှ လာလုပ်လို့မရဘူးပေါ့။NDAA ဥပဒေ ကိုလည်း နေပြည်တော်ကနေပြီး မပြောခိုင်းလို့ မပြောတာလို့ နားလည်ရတယ်။NDAA ကို နေပြည် တော်က ဗိုလ်ချုပ်တွေ ကတုန်ကရင်ဖြစ်နေတယ်လို့ ကြားတယ်”ဟု ၎င်းကပြောသည်။
NDAAအက်ဥပဒေတွင် ဒီမိုကရေစီအင်အားစုများကို ကူညီထောက်ပံ့ခြင်းအပြင် CDMစစ်သားများကို ပါ ကူညီခြင်းနှင့် စစ်ကောင်စီကို ထိရောက်စွာပိတ်ဆို့မည့်အစီအစဉ်များပါဝင်သောကြောင့် စစ်တပ် တွင်း မပြောခိုင်းခြင်းဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။
“အရင်တုန်းကစစ်တပ်မဟုတ်တော့ဘူး။အကုန်ဖေ့စ်ဘွတ်ခ်သုံးနေတော့ NDAA ဆိုတာဘာမှန်ူ သေချာမသိပေမဲ့ မအလ ဒေါ်လာမရအောင်ပိတ်ဆို့မယ်တို့ CDM စစ်သားတွေကို ကူညီမယ်တို့ ဆို တာလောက်သိကြတယ်။အဲဒီလိုပိတ်တာတွေကူတာတွေပါလို့ စစ်တပ်ထဲ NDAAလည်း ဂရုစိုက်စ ရာမလိုဘူးလို့ မပြောခိုင်းတာနေမှာ”ဟု ၎င်းကဆက်လက်ပြောသည်။
အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ BURMA Act of 2022 ထည့်သွင်းထားသော အမေရိကန်NDAA အက်ဥပဒေကို ပြင်းထန်စွာကန့်ကွက်ကြောင်း ယနေ့ ထုတ်ပြန်ခဲ့သည်။ဒီဇင်ဘာ၂၃ရက်နေ့၊အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြုခဲ့သည့် ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (National Defense Authorization Act–NDAA)အက်ဥပဒေတွင် မြန်မာ့အရေးဖော်ပြချက်များသည် မြန်မာပြည်တွင်းရေးကိုဝင်ရောက် စွက်ဖက်ခြင်းနှင့်အချုပ်အခြာအာဏာကို ထိပါးရာရောက်သဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“အချုပ်အခြာအာဏာကိုထိပါးတာက စစ်အုပ်စုပါ။ ပြည်သူတွေရဲ့ အချုပ်အခြာအာဏာကို သေနတ်နဲ့ ထိပါးခဲ့တာ ၂နှစ်ပြည့်ဖို့နည်းနည်းပဲလိုတော့တယ်”ဟု မဲဆောက်မြို့ရောက် နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးကပြောသည်။NDAA အက်ဥပဒေတွင် မြန်မာ့နွေဦးတော်လှန်ရေးကို အထောက်အပံ့ပေးရေးနှင့် စစ်ကောင်စီကို ထိရောက်စွာပိတ်ဆို့အရေးယူရေးတို့ပါဝင်ပြီး စစ်ကောင်စီအတွက် ဒေါ်လာဝင်ငွေအဓိကရနေသော ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို အမေရိကန်က ပိတ်ဆို့ အရေးယူလိမ့်မည်ဟု ကျွမ်းကျင်သူတချို့က ဆိုသည်။
အမေရိကန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism for Myanmar – IIMM) သို့ ငွေကြေးထောက်ပံ့မှုအပေါ်လည်း ကန့်ကွက်ကြောင်း စစ်ကောင်စီ၏နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လုံခြုံရေးကောင်စီ၏မြန်မာ့အရေး ဆုံးဖြတ်ချက်-၂၆၆၉ နှင့်ပတ်သက်၍ လည်း စစ်ကောင်စီ၊နိုင်ငံခြား ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ၂၃ရက်တွင် ကြေညာချက်ထုတ်ပြန်ကာယင်းဆုံးဖြတ်ချက်များသည်ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် ညီညွတ်ခြင်းမရှိကြောင်း တုံ့ပြန်ကန့်ကွက်ခဲ့သေးသည်။crdMyanmar Pressphoto Agency

Crd