
အမေရိကန် သံရုံးက ထုတ်ထားတာ မြန်မာထဲ နိုင်ငံ ခြားငွေစီးဆင်းဖို့ခက်ပြီ ( ကားတွေကြည့်ရောင်းကြပါ )

ပဲရစ်တွင်အခြေစိုက်သည့်ကမ္ဘာ့ဘဏ္ဍာရေးပုလိပ်ကြီး Financial Action Task Force ၏အစည်းအဝေးတွင် ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့၌ စတင်စည်း
ဝေးနေပြီး မြန်မာအား အီရန်နှင့်မြောက်ကိုရီးယား ပြီးလျှင် တတိယမြောက် နာမည်ပျက် အမည် စာရင်းထဲ ထည့်သွင်းဖို့ အရေး ဆွေးနွေးနေကြပြီဟု သိရသည်။ မြန်မာဟာ အာဏာမသိမ်းမှီနှစ်များက စီးပွားရေးတိုး
တက်မှု့နှုန်း ၁၀.၅ ရာနှုန်းဖြင့် ကမ္ဘာတွင်လျှင်မြန်စွာ တိုးတက်နေသော နိုင်ငံများ စာရင်းတွင် ပါဝင်ခဲ့သည်
ဟု Bloomberg News မှ ရေးသားထားသည်။

နောက်ထပ် ထွက်ပေါ်လာသော သတင်းအရ အောက်
တိုဘာလ ၁၄ ရက်နေ့ နေ့စွဲဖြင့် ရန်ကုန်ရှိ အမေရိကန် သံရုံးမှထုတ်ပြန်ခဲ့သော မြန်မာ နိုင်ငံ အတွက် USAID (နိုင်ငံတကာဖွံ့ဖြိုးမှုအမေရိကန်အေဂျင်စီ)၏ စာတွင် FATF ၏နာမည်ပျက်စာရင်းထဲ ထည့်သွင်းရန်ရှိနေတဲ့ အလားအလာများကြောင့် လူတဦးချင်းစီ၊ စီးပွားရေး လုပ်ငန်းများနှင့် အဖွဲ့အစည်း များသည် ဘဏ်စာရင်း
ဖွင့်လှစ်ခြင်း၊ ပြည်ပ ရှိ မြန်မာနိုင်ငံသားများ အတွက် နိုင်ငံတကာ တွင် ငွေပေးငွေယူ ပြုလုပ်ခြင်းများသည် အခက်အခဲရှိလာနိူင်၍ လိုအပ်သည်များ ကြိုတင်ပြင်
ဆင်နိူင်ရန် မိမိတို့၏ ပါတနာများကို အကြောင်း ကြားပါသည်ဟု ပါရှိလာခဲ့ပြီ ဖြစ်သည်။

Crd..Min Nyo 🇹🇼🇹🇼

Unicode

အမေရိကန် သံရုံးက ထုတ်ထားတာ – မြန်မာထဲ နိုင်ငံ ခြားငွေစီးဆင်းဖို့ခက်ပြီ-ကားတွေကြည့်ရောင်းကြပါ

Crd