အေမရိကန္အာကာသတပ္ဖြဲ႕က ေခြးစက္႐ုပ္မ်ားအသုံးၿပဳျပီး ကင္းလွည့္ေတာ့မည္… ( ရုပ္/သံ )

News World

အေမရိကန္အာကာသတပ္ဖြဲ႕က ေခြးစက္႐ုပ္မ်ားအသုံးၿပဳျပီး ကင္းလွည့္ေတာ့မည္… ( ရုပ္/သံ )

အေမရိကန္အာကာသတပ္ဖြဲ႕ Space Force ဟာ ေခြးစက္႐ုပ္ေတြ သုံးၿပီး Cape Canaveral အာကာသယာဥ္လႊင့္တင္ေရးစခန္း လုံၿခဳံေရးကိစၥေတြ လုပ္ေဆာင္ဖို႔ သ႐ုပ္ျပဳစမ္းသပ္မႈေတြ လုပ္ေဆာင္ေနတယ္လို႔ စစ္တပ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ေခြးစက္႐ုပ္ေတြကို ပုံမွန္လုပ္ငန္းတာဝန္ေတြနဲ႔ အႏၲရာယ္ျမင့္အလုပ္တာဝန္ေတြမွာ လူအစား လုပ္ေဆာင္ဖို႔ အစားထိုး အသုံးျပဳေရး စတင္လာတာပါ။

Cape Canaveral မွာ ကင္းလွည့္ဖို႔အတြက္ ေခြးစက္႐ုပ္ သ႐ုပ္ျပအသုံးျပဳမႈကို ဇူလိုင္ ၂၇ ရက္ေန႔က လုပ္ေဆာင္ခဲ့တာ ျဖစ္ၿပီး Space Force ဘက္ကလည္း ေျမျပင္မွာ ကင္းလွည့္တာဝန္ထမ္းေဆာင္ေနတဲ့ ေခြးစက္႐ုပ္ႏွစ္ေကာင္ရဲ႕ ဓါတ္ပုံေတြ မွ်ေဝခဲ့ပါတယ္။ ဒီစက္႐ုပ္ေတြကို တရားဝင္အေခၚအရ Ghost Robotics Quadruped Unmanned Ground Vehicles (Q-UGV) လို႔ ေခၚၿပီး ဖီလာဒီဖီးယားအေျခစိုက္ Ghost Robotics စက္႐ုပ္ကုမၸဏီက ထုတ္လုပ္ေပးထားတာ ျဖစ္ပါတယ္။

“သူတို႔ (ေခြးစက္႐ုပ္ေတြ) ကို ဘယ္အရာကမွ တားလို႔ မရဘူး။ လဲက်ရင္ ၊ ေခ်ာ္လဲရင္လည္း ျပန္ထႏိုင္စြမ္းရွိသလို ကြၽန္ေတာ္တို႔ရဲ႕ Blind-Mode ေအာ္ပေရးရွင္း နည္းပညာေတြ သုံးၿပီး ပ်က္သြားတဲ့အေနအထားမွာလည္း ဆက္ၿပီး လႈပ္ရွားႏိုင္ပါမယ္” လို႔ Ghost Robotics ဝက္ဘ္ဆိုက္က ေရးထားပါတယ္။

ေခြးစက္႐ုပ္ေတြမွာ အသံနဲ႔ အျမင္အာ႐ုံဆိုင္ရာ ေထာက္လွမ္းႏိုင္ အာ႐ုံခံ Sensor ေတြ ပါရွိၿပီး လူသား ထိန္းခ်ဳပ္သူ Human Controller နဲ႔ ထိန္းခ်ဳပ္ေစခိုင္းႏိုင္သလို သူ႔အလိုအေလ်ာက္လည္း လုပ္ငန္းေဆာင္တာေတြ လုပ္ေဆာင္ႏိုင္မယ္လို႔ ဆိုပါတယ္။ Space Force ရဲ႕ ထုတ္ျပန္ခ်က္အရ ‌Q-UGV ေခြးစက္႐ုပ္ေတြကို manual ကိစၥေတြနဲ႔ ထပ္တလဲလဲ လုပ္ရတဲ့ အလုပ္ေတြအတြက္ ရည္႐ြယ္ထားၿပီး ထိခိုက္မႈေတြ ေလွ်ာ့ခ်ဖို႔နဲ႔ ကင္းလွည့္တဲ့ကိစၥေတြမွာ လူအတြက္ အခ်ိန္ကုန္သက္သာေစဖို႔ ထုတ္ထားတာလို႔ သိရပါတယ္။

Boston Dynamics လို ကုမၸဏီေတြဟာ ေခြးစက္႐ုပ္ေတြကို အရပ္ဘက္နဲ႔ အေရးေပၚကိစၥရပ္ေတြမွာ အသုံးျပဳဖို႔ စီစဥ္ေနခ်ိန္မွာ Ghost Robotics လို ကုမၸဏီေတြကေတာ့ ဒီနည္းပညာကို စစ္ဘက္ေရးရာေတြမွာ အသုံးျပဳႏိုင္ေအာင္ တီထြင္ေနပါတယ္။ ၂၀၂၂ ခုႏွစ္ ႏွစ္ဆန္းပိုင္းကလည္း အေမရိကန္ျပည္ထဲေရးဝန္ႀကီးဌာနဟာ ႏိုင္ငံနယ္စပ္လုံၿခဳံေရးအတြက္ ကင္းလွည့္ဖို႔ နည္းပညာသစ္ေတြ အသုံးျပဳေတာ့မယ္လို႔ ဆိုပါတယ္။

ျပည္ထဲေရးဝန္ႀကီးဌာန DHS ဟာ ေခြးပုံစံ စက္႐ုပ္ေတြနဲ႔ အေမရိကန္-မကၠဆီကိုနယ္စပ္မွာ ပတၱေရာင္လွည့္သြားမွာ ျဖစ္ပါတယ္။ ဒီစက္႐ုပ္ေတြကို အလိုအေလ်ာက္စနစ္သုံး ေျမျပင္ေစာင့္ၾကည့္ေရးသုံး ယာဥ္မ်ားလို႔ တရားဝင္နာမည္ေပးထားတယ္လို႔လည္း CNN သတင္းက ဆိုပါတယ္။ေျခေထာက္ေလးေခ်ာင္းပါၿပီး ၾကမ္းတမ္းဆိုးဝါးတဲ့ လမ္းေၾကာင္းေတြမွာ ကုပ္ကတ္တက္ႏိုင္ေအာင္ ဒီဇိုင္းထုတ္ထားတဲ့ ဒီစက္႐ုပ္ေတြဟာ ၿခိမ္းေျခာက္မႈနဲ႔ တရားမဝင္ေမွာင္ခိုပစၥည္း တင္သြင္းမႈကိုလည္း ေထာက္လွမ္းရွာေဖြႏိုင္သလို ျပင္းထန္တဲ့အပူခ်ိန္နဲ႔ ေႁမြေပြးေႁမြေဟာက္ရန္ကိုလည္း စိတ္ပူစရာ ရွိမွာ မဟုတ္ပါဘူး။

စက္႐ုပ္ေတြကို ကင္းလွည့္ေရးနဲ႔ လုံၿခဳံေရးေတြမွာ သုံးသြားမွာ ျဖစ္ေပမယ့္ လက္နက္အျဖစ္ အသုံးခ်မွာကိုလည္း စိုးရိမ္မႈေတြ ရွိေနပါတယ္။ ၿပီးခဲ့တဲ့ ဇူလိုင္လက ေခါင္းေပၚ Submachine Gun ေသနတ္တပ္ထားတဲ့ ေခြးစက္႐ုပ္တစ္႐ုပ္ရဲ႕ ဗြီဒီယိုဖိုင္ကို Twitter ေပၚ မွ်ေဝခဲ့ၾကၿပီး ဒီအေပၚ လူမႈကြန္ရက္အသုံးျပဳသူေတြက ေဝဖန္ခဲ့ၾကပါတယ္။

Crd..duwun

Unicode

အမေရိကန်အာကာသတပ်ဖွဲ့က ခွေးစက်ရုပ်များအသုံးပြုပြီး ကင်းလှည့်တော့မည်… ( ရုပ်/သံ )

အမေရိကန်အာကာသတပ်ဖွဲ့ Space Force ဟာ ခွေးစက်ရုပ်တွေ သုံးပြီး Cape Canaveral အာကာသယာဉ်လွှင့်တင်ရေးစခန်း လုံခြုံရေးကိစ္စတွေ လုပ်ဆောင်ဖို့ သရုပ်ပြုစမ်းသပ်မှုတွေ လုပ်ဆောင်နေတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ခွေးစက်ရုပ်တွေကို ပုံမှန်လုပ်ငန်းတာဝန်တွေနဲ့ အန္တရာယ်မြင့်အလုပ်တာဝန်တွေမှာ လူအစား လုပ်ဆောင်ဖို့ အစားထိုး အသုံးပြုရေး စတင်လာတာပါ။

Cape Canaveral မှာ ကင်းလှည့်ဖို့အတွက် ခွေးစက်ရုပ် သရုပ်ပြအသုံးပြုမှုကို ဇူလိုင် ၂၇ ရက်နေ့က လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး Space Force ဘက်ကလည်း မြေပြင်မှာ ကင်းလှည့်တာဝန်ထမ်းဆောင်နေတဲ့ ခွေးစက်ရုပ်နှစ်ကောင်ရဲ့ ဓါတ်ပုံတွေ မျှဝေခဲ့ပါတယ်။ ဒီစက်ရုပ်တွေကို တရားဝင်အခေါ်အရ Ghost Robotics Quadruped Unmanned Ground Vehicles (Q-UGV) လို့ ခေါ်ပြီး ဖီလာဒီဖီးယားအခြေစိုက် Ghost Robotics စက်ရုပ်ကုမ္ပဏီက ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

“သူတို့ (ခွေးစက်ရုပ်တွေ) ကို ဘယ်အရာကမှ တားလို့ မရဘူး။ လဲကျရင် ၊ ချော်လဲရင်လည်း ပြန်ထနိုင်စွမ်းရှိသလို ကျွန်တော်တို့ရဲ့ Blind-Mode အော်ပရေးရှင်း နည်းပညာတွေ သုံးပြီး ပျက်သွားတဲ့အနေအထားမှာလည်း ဆက်ပြီး လှုပ်ရှားနိုင်ပါမယ်” လို့ Ghost Robotics ဝက်ဘ်ဆိုက်က ရေးထားပါတယ်။

ခွေးစက်ရုပ်တွေမှာ အသံနဲ့ အမြင်အာရုံဆိုင်ရာ ထောက်လှမ်းနိုင် အာရုံခံ Sensor တွေ ပါရှိပြီး လူသား ထိန်းချုပ်သူ Human Controller နဲ့ ထိန်းချုပ်စေခိုင်းနိုင်သလို သူ့အလိုအလျောက်လည်း လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ Space Force ရဲ့ ထုတ်ပြန်ချက်အရ ‌Q-UGV ခွေးစက်ရုပ်တွေကို manual ကိစ္စတွေနဲ့ ထပ်တလဲလဲ လုပ်ရတဲ့ အလုပ်တွေအတွက် ရည်ရွယ်ထားပြီး ထိခိုက်မှုတွေ လျှော့ချဖို့နဲ့ ကင်းလှည့်တဲ့ကိစ္စတွေမှာ လူအတွက် အချိန်ကုန်သက်သာစေဖို့ ထုတ်ထားတာလို့ သိရပါတယ်။

Boston Dynamics လို ကုမ္ပဏီတွေဟာ ခွေးစက်ရုပ်တွေကို အရပ်ဘက်နဲ့ အရေးပေါ်ကိစ္စရပ်တွေမှာ အသုံးပြုဖို့ စီစဉ်နေချိန်မှာ Ghost Robotics လို ကုမ္ပဏီတွေကတော့ ဒီနည်းပညာကို စစ်ဘက်ရေးရာတွေမှာ အသုံးပြုနိုင်အောင် တီထွင်နေပါတယ်။ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကလည်း အမေရိကန်ပြည်ထဲရေးဝန်ကြီးဌာနဟာ နိုင်ငံနယ်စပ်လုံခြုံရေးအတွက် ကင်းလှည့်ဖို့ နည်းပညာသစ်တွေ အသုံးပြုတော့မယ်လို့ ဆိုပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန DHS ဟာ ခွေးပုံစံ စက်ရုပ်တွေနဲ့ အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ ပတ္တရောင်လှည့်သွားမှာ ဖြစ်ပါတယ်။ ဒီစက်ရုပ်တွေကို အလိုအလျောက်စနစ်သုံး မြေပြင်စောင့်ကြည့်ရေးသုံး ယာဉ်များလို့ တရားဝင်နာမည်ပေးထားတယ်လို့လည်း CNN သတင်းက ဆိုပါတယ်။ခြေထောက်လေးချောင်းပါပြီး ကြမ်းတမ်းဆိုးဝါးတဲ့ လမ်းကြောင်းတွေမှာ ကုပ်ကတ်တက်နိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ ဒီစက်ရုပ်တွေဟာ ခြိမ်းခြောက်မှုနဲ့ တရားမဝင်မှောင်ခိုပစ္စည်း တင်သွင်းမှုကိုလည်း ထောက်လှမ်းရှာဖွေနိုင်သလို ပြင်းထန်တဲ့အပူချိန်နဲ့ မြွေပွေးမြွေဟောက်ရန်ကိုလည်း စိတ်ပူစရာ ရှိမှာ မဟုတ်ပါဘူး။

စက်ရုပ်တွေကို ကင်းလှည့်ရေးနဲ့ လုံခြုံရေးတွေမှာ သုံးသွားမှာ ဖြစ်ပေမယ့် လက်နက်အဖြစ် အသုံးချမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက ခေါင်းပေါ် Submachine Gun သေနတ်တပ်ထားတဲ့ ခွေးစက်ရုပ်တစ်ရုပ်ရဲ့ ဗွီဒီယိုဖိုင်ကို Twitter ပေါ် မျှဝေခဲ့ကြပြီး ဒီအပေါ် လူမှုကွန်ရက်အသုံးပြုသူတွေက ဝေဖန်ခဲ့ကြပါတယ်။
Crd..duwun

Crd