“ အေမရိကန္သမၼတနဲ႔ တ႐ုတ္ဝန္ႀကီးခ်ဳပ္ တက္မည့္ အာဆီယံထိပ္သီး အစည္းအေဝးမွာ ျမန္မာ့အေရးဘာေတြထူးမလဲ..?”

“ အေမရိကန္သမၼတနဲ႔ တ႐ုတ္ဝန္ႀကီးခ်ဳပ္ တက္မည့္ အာဆီယံထိပ္သီး အစည္းအေဝးမွာ ျမန္မာ့အေရးဘာေတြထူးမလဲ..?”

“ အေမရိကန္သမၼတနဲ႔ တ႐ုတ္ဝန္ႀကီးခ်ဳပ္ တက္မည့္ အာဆီယံထိပ္သီး အစည္းအေဝးမွာ ျမန္မာ့အေရးဘာေတြထူးမလဲ..?”
ႏိုဝင္ဘာလ ၁၀ ရက္ေန႔ကေန ၁၃ ရက္ေန႔အထိ ကေမာၻဒီးယားႏိုင္ငံ ဖႏြမ္းပင္ၿမိဳ႕မွာ က်င္းပမယ့္ အာဆီယံ ထိပ္သီးအစည္းအေဝးနဲ႔ အေရွ႕အာရွ ထိပ္သီးအစည္းအေဝးေတြကို အေမရိကန္ သမၼတ Joe Biden နဲ႔အတူ တ႐ုတ္ ဝန္ႀကီးခ်ဳပ္ Li Keqiang လည္း တက္ေရာက္မယ့္အေၾကာင္း ကေမာၻဒီးယား ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက အတည္ျပဳထားပါတယ္။
႐ုရွားသမၼတ Vladimir Putin ကေတာ့ အစည္းအေဝး တက္မယ္ မတက္ဘူးဆိုတာ အတည္မျပဳေျပာဆိုျခင္း မရွိေသးပါဘူး။ အာဆီယံထိပ္သီးအစည္းအေဝးနဲ႔အတူ တ႐ုတ္-အာဆီယံ ၂၅ ႀကိမ္ေျမာက္ ထိပ္သီး အစည္းအေဝး၊ ဂ်ပန္-အာဆီယံ၂၅ ႀကိမ္ေျမာက္ ထိပ္သီး အစည္းအေဝး၊ အာဆီယံ-ကုလသမဂၢ အစည္းအေဝးေတြအျပင္ ဩစေတးလ်၊ ကေနဒါ၊ အိႏၵိယ စတဲ့ ေဆြးေႏြးဖက္ႏိုင္ငံေတြနဲ႔ အစည္းအေဝးေတြလည္း က်င္းပမွာပါ။
ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ Antonio Guterres နဲ႔ ကေနဒါနိင္ငံဝန္ႀကီးခ်ဳပ္ Justin Trudeau တို႔လည္း အစည္းအေဝးကို တက္ေရာက္ပါလိမ့္မယ္။ ျမန္မာႏိုင္ငံဘက္က စစ္ေကာင္စီအႀကီးအကဲနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးကို အစည္းအေဝးတက္ေရာက္ဖို႔ ဖိတ္ၾကားထားျခင္း မရွိပါဘူး။ ႏိုင္ငံေရးအရ ကိုယ္စားမျပဳတဲ့ သူကိုပဲ တက္ေရာက္ဖို႔ အာဆီယံက ဖိတ္ၾကားထားပါတယ္။
အေမရိကန္သမၼတ အိမ္ျဖဴေတာ္ကေတာ့ ၿပီးခဲ့တဲ့ေမလ ဝါရွင္တန္ၿမိဳ႕ေတာ္မွာ က်င္းပခဲ့တဲ့ အေမရိကန္ အာဆီယံ ထိပ္သီးအစည္းအေဝးရဲ႕ သမိုင္းဝင္ေအာင္ျမင္မႈေတြအရ အေရွ႕ေတာင္အာရွ ေဒသနဲ႔ အာဆီယံကို အဓိကထားေရးအတြက္ ေရွရွည္ ကတိကဝတ္ေတြကို သမၼတဘိုင္ဒန္ ထပ္ေလာင္း အတည္ျပဳမယ့္အေၾကာင္း ေျပာဆိုထားပါတယ္။
အာဆီယံထိပ္သီးအစည္းအေဝးနဲ႔အတူ ၁၇ ႀကိမ္ေျမာက္ အေရွ႕ အာရွ ထိပ္သီးညီလာခံကိုလည္း က်င္းပပါလိမ့္မယ္။အာဆီယံ ထိပ္သီးအစည္းအေဝးအၿပီး အာဆီယံအလွည့္က် ဥကၠဌ တာဝန္ကို ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္ Hun Sen က ေရွ႕ႏွစ္အတြက္ တာဝန္ယူမယ့္ အင္ဒိုနီးရွားသမၼတ Joko Widodo ကို လြဲေျပာင္းေပးမွာ ျဖစ္ပါတယ္။crd
Unicode“ အမေရိကန်သမ္မတနဲ့ တရုတ်ဝန်ကြီးချုပ် တက်မည့် အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာ့အရေးဘာတွေထူးမလဲ..?”
နိုဝင်ဘာလ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွေကို အမေရိကန် သမ္မတ Joe Biden နဲ့အတူ တရုတ် ဝန်ကြီးချုပ် Li Keqiang လည်း တက်ရောက်မယ့်အကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုထားပါတယ်။
ရုရှားသမ္မတ Vladimir Putin ကတော့ အစည်းအဝေး တက်မယ် မတက်ဘူးဆိုတာ အတည်မပြုပြောဆိုခြင်း မရှိသေးပါဘူး။ အာဆီယံထိပ်သီးအစည်းအဝေးနဲ့အတူ တရုတ်-အာဆီယံ ၂၅ ကြိမ်မြောက် ထိပ်သီး အစည်းအဝေး၊ ဂျပန်-အာဆီယံ၂၅ ကြိမ်မြောက် ထိပ်သီး အစည်းအဝေး၊ အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေးတွေအပြင် ဩစတေးလျ၊ ကနေဒါ၊ အိန္ဒိယ စတဲ့ ဆွေးနွေးဖက်နိုင်ငံတွေနဲ့ အစည်းအဝေးတွေလည်း ကျင်းပမှာပါ။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres နဲ့ ကနေဒါနိင်ငံဝန်ကြီးချုပ် Justin Trudeau တို့လည်း အစည်းအဝေးကို တက်ရောက်ပါလိမ့်မယ်။ မြန်မာနိုင်ငံဘက်က စစ်ကောင်စီအကြီးအကဲနဲ့ နိုင်ငံခြားရေးဝန်ကြီးကို အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားထားခြင်း မရှိပါဘူး။ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ သူကိုပဲ တက်ရောက်ဖို့ အာဆီယံက ဖိတ်ကြားထားပါတယ်။
အမေရိကန်သမ္မတ အိမ်ဖြူတော်ကတော့ ပြီးခဲ့တဲ့မေလ ဝါရှင်တန်မြို့တော်မှာ ကျင်းပခဲ့တဲ့ အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးရဲ့ သမိုင်းဝင်အောင်မြင်မှုတွေအရ အရှေ့တောင်အာရှ ဒေသနဲ့ အာဆီယံကို အဓိကထားရေးအတွက် ရှေရှည် ကတိကဝတ်တွေကို သမ္မတဘိုင်ဒန် ထပ်လောင်း အတည်ပြုမယ့်အကြောင်း ပြောဆိုထားပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးနဲ့အတူ ၁၇ ကြိမ်မြောက် အရှေ့ အာရှ ထိပ်သီးညီလာခံကိုလည်း ကျင်းပပါလိမ့်မယ်။အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန်ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Sen က ရှေ့နှစ်အတွက် တာဝန်ယူမယ့် အင်ဒိုနီးရှားသမ္မတ Joko Widodo ကို လွဲပြောင်းပေးမှာ ဖြစ်ပါတယ်။crd

Crd