“အေမရိကန္စြမ္းေဆာင္ရည္ကို သမၼတပူတင္နားလည္သိရွိဟု အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳက္ေအာ္စတင္ကေျပာ”

“အေမရိကန္စြမ္းေဆာင္ရည္ကို သမၼတပူတင္နားလည္သိရွိဟု အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳက္ေအာ္စတင္ကေျပာ”

“အေမရိကန္စြမ္းေဆာင္ရည္ကို သမၼတပူတင္နားလည္သိရွိဟု အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳက္ေအာ္စတင္ကေျပာ”

၂၇/၁၀
႐ုရွားနဲ႔ တ႐ုတ္ဟာ အေမရိကန္အက်ိဳးစီးပြားနဲ႔ ကမာၻ႔လုံၿခဳံေရးကို ၿခိမ္းေျခာက္ေနတဲ့ႏိုင္ငံေတြအျဖစ္ ဒီကေန႔ထုတ္ျပန္တဲ့ ၂၀၂၂ ခုႏွစ္အေမရိကန္အမ်ိဳးသားကာကြယ္ေရးမဟာဗ်ဴဟာေၾကညာစာတမ္းမွာ ေဖၚျပပါတယ္။
ဒီကေန႔ ထုတ္ျပန္တဲ့ အမ်ိဳးသားကာကြယ္ေရးမဟာဗ်ဴဟာေၾကညာစာတမ္းနဲ႔ပတ္သက္လို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳက္ ေအာ္စတင္ကိုယ္တိုင္ ပင္တဂြန္စစ္ဌာနခ်ဳပ္မွာ သတင္းစာရွင္းပြဲလုပ္ ရွင္းျပခဲ့ပါတယ္။

တ႐ုတ္ဟာ အေမရိကန္နဲ႔ အခ်ိန္တိုင္း မဟာဗ်ဴဟာ ၿပိဳင္ဘက္အျဖစ္ရွိေနေပမဲ့ တိုက္႐ိုက္ၿခိမ္းေျခာက္မႈမရွိပဲ ႐ုရွားကေတာ့ “ယူကရိန္းကို အေၾကာင္းျပခ်က္မရွိ က်ဳးေက်ာ္တိုက္ခိုက္သိမ္းပိုက္ဖို႔က်ိဳးစားတာဟာ” အေမရိကန္အက်ိဳးစီးပြားသာမက ဥေရာပလုံၿခဳံေရးကိုပါ တိုက္႐ိုက္ၿခိမ္းေျခာက္ေနတယ္လို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။

အဲဒီအတြက္ အေမရိကန္ရဲ႕ အမ်ိဳးသားကာကြယ္ေရးမဟာဗ်ဴဟာေၾကညာစာတမ္းမွာ ႐ုရွားဟာ အေမရိကန္အက်ိဳးစီးပြားကို အႀကီးအက်ယ္ၿခိမ္းေျခာက္ေနတဲ့ ႏိုင္ငံအျဖစ္ ေသခ်ာထဲ့သြင္းေဖၚျပတာလို႔လည္း လြိဳက္ ေအာ္စတင္က ေျပာပါတယ္။

ဒီကေန႔ထုတ္ျပန္တဲ့ အေမရိကန္ရဲ႕ အမ်ိဳးသားကာကြယ္ေရးမဟာဗ်ဴဟာေၾကညာစာတမ္းမွာ အေမရိကန္လုံၿခဳံေရးနဲ႔ အက်ိဳးစီးပြားကို စိန္ေခၚေနတဲ့ႏိုင္ငံေတြအျဖစ္ တ႐ုတ္ ႐ုရွား ေျမာက္ကိုရီးယားနဲ႔ အီရန္ကို ေဖၚျပထားေပမဲ့ ႐ုရွားနဲ႔ တ႐ုတ္ကို အဓိကစိန္ေခၚ ၿခိမ္းေျခာက္ေနတဲ့ႏိုင္ငံေတြ အျဖစ္ေဖၚျပထားတာေတြ႕ရပါတယ္။

အေမရိကန္ရဲ႕ န်ဴကလီးယားလက္နက္ေတြဟာ န်ဴကလီးယားတိုက္ခိုက္မႈေတြကို ဟန္႔တားဖို႔ျဖစ္ေပမဲ့ တစ္ျခားပုံစံမ်ိဳးစုံနဲ႔ ဗ်ဴဟာေျမာက္တိုက္ခိုက္မႈေတြကိုလည္း ဟန္႔တားဖို႔ ျဖစ္တယ္လို႔အေမရိကန္အမ်ိဳးသားကာကြယ္ေရးမဟာဗ်ဴဟာေၾကညာစာတမ္းမွာေဖၚျပထားတာေတြ႕ရပါတယ္။

န်ဴကလီးယားဟန္႔တားဖို႔အတြက္လုံေလာက္တဲ့ လက္နက္ရွိတာမို႔ ေရေပၚေရေအာက္ကပစ္ခတ္လို႔ရတဲ့ န်ဴကလီးယားဒုံးက်ည္သစ္ထုတ္လုပ္ေရးစီမံကိန္းကို ဖ်က္သိမ္းေၾကာင္းလည္း ေၾကညာစာတမ္းမွာေဖၚျပထားတာေတြ႕ရပါတယ္။
႐ုရွားရဲ႕ န်ဴကလီးယားအႏၲရာယ္ရွိေနခ်ိန္မွာ ဒုံးက်ည္ထုတ္လုပ္မဲ့အစီအစဥ္ဖ်က္သိမ္းတာဟာ အေမရိ ကန္အတြက္ ျပသာနာမရွိႏိုင္ဘူးလားလို႔ သတင္းေထာက္တစ္ဦးကေမးရာမွာေတာ့ အေမရိကန္မွာ ရွိ ေနတဲ့လက္နက္ေတြစြမ္းရည္ကို ပူတင္နားလည္ပါတယ္လို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီးက ေျပာသြားပါတယ္။
crd

Unicode
“အမေရိကန်စွမ်းဆောင်ရည်ကို သမ္မတပူတင်နားလည်သိရှိဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကပြော”

၂၇/၁၀
ရုရှားနဲ့ တရုတ်ဟာ အမေရိကန်အကျိုးစီးပွားနဲ့ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့နိုင်ငံတွေအဖြစ် ဒီကနေ့ထုတ်ပြန်တဲ့ ၂၀၂၂ ခုနှစ်အမေရိကန်အမျိုးသားကာကွယ်ရေးမဟာဗျူဟာကြေညာစာတမ်းမှာ ဖေါ်ပြပါတယ်။
ဒီကနေ့ ထုတ်ပြန်တဲ့ အမျိုးသားကာကွယ်ရေးမဟာဗျူဟာကြေညာစာတမ်းနဲ့ပတ်သက်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်ကိုယ်တိုင် ပင်တဂွန်စစ်ဌာနချုပ်မှာ သတင်းစာရှင်းပွဲလုပ် ရှင်းပြခဲ့ပါတယ်။

တရုတ်ဟာ အမေရိကန်နဲ့ အချိန်တိုင်း မဟာဗျူဟာ ပြိုင်ဘက်အဖြစ်ရှိနေပေမဲ့ တိုက်ရိုက်ခြိမ်းခြောက်မှုမရှိပဲ ရုရှားကတော့ “ယူကရိန်းကို အကြောင်းပြချက်မရှိ ကျုးကျော်တိုက်ခိုက်သိမ်းပိုက်ဖို့ကျိုးစားတာဟာ” အမေရိကန်အကျိုးစီးပွားသာမက ဥရောပလုံခြုံရေးကိုပါ တိုက်ရိုက်ခြိမ်းခြောက်နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

အဲဒီအတွက် အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေးမဟာဗျူဟာကြေညာစာတမ်းမှာ ရုရှားဟာ အမေရိကန်အကျိုးစီးပွားကို အကြီးအကျယ်ခြိမ်းခြောက်နေတဲ့ နိုင်ငံအဖြစ် သေချာထဲ့သွင်းဖေါ်ပြတာလို့လည်း လွိုက် အော်စတင်က ပြောပါတယ်။

ဒီကနေ့ထုတ်ပြန်တဲ့ အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေးမဟာဗျူဟာကြေညာစာတမ်းမှာ အမေရိကန်လုံခြုံရေးနဲ့ အကျိုးစီးပွားကို စိန်ခေါ်နေတဲ့နိုင်ငံတွေအဖြစ် တရုတ် ရုရှား မြောက်ကိုရီးယားနဲ့ အီရန်ကို ဖေါ်ပြထားပေမဲ့ ရုရှားနဲ့ တရုတ်ကို အဓိကစိန်ခေါ် ခြိမ်းခြောက်နေတဲ့နိုင်ငံတွေ အဖြစ်ဖေါ်ပြထားတာတွေ့ရပါတယ်။

အမေရိကန်ရဲ့ နျူကလီးယားလက်နက်တွေဟာ နျူကလီးယားတိုက်ခိုက်မှုတွေကို ဟန့်တားဖို့ဖြစ်ပေမဲ့ တစ်ခြားပုံစံမျိုးစုံနဲ့ ဗျူဟာမြောက်တိုက်ခိုက်မှုတွေကိုလည်း ဟန့်တားဖို့ ဖြစ်တယ်လို့အမေရိကန်အမျိုးသားကာကွယ်ရေးမဟာဗျူဟာကြေညာစာတမ်းမှာဖေါ်ပြထားတာတွေ့ရပါတယ်။

နျူကလီးယားဟန့်တားဖို့အတွက်လုံလောက်တဲ့ လက်နက်ရှိတာမို့ ရေပေါ်ရေအောက်ကပစ်ခတ်လို့ရတဲ့ နျူကလီးယားဒုံးကျည်သစ်ထုတ်လုပ်ရေးစီမံကိန်းကို ဖျက်သိမ်းကြောင်းလည်း ကြေညာစာတမ်းမှာဖေါ်ပြထားတာတွေ့ရပါတယ်။
ရုရှားရဲ့ နျူကလီးယားအန္တရာယ်ရှိနေချိန်မှာ ဒုံးကျည်ထုတ်လုပ်မဲ့အစီအစဥ်ဖျက်သိမ်းတာဟာ အမေရိ ကန်အတွက် ပြသာနာမရှိနိုင်ဘူးလားလို့ သတင်းထောက်တစ်ဦးကမေးရာမှာတော့ အမေရိကန်မှာ ရှိ နေတဲ့လက်နက်တွေစွမ်းရည်ကို ပူတင်နားလည်ပါတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောသွားပါတယ်။
crd

Crd