ယခုလို ကူးစက်ရောဂါဖြစ်ပွားနေတဲ့ ကာလမှာ ဆိုင်ထိုင်စားလို့မရလို့ ၊ လူတွေဟာ နေအိမ်အတွင်းမှာပဲ ကိုယ်စားသောက်ချင်တဲ့ အစားအစာတွေကို မှာစား ၊ ချက်စားလေ့ရှိကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း အိမ်မွေးတိရစ္ဆာန်တွေမွေးထားတဲ့ သူတွေအသိဆုံး အချက်လို့ပြောရမှာပါ ။

အကြောင်းကတော့ နေအိမ်မှာ ဟော့ပေါ့လုပ်စားကြရင် အိမ်မွေးကြောင်တွေက များလွန်းလို့ သခင်ဖြစ်သူတွေက လွတ်လွတ်လပ်လပ် စားသောက်ခွင့်မရကြတာပါပဲ ။ ဒါကြောင့် သခင်ဖြစ်သူက ကြောင်လေးတွေကို နေအိမ်အတွင်မှာ သော့ခတ်ထားခဲ့ပြီး ၎င်းတို့လင်မယားကတော့ နေအိမ်အပြင်ဖက်ခြံလေးထဲမှာ ဖျာလေးခင်ပြီး ဟော့ပေါ့လုပ်စားခဲ့ကြတာပါ ။


အဆိုပါအဖြစ်အပျက်ကို မှန်ပြတင်းပေါက်ကနေ တွေ့မြင်နေရတဲ့ ကြောင်လေးတွေက လုံးဝမခံစားနိုင်ဘဲ သခင့်ကိုအလွန်အမင်းဒေါသထွက်နေကြတာကို ဓာတ်ပုံထဲမှာ အထင်းသားကြီး မြင်တွေ့ရမှာပါ ။ လွတ်လပ်စွာစားသောက်ချင်တဲ့ သခင် နဲ့ သူတို့ကိုချန်ထားလို့ စိတ်ဆိုးဒေါသထွက်နေကြတဲ့ ကြောင်လေးတွေရဲ့အဖြစ်ဟာ အတော်လေးကို ရယ်မောဖွယ်ရာ ကောင်းလွန်းလှပါတယ်လေ ။


Credit-Mia (Mckzone Daily)