အီလွန်မတ်နဲ့ နာဆာတို့ပူးပေါင်းပြီး အချီကြီးကြံစည်

အီလွန်မတ်နဲ့ နာဆာတို့ပူးပေါင်းပြီး အချီကြီးကြံစည်

အီလွန်မတ်နဲ့ နာဆာတို့ပူးပေါင်းပြီး အချီကြီးကြံစည်

အီလွန်မတ်ကတော့ လုပ်ချလိုက်ပြန်ပါပြီ။ သူလုပ်သမျှကလည်း ပွဲဆူဖို့ချည်းပဲ ဖြစ်နေတာပါ။ အခုလည်း နာဆာ (NASA) နဲ့ ပေါင်းပြီး ဧရာမ ရွှေရောင်ဂြိုဟ်သိမ်ကြီးကို ကမ္ဘာမြေအထိ ဆွဲယူဖို့ ကြံစည်နေပါတယ်။

ရယ်စရာကောင်းပေမဲ့ Clickbait မဟုတ်ပါဘူး။ တကယ်လည်း သူတို့ဟာ ရွှေဓါတ်ကြွယ်ဝနေတဲ့ ပေါင် ၈,၀၀၀ လောက် အလေးချိန်ရှိတဲ့ ဂြိုဟ်သိမ်လေးထောင့်ပုံတစ်ခုကို တွေ့ရှိထားပါပြီ။

ဒါကို ပစ်မှတ်ထားပြီး ကမ္ဘာဆီကိုသယ်ယူဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီ ဂြိုဟ်သိမ်ကိုသာ ကမ္ဘာကို အောင်မြင်စွာ သယ်ဆောင်နိုင်မယ်ဆိုရင် ကမ္ဘာ့စီးပွားရေးအကုန်လုံး ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

တကယ်တော့ သိပ္ပံ စိတ်ကူးယာဉ်ဇာတ်လမ်းထဲကလို လွယ်လွယ်ကူကူတော့ ဖြေရှင်းနိုင်မှာ မဟုတ်သလို စိန်ခေါ်မှုတစ်ခုလည်း ဖြစ်ပါတယ်။

အီလွန်မတ်ပြောတာကတော့ ပစ္စည်းတွေကို တန်ဖိုးထားရတယ်ဆိုတာ ကမ္ဘာမြေမှာ ရှားပါးနေလို့ ဖြစ်ပါတယ်။ အာကာသခရီး ဖွင့်လှစ်ပြီး သဘာဝအရင်းအမြစ်များကို ရှာဖွေခြင်းဟာ အနာဂါတ်အတွက် အလားအလာကောင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ယခုတွေ့ရှိထားတဲ့ ပစ်မှတ်ဂြိုဟ်သိမ်ဟာ 16 Psyche အမည်ရပြီး Space X နဲ့ NASA တို့ ပူးပေါင်းပြီး ပထမဆုံး စူးစမ်းလေ့လာခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဖြစ်နိုင်ချေ သေချာတော့မှ ထုတ်ပြန်ကြေငြာခဲ့တာလည်း ဖြစ်ပါတယ်။

ဒီမစ်ရှင်ဟာ ၂၀၂၂ ခုနှစ် နွေရာသီမှာ (Cape Canaveral) ကိတ် ကနေဗာရယ်စခန်းက စတင်လွှတ်တင် စူးစမ်းခဲ့တာ ဖြစ်ပါတယ်။

တွေ့ရှိချက်ကတော့ အားရစရာပါ။ ဂြိုဟ်သိမ်မှာ ပလက်တီနမ်၊ သံ၊ နီကယ်တို့အပြင် ရွှေတွေကို ပေါကြွယ်စွာ တွေ့ရှိရပြီး လက်ရှိ ကမ္ဘာ့စီးပွားရေးပမာဏထက် အဆ ၁၀၀ ပိုမိုတန်ဖိုးရှိပါတယ်လို့ ဆိုပါတယ်။

တချို့ကတော့ ဒီမစ်ရှင် အောင်မြင်ခဲ့ရင်တော့ ကမ္ဘာ့စီးပွားရေး ‌ကမောက်ကမ ဖြစ်နိုင်တယ်လို့ ဆိုပေမဲ့ အီလွန်မတ်ကတော့ ဒါမျိုး ဘယ်တော့မှ မဖြစ်စေရပါဘူးလို့ အာမခံထားပါတယ်။

ဒါပေမဲ့ ဂြိုဟ်သိမ်ရဲ့ စုစုပေါင်း သတ္တုတန်ဖိုးဟာ (၁၀ × ၁၀၀၀) ကွာဒရီလီယံ တန်တယ်လို့ ဆိုပါတယ်။ ဒါဟာ ၁ နောက်မှာ သုံည ၁၉ လုံး တန်ဖိုးနဲ့ ညီမျှပါတယ်။

ရုပ်သံဖိုင်ထဲမှာ တွေ့ရတဲ့ ဂြိုဟ်သိမ်ရဲ့ တည်ဆောက်ဖွဲ့စည်းပုံကတော့ အံ့ဩဖွယ်ပါပဲ။ ဒီ စီမံကိန်းဟာ (၇)နှစ်လောက်ကြာမယ် သတ်မှတ်ထားပေမဲ့ အီလွန်မတ်အကြောင်း သိသူတွေကတော့ ၂၀၂၃ ခုနှစ်ထဲမှာတောင် ပြီးဆုံးနိုင်တယ်လို့ ဆိုကြပါတယ်။

ကဲ စာရှု့သူတို့ရော ဒီစီမံကိန်းကို ဘယ်လိုထင်ပါသလဲ။ မန့်ခဲ့ကြပါဦးနော်။

Knight News Team

Knight News © 2022

Crd

Crd