TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အီရန်နိုင်ငံမှာ ပထမဦးဆုံး အနောက်တိုင်းအဝတ်အစားဝတ်ဆင်ခဲ့သူ ဇာရာ ခဲနွမ်တာ့ဂျ်အက်စ်ဆာလ်တာနေး
ဒီအီရန် မင်းသမီးကတော့ ၁၈၈၃ ခုနှစ်မှာမွေးဖွားခဲ့ပြီး သူ့ကိုကြည့်ပြီးတော့ ဘယ်လိုလုပ်စာရင်းထဲမှာပါလာလဲဆိုပြီးတော့ တွေးကောင်းတွေးနိုင်ပါတယ်။ သို့ပေမယ့်လည်း လှပခြင်းရဲ့စံနှုန်းတွေက ထူးဆန်းပါတယ်။
ပြီးတော့အချိန်နှင့်အမျှ ပြောင်းလဲနေတာပါ။ ဇာရာ ခဲနွမ်တာ့ဂျ်အက်စ်ဆာလ်တာနေး ကတော့ ယနေ့ခေတ် လှပခြင်းစံနှုန်းတွေနှင့်ကိုက်ညီချင်မှကိုက်ညီမှာပါ။ ဒါပေမယ့်လည်း သူမခေတ်တုန်းကဆိုရင်တော့ သူမကို သဘောကျတဲ့သူတွေအများကြီးရှိခဲ့ပါတယ်။
ဒီအမျိုးသမီးဟာ ပါရှန်မင်းသမီးဖြစ်ပြီး အဖေဖြစ်သူကတော့ ခဂျာမင်းဆက်က အီရန်ရဲ့လေးယောက်မြောက် ရှာရှ် ဖြစ်ပါတယ်။ သူဟာ ၁၈၄၈ ကနေ ၁၈၉၆ ခုနှစ်အထိအုပ်ချုပ်ခဲ့တာပါ။ ဇာရာကတော့သူမရဲ့ခေတ်မှာ တော်တော်ခေတ်မှီခဲ့ပါတယ်။
သူမဟာ အမျိုးသမီးထု အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ပီး။ သူမဟာ အနုပညာရှင်တစ်ဦးဖြစ်ပြီး စာရေးသူတစ်ယောက်လဲဖြစ်ပြန်ပါတယ်။ သူမဟာ အီရန်နိုင်ငံမှာ ပထမဦးဆုံး အနောက်တိုင်းအဝတ်အစားဝတ်ဆင်ခဲ့သူလည်းဖြစ်ကာ သူဟာ အမျိုးသားဖြစ်သူနဲ့လဲ ကွာရှင်းခဲ့ပါသေးတယ်။ အဲ့ခေတ်တုန်းကဆိုရင် အီရန်လူမျိုးစုရဲ့ လင်မယားကွာရှင်းခြင်းဟာ မတွေးရဲစရာပါပဲ။
ref:youtube
trans:thegeektext
zawgyi
■အီရန်နိုင်ငံမှာ ပထမဦးဆုံး အနောက်တိုင်းအဝတ်အစားဝတ်ဆင်ခဲ့သူ ဇာရာ ခဲနွမ်တာ့ဂ်ျအက်စ်ဆာလ်တာနေး
ref:youtube
trans:thegeektext