“အီရန်ဒရုန်းတွေကို ပစ်ချနိုင်မည့် ဒုံးကျည်တွေ ယူကရိန်းအတွက် ထုတ်လုပ်မည်ဟု Baykar ကုမ္ပဏီက ပြော”

“အီရန်ဒရုန်းတွေကို ပစ်ချနိုင်မည့် ဒုံးကျည်တွေ ယူကရိန်းအတွက် ထုတ်လုပ်မည်ဟု Baykar ကုမ္ပဏီက ပြော”

“အီရန်ဒရုန်းတွေကို ပစ်ချနိုင်မည့် ဒုံးကျည်တွေ ယူကရိန်းအတွက် ထုတ်လုပ်မည်ဟု Baykar ကုမ္ပဏီက ပြော”

ယူကရိန်းရဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို ခြိမ်းခြောက်နေတဲ့ အီရန်ဒရုန်းတွေကို အလွယ်တကူပစ်ချနိုင်မဲ့ “ဝေဟင်မှ ဝေဟင်ပစ်” ဒုံးကျည်တွေ မကြာခင်ထုတ်လုပ်မယ်လို့ တူရကီ Baykar ကုမ္ပဏီတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

ဝေဟင်ကနေ မြေပြင်ကို တိုက်ခိုက်နေတဲ့ Bayraktar TB2 ဒရုန်းတွေမှာ ဝေဟင်ကနေ ဝေဟင်ပစ် နိုင်တဲ့ Sungur ဒုံးကျည်တွေတပ်ဆင်ဖို့ အောင်မြင်စွာစမ်းသပ်ပြီးပြီလို့လည်း ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောပါတယ်။

Sungur ဒုံးကျည်တွေဟာ ကုန်ကျစားရိတ်သက်သာစွာနဲ့ ဒရုန်းတွေကိုသာမက လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကိုပါ ပစ်ချနိုင် မယ်ဆိုပါတယ်။အီရန်ဒရုန်းတွေဟာ နိမ့်တဲ့အမြင့်တွေမှာပဲ အရှိန်ဖြေးဖြေးနဲ့ စစ်ဆင်ရေးဆောင်ရွက်နိုင်တဲ့အတွက် အလွယ်တကူပစ်ချနိုင်တဲ့ ပစ်မှတ်တွေလို့ Baykar ကုမ္ပဏီတာဝန်ရှိသူတွေက ဆိုပါတယ်။

ယူကရိန်းအစိုးရကပေးတဲ့ ဂုဏ်ထူးဆောင်သူရဲကောင်းဆုကို လက်ခံခဲ့သလို ယူကရိန်းကို ဒရုန်းတွေ ကူညီပေးတဲ့အတွက် ရုရှားထောက်လှမ်းတွေက ကုမ္ပဏီကို ပစ်မှတ်ထားနေပေမဲ့ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကာကွယ်ရေးကို အပြည့်အဝ ထောက်ခံသလို ဆက်လက်ကူညီ ပေးသွားမယ်လို့လည်း

Baykar ကုမ္ပဏီထူထောင်သူ Haluk Bayraktar က အောက်တိုဘာ ၃၀ ရက်နေ့က ထုတ်ဖေါ်ပြောဆိုထားပါတယ်။ ဒရုန်းထုတ်လုပ်တပ်ဆင်ရေးစက်ရုံကို ယူကရိန်းနိုင်ငံ ထဲမှာ နှစ်နှစ်အတွင်းအပြီးတည်ဆောက်မယ်လို့လည်း Baykar ကုမ္ပဏီထူထောင်သူ က ပြောဆိုသွားပါတယ်။

Crd..BurmaNewsNetwork

Unicode

Crd