
News Social News

အီရန်က ရုရှားတပ်ဖွဲ့ဝင်တွေကိုမောင်းသူမဲ့ လေယာဉ်များလွှဲပြောင်းပေးရေး သဘောတူညီချက် တစ်စိတ်တစ်ပိုင်းအဖြစ် လေ့ကျင့်သင်ကြားပေး…

နှစ်နိုင်ငံကြား မောင်းသူမဲ့ လေယာဉ်များလွှဲပြောင်းပေးရေး သဘောတူညီမှု တစ်စိတ်တစ်ပိုင်းအဖြစ် အီရန်က ရုရှားတပ်ဖွဲ့ဝင်တွေကို မောင်းသူမဲ့ လေယာဉ်တွေနဲ့ ပတ်သက်တဲ့ လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်ပေးခဲ့ကြောင်း အဲဒီသဘောတူညီမှုအပေါ် အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်နိုင်တယ်လို့ အမေရိကန်အရာရှိတွေက ပြောကြားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း အီရန်မှာ ရုရှားတပ်ဖွဲ့ဝင်တွေဟာ မောင်းသူမဲ့ လေယာဉ်နဲ့ ပတ်သက်တဲ့ လေ့ကျင့်သင်ယူမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗီဒင့် ပါတဲလ်က သတင်းထောက်တွေကို သြဂုတ် ၁၁ရက်က ပြောကြားခဲ့တာပါ။

ရုရှားနဲ့ အီရန်တို့ရဲ့ လက်နက်ရောင်းဝယ်မှုတွေကို မိမိတို့ အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်နိုင်ပြီး မောင်းသူမဲ့ လေယာဉ်တွေ ရောင်းချမှုအပေါ် အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဗီဒင့် ပါတဲလ်က ပြောကြားပါတယ်။အီရန်က မောင်းသူမဲ့ လေယာဉ်တွေ အသုံးပြုနေတာနဲ့ ဖြန့်ဝေနေတာကြောင့် မိမိတို့ အထူးစိုးရိမ်နေဆဲဖြစ်ပြီး

မောင်းသူမဲ့ လေယာဉ်တွေနဲ့ ဒေသတွင်း မိမိတို့တပ်ဖွဲ့တွေနဲ့ လက်တွဲဖော်တွေရဲ့တပ်တွေကို တိုက်ခိုက်ဖို့ အသုံးပြုနိုင်သလို နိုင်ငံတကာ သင်္ဘောလုပ်ငန်းတွေကို တိုက်ခိုက်ဖို့လည်း အသုံးပြုလာနိုင်တယ်လို့ အမေရိကန်အရာရှိတွေက ပြောကြားပါတယ်။အမေရိကန်ရဲ့ အထက်ပြောဆိုမှုနဲ့ ပတ်သက်လို့ အီရန်က မှတ်ချက်ပြုတာမရှိသေးသလို ရုရှားကလည်း မှတ်ချက်မပြုသေးပါဘူး။

အီရန်က ရာနဲ့ချီတဲ့ မောင်းသူမဲ့ လေယာဉ်တွေကို ရုရှားကို လွှဲပြောင်းပေးရေး စီစဉ်နေတယ်ဆိုတဲ့ သတင်းကို ရရှိထားကြောင်း အမေရိကန် ထောက်လှမ်းရေး အရာရှိတွေက ပြီးခဲ့တဲ့လက ပြောကြားခဲ့ပြီး ရုရှား အရာရှိတွေဟာ မောင်းသူမဲ့ လေယာဉ်တွေကို လေ့လာရေး အီရန်ကို သွားရောက်ခဲ့ကြောင်း ပြောကြားပါတယ်။

ဒေသတွင်းက မဟာမိတ်တွေကို မောင်းသူမဲ့ လေယာဉ်တွေ ထောက်ပံ့ပေးနေတဲ့ အီရန်က ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားအတွက် မောင်းသူမဲ့လေယာဉ်တွေ ထောက်ပံ့ပေးမယ်ဆိုတဲ့ ပြောဆိုချက်ကြောင့် နိုင်ငံတကာက စိုးရိမ်ခဲ့ကြပါတယ်။အဲဒီအချိန်က အီရန်နိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဖုန်းဆက်သွယ်မှုအတွင်း အဲ့ဒီကိစ္စကို ငြင်းဆိုခဲ့ပါတယ်။
Crd..MyanmaPlatform

Unicode







Crd..MyanmaPlatform

Crd