TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အီဂျစ်ဘုရင် သူတတ်ခမန်းရဲ့ဂူသချိုင်း
အီဂျစ်ကို အလွန်အရေးပါတဲ့နိုင်ငံတစ်ခုအနေနဲ့ ရှေးဟောင်းသုတေသနနယ်ပယ်မှာ သတ်မှတ်ထားပါတယ်။ဒါပေမဲ့ ရာဇဝင်တွေဟာ အဆင့်ဆင့်အချက်များစွာ ရှိနေသလို နိုင်ငံရဲ့ရာဇဝင်ကိုသင်ကြားဖို့ ဆန္ဒတွေကလည်း အတော်အတန်လျော့ကျနေခဲ့ပါပြီ။
ကိစ္စတစ်ခုကပဲ ဒီအခြေအနေကို ကယ်တင်ခဲ့ပြီး တော်လှန်ရေးမီးပွားလေးလွင့်စင်လာသလို သူတို့ဟာ ရိုဆက်တာစတုန်းကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ဒါပေမဲ့ ဒီဟာကပဲစတင်ပြီးတော့ ပေါ်ပင်အရူးသမားတွေကို ကင်းတတ် ရဲ့ ဂူသင်္ချိုင်းနဲ့ အီဂျစ်ရဲ့အသုံးအေဆာင်ရတနာတွေကို ရှာဖွေဖို့ ဖြစ်ပေါ်လာစေခဲ့ပါတယ်။
သူတတ်ခမန်းဟာ အီဂျစ်ရဲ့ ဖာရိုဘုရင်တစ်ပါးဖြစ်ပြီး ဘုရင်ဖြစ်စဉ်က အသက်ကိုးနှစ်ပဲ ရှိပါသေးတယ်။သူသေဆုံးတော့ အရွယ်ရောက်ရုံလေး အသက် ၁၇ ဒါမှမဟုတ် ၁၈ ပဲ ရှိသေးတယ်လို့ သိရပါတယ်။ဒီ့နောက် သူ့ကိုမြှုပ်နှံခဲ့ပြီးတော့ သူ့ပုံပြင်လေးက ဒီလောက်နဲ့ ပြီးဆုံးသွားရမှာဖြစ်ပေမဲ့ အဲ့ဒီအစားအနည်းငယ်ဆက်ပြောရပါတော့မယ်။
၁၉၂၂ ခုနှစ်မှာတော့ ရှေးဟောင်းသုတေသီတွေဟာ သူ့ရဲ့ဂူကို ရှာဖွေတွေ့ရှိခဲ့ကြပြီး အံ့ဩမှုတွေ ဖြစ်ခဲ့ရပါတယ်။ ရတနာတွေအားလုံးဟာ ချခင်းထားပြီးတော့ ဖာရိုဘုရင်ရဲ့တိရစ္ဆာန်ကို ချီးကျူးဂုဏ်ပြုထားတဲ့ ပန်းပုရုပ်လုံးတွေနဲ့ အငမ်းမရဖြစ်စေတဲ့ရွှေတွေနဲ့ တခြားဟာတွေ အများအပြားလည်း ပါရှိပါတယ်။ဒါပေမဲ့ ဂူသင်္ချိုင်းဟာ ပြောဆိုသလောက် တော့ အရမ်းကြီးမားခဲ့တာ မဟုတ်ပါဘူး။
ဒါပေမဲ့ ယခင်ဖာရိုဘုရင်တွေထက်တော့ ဒီဘုရင်လေးအပေါ်မှာ ရက်ရောခဲ့ကြပုံပါပဲ။ဘုရင်လေးရဲ့ ဂူထဲက ရတနာတွေဟာ တွေ့ခဲ့သမျှ ဂူတွေထဲမှာ အများဆုံးဖြစ်ပြီးတော့ ဘုရင်လေးဟာ ရှေးအီဂျစ်လူသားတွေအတွက် အလွန်အရေးပါပုံရပြီး သူတို့ဟာ သူ့ရဲ့သမိုင်းနဲ့ ကြွင်းကျန်တဲ့ပစ္စည်းတွေကို အစွမ်းကုန် ကာကွယ်ထားကြပါတယ်။
ဘုရင်လေးရဲ့ ဂူကိုစတင်ဝင်ရောက်ကတည်းက သေခြင်းကျိန်စာများကိုတွေ့ခဲ့ရပြီးတော့ နောက်ပိုင်းဝင်ရောက်ခဲ့တဲ့သူတွေ ၊ရွှေတွေကို ထိကိုင်ကာ ယူဆောင်သွားခဲ့သူအချို့ဟာလည်း ကြောက်မက်ဖွယ်ကျိန်စာများမိကာသေဆုံးကြရပါတယ်။ဒါ့အပြင် ရှာဖွေတွေ့ရှိခဲ့တဲ့အဖွဲ့မှာလည်း နောင်အခါဝန်ခံခဲ့တာက သူတို့ဟာကျိန်စာများကို ထွင်လုံးများသာသာ သဘောထားခဲ့ကြပြီး အဓိကကတော့ ဘုရင်လေးရဲ့ဂူကို ရှာဖွေတွေ့ရှိဖို့သာ ဖြစ်ကြောင်း ဝန်ခံခဲ့ကြပါတယ်။
နောင်ဆယ်စုနှစ်တွေမှာလည်း အီဂျစ်မှာ ဂူသင်္ချိုင်းတွေကို ရတနာတွေနဲ့အတူ ရှာဖွေတွေ့ရှိခဲ့ကြပြီး အီဂျစ်ရဲ့သမိုင်းကြောင်း ဟာရှည်လျားပြီးတော့ ဒီလို ရတနာအမြောက်အများဟာ သဲတွေထဲမှာ နစ်မြုပ်နေဦးမယ်လို့ ယုံကြည်ထားကြပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext