TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အီဂျစ်ကရှေးဟောင်းပိရမစ်ကြီးများရဲ့ တည်ဆောက်ပုံ

ရှေးဟောင်းကမ္ဘာပတ်လည်ထဲမှာ ကြီးကျယ်ထူးဆန်းပြီး ကြီးကျယ်တဲ့ရတနာတစ်ခုကတော့ အီဂျစ်ကရှေးဟောင်းပိရမစ်ကြီးတွေပါ။ဒီကြီးမားစွာထုလုပ်ထားတဲ့အရာ သို့မဟုတ် အဆောက်အအုံကြီးကိုတော့ အီဂျစ်လူမျိုးတွေက ကိုယ်တိုင်ဆောက်လုပ်ခဲ့တာပါ။

ဒီလိုတိကျသေချာစွာနဲ့သပ်ရပ်စွာဆောက်လုပ်ခဲ့တဲ့ အဆောက်အအုံကြီးကို ရှေးလူသားတွေ ဘယ်လိုဆောက်လုပ်ခဲ့လဲဆိုတာ လူအများက စူးစမ်းလေ့လာခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ နှစ်ပေါင်းလေးထောင့်ငါးရာကြာမြင့်ပြီ ဖြစ်တဲ့ ဆင်ခြေလျှောစနစ်တစ်ခုကို အီဂျစ် ဟတ်ဒနုက အိုဟောင်းနေပြီဖြစ်တဲ့ ကျောက်ကျင်းထဲမှာ ရှာဖွေတွေ့ရှိခဲ့ကြတာပါ။

ရှာဖွေတွေ့ရှိမှုကြောင့် ဒီစနစ်ကပဲ အီဂျစ်ပိရိမစ်ကြီးတွေကို ဆောက်လုပ်ပြီးစီးခဲ့ဟန်တူတယ်လို့ တင်ပြကြပါတယ်။ဒီတော့ ဒီစနစ်က ဘယ်လိုသေချာအလုပ်လုပ်လဲဆိုတော့ အလည်မှာ ဆင်ခြေလျှောပြုလုပ်ကာ ဘေးနှစ်ဖက်ကလှေကားမှာ တိုင်များကိုစိုက်ကာပြုလုပ်ထားတဲ့စနစ်ပါလို့ ဿည်ဂျွိုင်းမစ်ရှင်းအတ် ဟတ်ဒနုက ကိုဒါရိုက်တာ ယန်းနန့်ဂိုးဒန့်က လိုက်ဖ် ဆိုင်းယင့် အင်တာဗျူးတစ်ခုမှာ ပြောထားပါတယ်။

စွပ်ဖားတွေကို အသုံးပြုကာ ကျောက်တုံးတွေကို သယ်ဆောင်ကြပြီးတော့ သစ်သားနဲ့ တွဲချည်နှောင်ထားတဲ့ ကြိုးတွေက ရှေးအီဂျစ်လူမျိုးတွေကို သစ်သားနဲ့ဆွဲနိုင်အောင် ကူညီမယ်လို့ ပြောထားပါတယ်။ကျောက်ဖြူစကျင်ကျောက်တုံးတွေကိုလည်း ကျောက်ကျင်းမှ ၂၀%လောက် မတ်စောက်တဲ့ဆင်ခြေလျှောမှ သယ်ဆောင်ခဲ့ကြတာပါ။

ဒီ့ထက်မက မတ်ချင်လည်း မတ်စောက်နိုင်တယ်လို့ သိရပါတယ်။ဘာလို့ ပိရမစ်ကြီးတွေကို အမြင့်ကြီးဆောက်လဲဆိုတဲ့ မှန်းဆချက်ကတော့ အမြင်အားဖြင့် ရှေးလူသားတွေဟာ သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းကို အထင်အရှားပြသဖို့ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

ဒီပုံစံအတိုင်း ပိရိမစ်အားလုံးကို တည်ဆောက်ခဲ့တယ်လို့တော့ လုံးလုံးလျားလျားသက်သေမပြနိုင်သေးပါဘူး။ဒါအပြင်သူတို့ဟာ ပိရမစ်ဆောက်လုပ်ဖို့ လိုအပ်တဲ့ တခြားပစ္စည်းတွေကိုလည်း မရှင်းပြနိုင်သေးပါဘူး။
ref:youtube
trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■အီဂ်စ္ကေရွးေဟာင္းပိရမစ္ႀကီးမ်ားရဲ့ တည္ေဆာက္ပုံ
ေရွးေဟာင္းကမၻာပတ္လည္ထဲမွာ ႀကီးက်ယ္ထူးဆန္းၿပီး ႀကီးက်ယ္တဲ့ရတနာတစ္ခုကေတာ့ အီဂ်စ္ကေရွးေဟာင္းပိရမစ္ႀကီးေတြပါ။ဒီႀကီးမားစြာထုလုပ္ထားတဲ့အရာ သို႔မဟုတ္ အေဆာက္အအုံႀကီးကိုေတာ့ အီဂ်စ္လူမ်ိဳးေတြက ကိုယ္တိုင္ေဆာက္လုပ္ခဲ့တာပါ။
ဒီလိုတိက်ေသခ်ာစြာနဲ႔သပ္ရပ္စြာေဆာက္လုပ္ခဲ့တဲ့ အေဆာက္အအုံႀကီးကို ေရွးလူသားေတြ ဘယ္လိုေဆာက္လုပ္ခဲ့လဲဆိုတာ လူအမ်ားက စူးစမ္းေလ့လာခဲ့ၾကပါတယ္။ ၂၀၁၈ ခုႏွစ္မွာေတာ့ ႏွစ္ေပါင္းေလးေထာင့္ငါးရာၾကာျမင့္ၿပီ ျဖစ္တဲ့ ဆင္ေျခေလၽွာစနစ္တစ္ခုကို အီဂ်စ္ ဟတ္ဒႏုက အိုေဟာင္းေနၿပီျဖစ္တဲ့ ေက်ာက္က်င္းထဲမွာ ရွာေဖြေတြ႕ရွိခဲ့ၾကတာပါ။
ရွာေဖြေတြ႕ရွိမႈေၾကာင့္ ဒီစနစ္ကပဲ အီဂ်စ္ပိရိမစ္ႀကီးေတြကို ေဆာက္လုပ္ၿပီးစီးခဲ့ဟန္တူတယ္လို႔ တင္ျပၾကပါတယ္။ဒီေတာ့ ဒီစနစ္က ဘယ္လိုေသခ်ာအလုပ္လုပ္လဲဆိုေတာ့ အလည္မွာ ဆင္ေျခေလၽွာျပဳလုပ္ကာ ေဘးႏွစ္ဖက္ကေလွကားမွာ တိုင္မ်ားကိုစိုက္ကာျပဳလုပ္ထားတဲ့စနစ္ပါလို႔ ႆည္ဂၽြိဳင္းမစ္ရွင္းအတ္ ဟတ္ဒႏုက ကိုဒါရိုက္တာ ယန္းနန႔္ဂိုးဒန႔္က လိုက္ဖ္ ဆိုင္းယင့္ အင္တာဗ်ဴးတစ္ခုမွာ ေျပာထားပါတယ္။
စြပ္ဖားေတြကို အသုံးျပဳကာ ေက်ာက္တုံးေတြကို သယ္ေဆာင္ၾကၿပီးေတာ့ သစ္သားနဲ႔ တြဲခ်ည္ေႏွာင္ထားတဲ့ ႀကိဳးေတြက ေရွးအီဂ်စ္လူမ်ိဳးေတြကို သစ္သားနဲ႔ဆြဲနိုင္ေအာင္ ကူညီမယ္လို႔ ေျပာထားပါတယ္။ေက်ာက္ျဖဴစက်င္ေက်ာက္တုံးေတြကိုလည္း ေက်ာက္က်င္းမွ ၂၀%ေလာက္ မတ္ေစာက္တဲ့ဆင္ေျခေလၽွာမွ သယ္ေဆာင္ခဲ့ၾကတာပါ။
ဒီ့ထက္မက မတ္ခ်င္လည္း မတ္ေစာက္နိုင္တယ္လို႔ သိရပါတယ္။ဘာလို႔ ပိရမစ္ႀကီးေတြကို အျမင့္ႀကီးေဆာက္လဲဆိုတဲ့ မွန္းဆခ်က္ကေတာ့ အျမင္အားျဖင့္ ေရွးလူသားေတြဟာ သူတို႔ရဲ့လုပ္ေဆာင္နိုင္စြမ္းကို အထင္အရွားျပသဖို႔ ျဖစ္နိုင္တယ္လို႔ ဆိုၾကပါတယ္။
ဒီပုံစံအတိုင္း ပိရိမစ္အားလုံးကို တည္ေဆာက္ခဲ့တယ္လို႔ေတာ့ လုံးလုံးလ်ားလ်ားသက္ေသမျပနိုင္ေသးပါဘူး။ဒါအျပင္သူတို႔ဟာ ပိရမစ္ေဆာက္လုပ္ဖို႔ လိုအပ္တဲ့ တျခားပစၥည္းေတြကိုလည္း မရွင္းျပနိုင္ေသးပါဘူး။
ref:youtube
trans:thegeektext