အာဖဂန်လေဆိပ် တိုက်ခိုက်သူတွေကို လိုက်လံချေမှုန်းမည် (သမ္မတဘိုင်ဒင်)
အာဖဂန်နစ်စတန်နိုင်ငံ ကာဘူးလ်လေဆိပ်နားမှာ ကြာသပတေးနေ့က ဖြစ်ပွါးခဲ့တဲ့ ပေါက်ကွဲမှု ၂ ခုကြောင့် အမေရိကန်တပ်သား ၁၂ ဦးနဲ့ အာဖဂန်အများအပြားသေဆုံးရမှုမှာ ကျူးလွန်သူတွေကို လိုက်လံရှာဖွေမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

“ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သူရော၊ အမေရိကန်တွေကို ထိခိုက်စေချင်သူရော၊ ဘယ်သူပဲဖြစ်ဖြစ် သိစေဖို့က ကျနော်တို့ အနေနဲ့ ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်သလို ဘယ်တော့မှလည်း မေ့ပစ်မှာ မဟုတ်ဖူးဆိုတာပါ။ လုပ်တဲ့သူကိုမမိ မိအောင် လိုက်ရှာမှာ ဖြစ်သလို လုပ်သမျှ ပြန်ပေးဆပ်ရမှာပါ – လို့ သမ္မတက ပြောပါတယ်။
တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရပေမဲ့ ဒီလကုန်မှာ တပ်တွေရုပ်သိမ်းရေး အစီအစဉ် အပြောင်းအလဲရှိမှာ မဟုတ်ကြောင်းလည်း သမ္မတက ပြောခဲ့တာပါ။
ဗုံးပေါက်ကွဲမှုကနေ အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၁၁ ဦးနဲ့ ရေတပ် ဆေးတပ်ဖွဲ့ဝင် တဦး သေဆုံးခဲ့ရပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ အမေရိကန်တပ်မှုးကြီး ဗိုလ်ချုပ် Frank McKenzie က ပင်တာဂွန် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီပေါက်ကွဲမှုတွေကြောင့် အာဖဂန် အနည်းဆုံး ၆၀ သေဆုံးပြီး ၁၄၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ အာဖဂန်အရာရှိရဲ့ ပြောကြားချက်ကို ကိုးကားပြီး AP သတင်းမှာ ဖေါ်ပြပါတယ်။ ဒီဖေါက်ခွဲတိုက်ခိုက်မှုကို သူတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ် စစ်သွေးကြွအဖွဲ့က ကြာသပတေးနေ့ ညနေပိုင်းမှာ ကြေညာခဲ့ပါတယ်။

အာဖဂန်မှာ တာလီဘန်တွေ သိမ်းပိုက်လိုက်တဲ့နောက် နိုင်ငံက ထွက်ခွါလိုသူ ထောင်ပေါင်းများစွာလာရောက် စုဝေးနေတဲ့ ကာဘူးလ် လေဆိပ်အပြင်ဘက်မှာ ဗုံးခွဲအတိုက်ခိုက်ခံခဲ့ရတာပါ။ ပထမဗုံးဟာ လေဆိပ်ရဲ့ Abbey ဂိတ်ပေါက်ဝမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး အများအပြား သေကြေဒဏ်ရာရစေခဲ့သလို ဒုတိယဗုံးကတော့ အဲဒီ ဂိတ်ပေါက်ဝနဲ့ သိပ်မဝေးတဲ့ Baron ဟော်တယ်နားမှာ ပေါက်ကွဲခဲ့တာလို့ ပင်တာဂွန် ပြောခွင့်ရ John Kirby က ပြောပါတယ်။ ပထမဗုံးဟာ အမျိုးသမီးတွေအပါအဝင် လူအများအပြားစုဝေးရာ နေရာမှာ အသေခံဗုံးခွဲသမားက တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း တာလီဘန်အကြီးတန်းတာဝန်ခံ တဦးက VOA ကိုပြောပါတယ်။
လေဆိပ်မှာ အကြမ်းဖက် တိုက်ခိုက်မှု လုပ်မယ့် အန္တရာယ် ရှိတဲ့ အတွက် ဘေးကင်းရာနေရာ ရွှေ့ကြဖို့ အနောက်နိုင်ငံအစိုးရတွေက သတိပေးခဲ့ပြီး နာရီပိုင်းအကြာမှာ ခုလို တိုက်ခိုက်ခံရတာပါ။
VOA
ကာဘူးလ္ေလဆိပ္နားမွာ ၾကာသပေတးေန႔က ျဖစ္ပြါးခဲ့တဲ့ ေပါက္ကြဲမႈ ၂ ခုေၾကာင့္ အေမရိကန္တပ္သား ၁၂ ဦးနဲ႔ အာဖဂန္အမ်ားအျပားေသဆုံးရမႈမွာ က်ဴးလြန္သူေတြကို လိုက္လံရွာေဖြမွာ ျဖစ္ေၾကာင္း အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ၾကာသပေတးေန႔မွာ ေျပာၾကားလိုက္ပါတယ္။
“ဒီတိုက္ခိုက္မႈကို လုပ္ေဆာင္ခဲ့သူေရာ၊ အေမရိကန္ေတြကို ထိခိုက္ေစခ်င္သူေရာ၊ ဘယ္သူပဲျဖစ္ျဖစ္ သိေစဖို႔က က်ေနာ္တို႔ အေနနဲ႔ ဘယ္ေတာ့မွ ခြင့္လႊတ္မွာ မဟုတ္သလို ဘယ္ေတာ့မွလည္း ေမ့ပစ္မွာ မဟုတ္ဖူးဆိုတာပါ။ လုပ္တဲ့သူကိုမမိ မိေအာင္ လိုက္ရွာမွာ ျဖစ္သလို လုပ္သမွ် ျပန္ေပးဆပ္ရမွာပါ – လို႔ သမၼတက ေျပာပါတယ္။
တိုက္ခိုက္မႈနဲ႔ ႀကဳံခဲ့ရေပမဲ့ ဒီလကုန္မွာ တပ္ေတြ႐ုပ္သိမ္းေရး အစီအစဥ္ အေျပာင္းအလဲရွိမွာ မဟုတ္ေၾကာင္းလည္း သမၼတက ေျပာခဲ့တာပါ။
ဗုံးေပါက္ကြဲမႈကေန အေမရိကန္ မရိန္းတပ္ဖြဲ႕ဝင္ ၁၁ ဦးနဲ႔ ေရတပ္ ေဆးတပ္ဖြဲ႕ဝင္ တဦး ေသဆုံးခဲ့ရၿပီး ၁၅ ဦး ဒဏ္ရာရခဲ့တယ္လို႔ အေမရိကန္တပ္မႈးႀကီး ဗိုလ္ခ်ဳပ္ Frank McKenzie က ပင္တာဂြန္ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။ ဒီေပါက္ကြဲမႈေတြေၾကာင့္ အာဖဂန္ အနည္းဆုံး ၆၀ ေသဆုံးၿပီး ၁၄၃ ေယာက္ ဒဏ္ရာရခဲ့တယ္လို႔ အာဖဂန္အရာရွိရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး AP သတင္းမွာ ေဖၚျပပါတယ္။ ဒီေဖါက္ခြဲတိုက္ခိုက္မႈကို သူတို႔လက္ခ်က္ျဖစ္ေၾကာင္း အိုင္အက္စ္ စစ္ေသြးႂကြအဖြဲ႕က ၾကာသပေတးေန႔ ညေနပိုင္းမွာ ေၾကညာခဲ့ပါတယ္။
အာဖဂန္မွာ တာလီဘန္ေတြ သိမ္းပိုက္လိုက္တဲ့ေနာက္ ႏိုင္ငံက ထြက္ခြါလိုသူ ေထာင္ေပါင္းမ်ားစြာလာေရာက္ စုေဝးေနတဲ့ ကာဘူးလ္ ေလဆိပ္အျပင္ဘက္မွာ ဗုံးခြဲအတိုက္ခိုက္ခံခဲ့ရတာပါ။ ပထမဗုံးဟာ ေလဆိပ္ရဲ႕ Abbey ဂိတ္ေပါက္ဝမွာ ေပါက္ကြဲခဲ့တာ ျဖစ္ၿပီး အမ်ားအျပား ေသေၾကဒဏ္ရာရေစခဲ့သလို ဒုတိယဗုံးကေတာ့ အဲဒီ ဂိတ္ေပါက္ဝနဲ႔ သိပ္မေဝးတဲ့ Baron ေဟာ္တယ္နားမွာ ေပါက္ကြဲခဲ့တာလို႔ ပင္တာဂြန္ ေျပာခြင့္ရ John Kirby က ေျပာပါတယ္။ ပထမဗုံးဟာ အမ်ိဳးသမီးေတြအပါအဝင္ လူအမ်ားအျပားစုေဝးရာ ေနရာမွာ အေသခံဗုံးခြဲသမားက တိုက္ခိုက္ခဲ့တာ ျဖစ္ေၾကာင္း တာလီဘန္အႀကီးတန္းတာဝန္ခံ တဦးက VOA ကိုေျပာပါတယ္။
ေလဆိပ္မွာ အၾကမ္းဖက္ တိုက္ခိုက္မႈ လုပ္မယ့္ အႏၲရာယ္ ရွိတဲ့ အတြက္ ေဘးကင္းရာေနရာ ေ႐ႊ႕ၾကဖို႔ အေနာက္ႏိုင္ငံအစိုးရေတြက သတိေပးခဲ့ၿပီး နာရီပိုင္းအၾကာမွာ ခုလို တိုက္ခိုက္ခံရတာပါ။