အိုင်ဒေါတွေနဲ့ပတ်သက်တဲ့ လွဲမှားနေတဲ့ အမြင်တွေကို ပြောပြခဲ့တယ် Girls Generation အဖွဲ့ဝင် Taeyeon

Korea News

Copyright©2021 ကူးယူခြင်းလုံးဝခွင့်မပြုပါ။

အိုင်ဒေါတွေနဲ့ပတ်သက်တဲ့ လွဲမှားနေတဲ့ အမြင်တွေကို ပြောပြခဲ့တယ် Girls Generation အဖွဲ့ဝင် Taeyeon

ပရိတ်သတ်အများစု အနည်းဆုံး တကြိမ်တော့ ဒီလိုမျိုး ခံစားဖူးကြပါတယ်၊

Girls’ Generation’s Taeyeon | ELLE KOREA/YouTube

Girls Generation အဖွဲ့ဝင် Taeyeonဟာ ယခုတပတ်၌ ELLE Korea မီဒီယာနှင့် တစ်ကိုယ်တော် အင်တာဗျူး လုပ်ခဲ့ပြီး အိုင်ဒေါ တွေနဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေ အထင်မှားနေတဲ့ အကြောင်းအရာတွေအပြင် တကာ်တမ်း သူတို့ လုပ်ကိုင်နေရတဲ့ အလုပ်က ဘယ်လိုလဲဆိုတာ ကို ရှင်းပြခဲ့ပါတယ်၊

Girls’ Generation’s Taeyeon | ELLE KOREA/YouTube

တောင်ကိုရီယားတခွင်က ပရိတ်သက်တွေဟာ Taeyeon ထံသို့ မေးခွန်းတချို့ ပေးပို့ခဲ့ကြပါတယ်၊အသက်26နှစ်အရွယ် ဒီဇိုင်နာ Yang Soo Jin ကမေးခွန်းကောင်တခုကို ပေးပို့ခဲ့ပါတယ်၊” လူတွေက သင်တို့ရဲ့ အလုပ်ပေါ် ထားတဲ့ အကြီးမားဆုံး အမြင်မကြည် မနှစ်သက်မှုက ဘာဖြစ်မလဲ” အိုင်ဒေါတ‌စ်ယောက်အပြင် ဖျော်ဖြေသူအဖြစ် ပါ အလုပ်လုပ်ရတာဟာ အံ့ဩစရာကောင်းပေမယ့် ဆက်စပ်မှုမရှိတာကြောင့် လူတွေက အခုလိုမျိုး တကယ့်လက်တွေ့ က ဘာဆိုတာ မသိပဲ အထင်မှားတာဟာ အံ့ဩစရာမရှိပါဘူး၊

Girls’ Generation’s Taeyeon | ELLE KOREA/YouTube

ဒါပေမယ့် Taeyeon အတွက်တော့ အထင်မှားမှုတခုဟာ မကြာခဏကိုကြုံရပါတယ်၊ သူမဟာ မကြာခဏကြားနေရတဲ့ မလိုမုန်းထားစကားတွေကို ခုလိုပဲပြောပြခဲ့ပါတယ်၊” မင်းဟာ အခုလို လှလှပပလေးတွေ အမြဲဝတ်စားနေရတယ်၊ ငါ့လဲ မင်းလို မျိုး ပရိတ်သက်တွေရဲ့ အာရုံစိုက်မှုကိုရချင်တယ်၊ “

Girls’ Generation’s Taeyeon | ELLE KOREA/YouTube

တကယ်တော့ Kpop အိုင်ဒေါတွေရဲ့ ကျော်ကြားမှုနဲ့ ကံတရားကို မနာလိုတာမျိုးက ပရိတ်တွေ အနည်းဆုံးတကြိမ်တော့ခံစားဖူးမှာပါ၊Taeyeon ဟာ ယခုလိုမျိုး စကားတွေကို အကြိမ်ပေါင်းများစွာ ကြားရတဲ့အကြောင်းဝန်ခံ ခဲ့ပါတယ်၊ ဒါပေမယ့် အမြဲတစေ ပရိတ်သတ်ရဲ့ အာရုံစိုက်ခံရတာဟာ အဆင်မပြေကြောင်း ရှင်းပြခဲ့ပါတယ်၊

Girls’ Generation’s Taeyeon | ELLE KOREA/YouTube

“တခါတလေ ကျွန်မ အားလုံးကိုလွှတ်ချပြီး အနားယူချင်တယ် “ လို့ ဝန်ခံခဲ့ပေမယ့် တကယ်တမ်းကြတော့လည်း မလွယ်ကူပါဘူး၊

Taeyeon ကို စောင့်ကြည့်နေတဲ့မျက်လုံးတွေနဲ့ သူမကို အားကိုးတဲ့ ပရိတ်သတ် ထောင်ပေါင်းစွာရှိနေတာဟာ သူမကို အခက်အခဲထဲ တွန်းပို့နေတယ်လို့ ခံစားရစေပါတယ်၊”ကျွန်မဟာ Girls Generationအဖွဲ့ဝင်တယောက် ဖြစ်ပြီး ပရိတ်သက်တွေအပေါ် ဘယ်လောက်လွှမ်းမိုးနိုင်သလဲဆိုတာ သိလာတာနဲ့အမျှ တာဝန်ယူလိုစိတ်တွေ ပိုများလာပါတယ် လို့လည်းရှင်းပြထားပါတယ်၊

Ref: Koreaboo
Trans : Evelyn

zawgyi



Girls Generation အဖွဲ့ဝင် Taeyeonဟာ ယခုတပတ်၌ ELLE Korea မီဒီယာနှင့် တစ်ကိုယ်တော် အင်တာဗျူး လုပ်ခဲ့ပြီး အိုင်ဒေါ တွေနဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေ အထင်မှားနေတဲ့ အကြောင်းအရာတွေအပြင် တက်ာတမ်း သူတို့ လုပ်ကိုင်နေရတဲ့ အလုပ်က ဘယ်လိုလဲဆိုတာ ကို ရှင်းပြခဲ့ပါတယ်၊






Ref: Koreaboo
Trans : Evelyn

Copyright©2021 ကူးယူခြင်းလုံးဝခွင့်မပြုပါ။