အိမ်ထောင်ရေးဖောက်ပြန်မှုသတင်းကို ဖတ်ရှုလေ့ရှိသောကြောင့် ဇနီးအပေါ်သံသယမကင်းဖြစ်ပြီး သမီးကို DNA စစ်ဆေးရန် ခေါ်သွားပေမယ့် ဆရာဝန်က မစစ်ဆေးဘဲ သားအဖကို အိမ်ပြန်ခိုင်းခဲ့တဲ့အဖြစ်

အိမ်ထောင်ရေးဖောက်ပြန်မှုသတင်းကို ဖတ်ရှုလေ့ရှိသောကြောင့် ဇနီးအပေါ်သံသယမကင်းဖြစ်ပြီး သမီးကို DNA စစ်ဆေးရန် ခေါ်သွားပေမယ့် ဆရာဝန်က မစစ်ဆေးဘဲ သားအဖကို အိမ်ပြန်ခိုင်းခဲ့တဲ့အဖြစ်




JRose(Tgidailynews)

Zawgyi

အိမ်ထောင်ရေးဖောက်ပြန်မှုသတင်းကို ဖတ်ရှုလေ့ရှိသောကြောင့် ဇနီးအပေါ်သံသယမကင်းဖြစ်ပြီး သမီးကို DNA စစ်ဆေးရန် ခေါ်သွားပေမယ့် ဆရာဝန်က မစစ်ဆေးဘဲ သားအဖကို အိမ်ပြန်ခိုင်းခဲ့တဲ့အဖြစ်

သတင်းများအရ၊ တရုတ်နိုင်ငံ Henan ပြည်နယ်မှ Lu Xiang အမည်ရှိ အမျိုးသားဟာ အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ သွေးချင်းဆက်ဆံရေးဆိုင်ရာ သတင်းများစွာကို ဖတ်ရှုလေ့ရှိတာပါ။ ဒါ့ကြောင့်လည်း သူ့ဇနီးဟာလည်း သစ္စာမဲ့နိုင်ပြီး သူ့ရဲ့လက်ရှိသမီးငယ်က သူ့သမီးအရင်းမဟုတ်ကြောင်း သူစိတ်ကနေ အမြဲတမ်း မယုံတင်ကာဖြစ်နေခဲ့ပါတယ်။ မစ္စတာ Lu Xiang က သူ့သမီးကို DNA စစ်ဆေးဖို့ ဆေးရုံသို့ ခေါ်သွားရန်ဆုံးဖြတ်ခဲ့ပြီး သူ့မိန်းမကိုအကြောင်းမကြားဘဲ လျှို့ဝှက်စွာသွားခဲ့ပါတယ်။

ဆေးရုံရောက်တော့ မစ္စတာ Lu Xiang က “ကလေးကို DNA စစ်ချင်တယ်”လို့ ပြောတဲ့အခါမှာ ဆရာဝန်က သူရော သူ့သမီးကို တွေ့တော့ ရယ်ပြီး မစစ်ဆေးဘဲ အိမ်ပြန်ခိုင်းခဲ့ပါတယ်။ မစ္စတာ Lu Xiang က ဆရာဝန်ရဲ့ လုပ်ရပ်ကြောင့် နားလည်ဖြစ်နေခဲ့ပါတယ်။ အဲဒီနောက် Mr. Lu Xiang က ဒီဇာတ်လမ်းကို ယူပြီးတော့ သူ့ရဲ့ကိုယ်ပိုင် page မှာ တင်လိုက်ပါတယ်။ သူနဲ့သူ့သမီးလေးရဲ့ပုံတွေကိုပါတွဲတင်ပြီး သူနဲ့သူ့သမီးလေးက အမွှာတွေလိုဖြစ်နေတာကြောင့်ဘဲဆိုပြီး အင်တာနက်အသုံးပြုသူတွေက ရဲ့မှတ်ချက်ပေးခဲ့ပါတယ်။

သူတို့သားအဖရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ပုံအချိုးအစားပဲဖြစ်ဖြစ် ကြည်လိုက်မဲ့ဆိုရင် အတူတူပဲဆိုတာကို သိသာနေပါတယ်။ ဒီအမျိုးသားရဲ့ အဖြစ်ကတော့ အင်တာနက်သုံးသူတွေကို ရယ်မောစေခဲ့ပါတယ်။ အားလုံးကတော့ သူတို့ဟာ သားအဖအရင်းခေါက်ခေါက်ဘဲလို့ ရှင်းရှင်းလင်းလင်း ကောက်ချက်ချခဲ့ပါတယ်။

JRose(Tgidailynews)

Crd



Post Views:
9

Crd