အိမ်စီးကားများ ရောင်းချသူ များပြားလာတဲ့ လတ်တလော ကားစျေးကွက် အခြေအနေ

အိမ်စီးကားများ ရောင်းချသူ များပြားလာတဲ့ လတ်တလော ကားစျေးကွက် အခြေအနေ













အိမ်စီးကားများ ရောင်းချသူများပြားလာပြီး ကားစျေးနှုန်းများ ကျသွားမလား၊ ပြန်လည် မြင့်တက်မလားဆိုတာ ခန့်မှန်းရခက်နေတဲ့ ကားဈေးကွက်..

ယခုရက်ပိုင်းအတွင်း ကားဈေးနှုန်းတွေ ငြိမ်နေပြီး အိမ်စီးကားရောင်းချသူတွေ များလာတယ်လို့ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (ရန်ကုန်) YRAMDA တာဝန်ရှိသူက အခုလို သုံးသပ်ထားပါတယ်။

“ဈေးလည်း အနည်းငယ်လျှော့ရောင်းပေးလာတာကိုတွေ့ရတယ်” လို့ ၎င်းဆိုပါတယ်။ ဩဂုတ်လဆန်းပိုင်းက ဒေါ်လာပေါက်ဈေး ၂၅၀၀-၂၆၀၀ ကျပ်ဝန်းကျင်ခန့်မှာ Suzuki CIAZ 2018 က ကျပ်သိန်း ၃၉၀၊ Hyundai Accent (2020) ကကျပ်သိန်း ၅၀၀ Suzuki Swift 2018 ကကျပ်သိန်း ၃၄၀ ခန့်သာပေါက်ဈေးရှိခဲ့ပေမယ့် ဒေါ်လာဈေးကကျပ် ၃၀၀၀ မှ ၄၂၀၀ အထိစံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ကားဈေးတွေလည်း နှစ်ဆင့်ခုန်တက်ခဲ့ပါတယ်။

“တကယ်လည်းတက်သင့်တာကိုး။ ငွေဈေးက ၆၂ ရာခိုင်နှုန်းလောက်ကွာဟသွားတာ” လို့ ယင်းကဆက်ပြောထားပါတယ်။ စံချိန်တင်ငွေဈေးကြောင့် ကားဈေးကအမျိုးအစားပေါ်မူတည်ကာ ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ငွေဈေးတက်ခဲ့တဲ့ ၆၂ ရာခိုင်နှုန်း အချိုးလောက်မတက်ခဲ့သော်လည်း အဲ့ဒီအချိန်မှာ အရောင်းအဝယ်ပုံမှန်အားကောင်းခဲ့တယ်လို့ သိရပါတယ်။

“အခု ငွေဈေး ကျပ် ၃၂၀၀-၃၀၅၀ ဝန်းကျင်ထိ တဖြည်းဖြည်းငြိမ်လာတဲ့အချိန် ကားဈေးကျမလားဆိုတဲ့ အမေးတွေမေးလာပါတယ်။ ကားပါမစ်ပိတ်ထားသေးတာကြောင့် ဝယ်လိုအားနဲ့ရောင်းလိုအားက အဓိကကျပါတယ်။

ငွေဈေးပြန်ငြိမ်ပေမဲ့ ဩဂုတ်လဆန်းပိုင်းဈေး ကျပ် ၂၆၀၀ ဝန်းကျင်ထိ လောလောဆယ် ၈ လပိုင်း ကားဈေးလောက်ပြန်မရောက်နိုင်သေးပါဘူး” လို့ ၎င်းကပြောပါတယ်။ ဒေါ်လာငွေလဲနှုန်းက အရင်ဈေး ကျပ် ၂၆၀၀ ကနေ ယခုအခါ ကျပ် ၃၀၅၀ အကြား ၂၃ ရာခိုင်နှုန်းခန့် ကွာဟချက် ရှိနေတာကြောင့် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း တင်ထားတဲ့ အမြင့်ကားတစ်ချို့အဝယ်နည်းပြီး အရောင်းများလာရင် ဆင်းပေးရမှာဖြစ်ပေမယ့် “ငွေဈေး ဘယ်လောက်ထိကျသွားမလဲ။ ဒါမှမဟုတ် ဒီဈေးမှာ ဘယ်လောက်ကြာကြာ တောင့်ခံပေးနိုင်မလဲဆိုတာကလည်း စကားပြောပါလိမ့်မယ်” လို့ ယင်းကဆိုထားပါတယ်။

“ဒါကြောင့် ဒီရက်ပိုင်း ငွေဈေးဘယ်လောက်ဈေးမှာတည်ငြိမ်မလဲ။ ဈေးကွက်အတွင်းရောင်းလိုအား ဝယ်လိုအား၊ မူဝါဒအပြောင်းအလဲ ရှိနိုင်/မရှိနိုင် အပေါ်မှုတည်ပြီး ဘယ်ကားတွေ ဘယ်ဈေးဖြစ်သွားမလဲဆိုတာ ခန့်မှန်းရခက်ပြီး စောင့်ကြည့်သွားရမှာဖြစ်ပါတယ်” လို့ သုံးသပ်ထားပါတယ်။



Post Views:
1








Crd