အိမ်ကို ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ပရိသတ်တွေအတွက် အလွမ်းပြေ စကားလေး ဆိုလာတဲ့ ပိုပို

Photo – Po Po
အိမ်ကို ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ပရိသတ်တွေအတွက် အလွမ်းပြေ စကားလေး ဆိုလာတဲ့ ပိုပို
🥰🥰🥰
ပိုပိုကတော့ သီချင်းအေးအေးလေးတွေရယ် ချိုသာတဲ့ အသံလေးတွေရယ်နဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။တေးသီချင်းအမျိုးအစား အစုံအလင်ကို သီဆိုနိုင်စွမ်းရှိတဲ့ ပိုပိုက သီချင်းကောင်းလေးတွေ အများအပြားထွက်ရှိခဲ့တာ ဖြစ်ပါတယ် ။
ပိုပိုရဲ့သီချင်းတော်တော်များများကလည်းလူငယ်ပရိသတ်တွေရဲ့နှစ်ခြိုက်အားပေးမှုကို ရရှိနေတာပါ ။ တစ်မူထူးခြားတဲ့ သီဆိုဟန်လေးနဲ့ ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့တဲ့ ပိုပိုက အဆိုကောင်းသလို ရုပ်ရည်လေးကလည်း ချောမောလှပနေတာပါ ။
ပိုပိုက မကြာခင်ကမှ ပြန်လည်လွတ်မြောက်လာကာ သူမနေအိမ်ကိုရောက်ရှိနေတာလည်း ဖြစ်ပါတယ် ။ ယနေ့မှာတော့ သူမကို လွမ်းနေကြတဲ့ ပရိသတ်တွေကို ” အိမ်ကို လာချစ်ခြင်းတွေ ပေးသောတူ တူမလေးတွေ နဲ့ 👩👧👦 အားလုံးရဲ့ ချစ်ခြင်းမေတ္တာများကြောင့် အိမ်ကို ပြန်ရောက်ပါပြီရှင် လွမ်းနေခဲ့ပါတယ် 🥲🥰 popo #ပိုပို #octoberအမှတ်တရ စကား ” အမှတ်တရ ရေးသားဖော်ပြလာရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။
Photo – Po Po
Crd