အိမ်ကိုယုံကြည်စွာဖြင့် ၁၅နှစ်လောက်ပေးငှားခဲ့ပြီး ပြန်လာအပ်သည့်အချိန်မှ သွားရောက်စစ်ဆေးခဲ့ရာ အိမ်ထဲကအမှိုက်တွေကို ဒေါ်လာ၂၀၀၀၀အထိအကုန်အကျခံပြီး သန့်ရှင်းရေးလုပ်လိုက်ရသည့်အိမ်ပိုင်ရှင်

News Social News





Zawgyi

လူတိုင်းသည် ဘဝကို အဆင်ပြေစွာဖြင့် ရေရှည်ရပ်တည်နိုင်ရန်အတွက် အလုပ်မျိုးစုံကို ကြိုးစားလုပ်ကိုင်ကြရတာဖြစ်ပါတယ်။လုပ်ငန်းမျိုးစုံထဲမှ မိမိတို့ပိုင်ဆိုင်သော နေအိမ်အဆောက်အဦးတွေကို ငှားရမ်းပြီး ဝင်ငွေရှာဖွေခြင်းလည်းပါဝင်ပါတယ်။

 

ယခုတွင်တော့ အင်္ဂလန်နိုင်ငံက အသက်၅၄နှစ်အရွယ်ရှိပြီဖြစ်သည့် Danny Hernonဟာ သူ၏နေအိမ်တစ်လုံးကို အခြားသူအား ငှားရမ်းအသုံးပြုစေခဲ့တာဖြစ်ပါတယ်။ထို့နောက်နှစ်ပေါင်း၁၅နှစ်ကြာမှ အိမ်ပြန်လာအပ်လို့ အိမ်ကိုသွားစစ်ဆေးခဲ့ပါတယ်။

ထိုအခါမှာတော့ နေအိမ်ထဲက ပြည့်နှက်နေသည့်အမှိုက်များကြောင့် အလုပ်သမားများကို ခေါ်ယူခဲ့ပြီး သိမ်းဆည်းပြင်ဆင်ခဲ့ရပါတယ်။ထို့ကြောင့် အမှိုက်များကိုသန့်ရှင်းစေဖို့နှင့် အိမ်ကိုပြင်ဆင်ဖို့အတွက် အိမ်ပိုင်ရှင်ဟာ ဒေါ်လာ၂၀၀၀၀လောက် ကုန်ကျသွားခဲ့ပါတယ်။

Crd