■အိပ်ယာဝင်ပုံပြင်ထဲမှရက်ပန်ဇယ်လ်လိုဆံပင်အရှည်မျိုးနဲ့ အမျိုးသမီးများ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■အိပ်ယာဝင်ပုံပြင်ထဲမှရက်ပန်ဇယ်လ်လိုဆံပင်အရှည်မျိုးနဲ့ အမျိုးသမီးများ

ရှည်လျားလှပသော ဆံပင်ရှိတဲ့ ကောင်မလေး ရက်ပန်ဇယ်လ်အကြောင်း အိပ်ရာဝင်ပုံပြင်ကို သင်မှတ်မိပါသလား။
တကယ်လို့ သင်ဟာ ရက်ပန်ဇယ်လ်လို ကောင်မလေးမျိုးကို နတ်သမီးပုံပြင်တွေမှာသာ ရှာတွေ့မယ်လိုထင်နေရင်တော့ တရုတ်နိုင်ငံ အနောက်တောင်ဒေသမှာရှိတဲ့ ဟွမ်းလူအို ရွာက အမျိုးသမီးတွေကတော့ သင်မှားနေကြောင်း သက်သေပြကြမှာပါ။

အဆိုပါ ယိုလူမျိုးစုရဲ့ အမျိုးသမီးတွေက ပျမ်းမျှအားဖြင့် ၄.၅ ပေခန့်ရှည်လျားတဲ့ ဆံပင်ကို ပိုင်ဆိုင်ထားကြပါတယ်။
ဘယ်လောက်တောင်အံ့အားသင့်ဖွယ်ကောင်းလဲဆိုရင် သူတို့ဟာ ဆံပင်ကို တစ်သက်မှာတစ်ခါမှ ညှပ်ကြပါသတဲ့။
ဒီလိုဖြစ်ရပ်မျိုးဟာလည်း သူတို့ လက်မထပ်ခင်မှာတစ်ကြိမ်တစ်ခါသာ ဖြစ်ပျက်ပါတယ်။

ဒီလိုမျိုး ပန်းထိုးထားတဲ့ အနီရောင် ဂါဝန်ကိုဝတ်ပြီး ဆံပင်ကိုအရှည်ထားတဲ့ ရှေးဟောင်းရိုးရာဟာဆိုရင် နှစ်ပေါင်း ၂,၀၀၀ ခန့်ကြာမြင့်ပြီလို့ ယုံကြည်ကြပါတယ်။
ဒေသက အမျိုးသမီးတွေကလည်း သူတို့ရဲ့ဆံပင်တွေရှည်ပြီး တောက်ပချောမွေ့အောင် လုပ်တဲ့ လျှို့ဝှက်ချက်တွေရှိပါတယ်။
အဲ့လျှို့ဝှက်ချက်ကို ပြောပြစေချင်လား ?

သူတို့ဟာ ဆံပင်တွေကို အနီးအနားမှာရှိတဲ့ မြစ်ချောင်းထဲက ရေနှင့် ဆန်ကို အသုံးပြုပြီး လျှော်ကြလို့ပဲဖြစ်ပါတယ်။
ဘာလို့ ဒီအမျိုးသမီးတွေက သူတို့ရဲ့ဆံပင်တွေကို အရှည်ထားကြတာလဲဆိုတာ စိတ်ဝင်စားနေပြီမဟုတ်လား။

အဲ့ဒါက ဘာလို့လဲဆိုတော့ ဒီဆံပင်တွေဟာ သူတို့ကို အသက်ရှည်စေခြင်း၊ ချမ်းသာစေခြင်းနှင့် ကံကောင်းခြင်းတွေကို ယူဆောင်လာပေးတယ်လို့ ယုံကြည်ကြလို့ပဲ ဖြစ်ပါတယ်။
သူတို့ဆံပင်ရှည်လာတာနှင့်အမျှ ကံလည်းပိုကောင်းတတ်ကြပါတယ်တဲ့။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext