အိပ်ပျော်နေချိန် ဖုန်းထဲက ရဲစခန်းနံပါတ်ကို မတော်တဆနှိပ်မိလို့ အဖမ်းခံလိုက်ရတဲ့ ဂျာမန်မူးယစ်ဆေးရောင်းဝယ်သူ

ဂျာမန်မူးယစ်ဆေးဝါးရောင်းဝယ်သူတစ်ဦးဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဉ်အတွင်း သူ့ရဲ့ဖုန်းကို မတော်တဆထိမိခဲ့ရာမှာ ရဲတပ်ဖွဲ့နံပါတ်ကို ထိမိသွားခဲ့ပြီးနောက် ဖမ်းဆီးခံလိုက်ရတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။စနေနေ့မနက်ပိုင်း တစ်နာရီခန့်က ရဲတပ်ဖွဲ့ထိန်းချုပ်ခန်းအတွင်းမှာ ဖုန်းခေါ်ဆိုသံမြည်လာခဲ့ပြီး နားထောင်ခဲ့ရာမှာ ဟောက်သံနဲ့ ညည်းတွားသံတွေကို ကြားနေခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အရေးပေါ်ဖြေရှင်းမှုတော့ မပြုလုပ်နိုင်ခဲ့ဘဲ ဖုန်းတည်နေရာကို နောက်ယောင်ခံလိုက်ရာမှာ ကိုလုံးမြို့နဲ့ မိုင်ပေါင်း ၃၀ ကွာဝေးတဲ့ Waldbrol မြို့က အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးဆိုတာကို သိခဲ့ရပြီး အရာရှိတွေကို စေလွှတ်ခဲ့ရပါတယ်။အဆိုပါ အမျိုးသားနဲ့အတူ နေထိုင်နေတဲ့ အသက် ၂၁ နှစ်အရွယ် အဖော်ဖြစ်သူက ရဲတွေကို တံခါးဖွင့်ပေးခဲ့ချိန်မှာတော့ ဆေးခြောက်နံ့တွေ ရရှိခဲ့ပါတယ်။
ဆိုဖာပေါ်မှာ အိပ်ပျော်နေတဲ့ မူးယစ်ဆေးရောင်းသူရဲ့ အိပ်ကပ်အတွင်း ရှာဖွေမှုတွေပြုလုပ်ခဲ့ရာမှာတော့ လန့်နိုးခဲ့ကာ သူ့ရှေ့မှာ ရဲတွေရောက်နေတာကို မြင်တွေ့ခဲ့ရပြီး ဘာကြောင့်ရောက်လာလဲတောင် မသိဘူးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ဖုန်းခေါ်ဆိုမှုမှတ်တမ်းကို ပြန်လည်ကြည့်ရှုခြင်းမပြုခင်အထိ မူးယစ်ဆေးရောင်းသူဟာ ရဲတွေကို သူ မခေါ်ဆိုခဲ့ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့် စစ်ဆေးလိုက်ချိန်မှာတော့ အရေးပေါ်အကူအညီတောင်းခံတဲ့နံပါတ်ကို အကြိမ်ကြိမ်ခေါ်ဆိုခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ထပ်မံရှာဖွေမှုတွေအရ ဆေးခြောက်တင်မကဘဲ အခြားမူးယစ်ဆေးဝါးတွေနဲ့ အသုံးပြုပစ္စည်းတွေကိုပါ တွေ့ရှိခဲ့ပြီး ဆေးပြား၊ ကိုကင်း၊ အမ်ဖတမင်းနဲ့ ငွေကြေးတွေ တွေ့ရှိခဲ့ပြီး တော်တော်လေးများပြားတယ်လို့ ပြောဆိုခွင့်ရ ရဲအရာရှိတစ်ဦးက ဆိုပါတယ်။
“နည်းတဲ့ပမာဏမဟုတ်ပါဘူး၊ နှစ်ဦးစလုံးကို အမှုဖွင့်ထားတယ်လို့လည်း ကျွန်တော်တို့ ထင်ပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။ အခုအခါမှာတော့ သူတို့ကို ဖမ်းဆီးထားပြီး တရားစွဲဆိုသွားမှာဖြစ်ကာ ထောင်ဒဏ်ချမှတ်ခံရတော့မှာလည်းဖြစ်ပါတယ်။
The River News
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။
zawgyi
အိပ္ေပ်ာ္ေနခ်ိန္ ဖုန္းထဲက ရဲစခန္းနံပါတ္ကို မေတာ္တဆႏွိပ္မိလို႔ အဖမ္းခံလိုက္ရတဲ့ ဂ်ာမန္မူးယစ္ေဆးေရာင္းဝယ္သူ
ဂ်ာမန္မူးယစ္ေဆးဝါးေရာင္းဝယ္သူတစ္ဦးဟာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနစဥ္အတြင္း သူ႔ရဲ့ဖုန္းကို မေတာ္တဆထိမိခဲ့ရာမွာ ရဲတပ္ဖြဲ႕နံပါတ္ကို ထိမိသြားခဲ့ၿပီးေနာက္ ဖမ္းဆီးခံလိုက္ရတယ္လို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။စေနေန႔မနက္ပိုင္း တစ္နာရီခန႔္က ရဲတပ္ဖြဲ႕ထိန္းခ်ဳပ္ခန္းအတြင္းမွာ ဖုန္းေခၚဆိုသံျမည္လာခဲ့ၿပီး နားေထာင္ခဲ့ရာမွာ ေဟာက္သံနဲ႔ ညည္းတြားသံေတြကို ၾကားေနခဲ့ရတယ္လို႔ ဆိုပါတယ္။
ဒါေၾကာင့္ အေရးေပၚေျဖရွင္းမႈေတာ့ မျပဳလုပ္နိုင္ခဲ့ဘဲ ဖုန္းတည္ေနရာကို ေနာက္ေယာင္ခံလိုက္ရာမွာ ကိုလုံးၿမိဳ႕နဲ႔ မိုင္ေပါင္း ၃၀ ကြာေဝးတဲ့ Waldbrol ၿမိဳ႕က အသက္ ၂၃ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးဆိုတာကို သိခဲ့ရၿပီး အရာရွိေတြကို ေစလႊတ္ခဲ့ရပါတယ္။အဆိုပါ အမ်ိဳးသားနဲ႔အတူ ေနထိုင္ေနတဲ့ အသက္ ၂၁ ႏွစ္အရြယ္ အေဖာ္ျဖစ္သူက ရဲေတြကို တံခါးဖြင့္ေပးခဲ့ခ်ိန္မွာေတာ့ ေဆးေျခာက္နံ့ေတြ ရရွိခဲ့ပါတယ္။
ဆိုဖာေပၚမွာ အိပ္ေပ်ာ္ေနတဲ့ မူးယစ္ေဆးေရာင္းသူရဲ့ အိပ္ကပ္အတြင္း ရွာေဖြမႈေတြျပဳလုပ္ခဲ့ရာမွာေတာ့ လန႔္နိုးခဲ့ကာ သူ႔ေရွ႕မွာ ရဲေတြေရာက္ေနတာကို ျမင္ေတြ႕ခဲ့ရၿပီး ဘာေၾကာင့္ေရာက္လာလဲေတာင္ မသိဘူးျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။ သူ႔ရဲ့ဖုန္းေခၚဆိုမႈမွတ္တမ္းကို ျပန္လည္ၾကည့္ရႈျခင္းမျပဳခင္အထိ မူးယစ္ေဆးေရာင္းသူဟာ ရဲေတြကို သူ မေခၚဆိုခဲ့ဘူးလို႔ ျငင္းဆန္ခဲ့ပါတယ္။
ဒါေပမယ့္ စစ္ေဆးလိုက္ခ်ိန္မွာေတာ့ အေရးေပၚအကူအညီေတာင္းခံတဲ့နံပါတ္ကို အႀကိမ္ႀကိမ္ေခၚဆိုခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ထပ္မံရွာေဖြမႈေတြအရ ေဆးေျခာက္တင္မကဘဲ အျခားမူးယစ္ေဆးဝါးေတြနဲ႔ အသုံးျပဳပစၥည္းေတြကိုပါ ေတြ႕ရွိခဲ့ၿပီး ေဆးျပား၊ ကိုကင္း၊ အမ္ဖတမင္းနဲ႔ ေငြေၾကးေတြ ေတြ႕ရွိခဲ့ၿပီး ေတာ္ေတာ္ေလးမ်ားျပားတယ္လို႔ ေျပာဆိုခြင့္ရ ရဲအရာရွိတစ္ဦးက ဆိုပါတယ္။
“နည္းတဲ့ပမာဏမဟုတ္ပါဘူး၊ ႏွစ္ဦးစလုံးကို အမႈဖြင့္ထားတယ္လို႔လည္း ကၽြန္ေတာ္တို႔ ထင္ပါတယ္” လို႔ သူက ေျပာၾကားခဲ့ပါတယ္။ အခုအခါမွာေတာ့ သူတို႔ကို ဖမ္းဆီးထားၿပီး တရားစြဲဆိုသြားမွာျဖစ္ကာ ေထာင္ဒဏ္ခ်မွတ္ခံရေတာ့မွာလည္းျဖစ္ပါတယ္။
The River News
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။