■အိပ်ချိန်သီးသန့်မရှိသလို အမြဲဟိုဟိုဒီဒီသွားလာနေရတဲ့Floyd Mayweatherရဲ့bodyguardများ
Article Celebrity Knowledge World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အိပ်ချိန်သီးသန့်မရှိသလို အမြဲဟိုဟိုဒီဒီသွားလာနေရတဲ့Floyd Mayweatherရဲ့bodyguardများ
Floyd Mayweather (ဖလွိုက်မေဝဲသာ) ဆိုတာကတော့ အကောင်းဆုံးခုခံ ကာကွယ်နိုင်တဲ့ လက်ဝှေ့ထိုးသတ်သူတစ်ယောက်လို့သတ်မှတ်ထားကြတာပါ။ ပွဲငါးဆယ်ရှုံးပွဲမရှိခဲ့တဲ့အပြင် ၂၇ပွဲကတော့သူက ပြိုင်ဘက်ကို အလဲထိုးနိုင်ခဲ့တာပါ။ ဒိီလိုလက်ဝှေ့သမားတစ်ယောက်က ကြိုးဝိုင်းထဲမှာ ပြိုင်ဘက်ကိုအလဲထိုးနိုင်ပေမယ့်လည်း ဒါဟာသူအချိန်ပြည့် သူ့ကိုယ်သူကာကွယ်နိုင်တယ်လို့မဆိုလိုပါဘူး။
လူတိုင်းမှာ အားလပ်ချိန်၊ မိသားစုအတွက်အချိန်၊ အနားယူချိန်ဆိုတာတွေ လိုအပ်တယ်လေ။ အဲ့အချိန်တွေမှာဆို Floyd (ဖလွိုက်)က သူ့ ကို ကာကွယ်ပေးဖို့သူ့ရဲ့ တုန်လှုပ်စေလောက်အောင်ကြောက်ဖို့ကောင်းတဲ့ သက်တော်စောင့်အဖွဲ့ကို စိတ်ချယုံကြည်ထားပါတယ်။ ဒီအဖွဲ့မှာဆို Ray Sadeghi ‘(ရေးစန်ဒဂီ) နဲ့ Larosa(လာရိုစာ) လိုလူမျိုးတွေ ပါဝင်တာ နှစ်တော်တော်ကြာကြာရှိပါပြီ။
ကြိုးဝိုင်းထဲမှာလိုမျိုးအပြင်မှာလည်းရန်ပွဲတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်ပါ။ Floyd ကသူကြိုးဝိုင်းထဲကစားရတော့မယ့် အချိန်ပေါ်လာရင်အဆင်သင့်ဖြစ်နေစေဖို့ သူ့လုံခြုံရေးကိုလည်း ဂရုစိုက်ရပါတယ်။ ဝင်ငွေအများဆုံးရတဲ့ အချမ်းသာဆုံး လက်ဝှေ့သမားတစ်ယောက်အနေနဲ့တော့ သူ့သက်တော်စောင့်တွေကို လစာကောင်းကောင်းမပေးနိုင်စရာ အကြောင်းတော့မရှိပါဘူး။
တကယ်လည်း လစာကောင်းကောင်းပေးထိုက်ပါတယ် ဘာလို့လဲဆိုတော့ နာမည်ကြီးcelebrityတွေတောင်မှ ခွင့်ပြုချက်မရပဲ သူတို့ကိုကျော်ပြီး မသွားရဲ ကြပါဘူး။ အဲ့လို သက်တော်စောင့်အလုပ် က ဘယ်လိုမျိုးလဲဆိုပြီး ပရိတ်သတ်တွေတွေးမိကြဖူးလား။
Gregg LaRosa(ဂရက် လာရိုစာ) မှာအဖြေရှိပါတယ်။ ကျွန်တော်တို့က Floyd အတွက် တစ်ချိန်လုံးအဆင်သင့်ရှိနေရပါတယ်။ သူရုပ်ရှင်သွားကြည့်ချင်လို့ဆိုပြီး ခေါ်ရင်လည်းသွားရပါတယ်။ လူတိုင်းတော့မလုပ်နိုင်ကြလောက်ပါဘူး။ အိပ်ချိန်သီးသန့်မရှိသလို အမြဲ ဟိုဟိုဒီဒီသွားလာနေရတာပါ လို့ဖြေခဲ့ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext