အိပ်ပုတ်ကြီးလွန်းသော ခင်ပွန်းဖြစ်သူကို မိတ်ကပ်ခိုးလိမ်းကာအလှပြင်ပေးပြီး စနောက်ခဲ့သော ဇနီးသည်

News Social News

မိန်းကလေးတိုင်းသည် သူတို့ချစ်တဲ့သူများကို အနည်းဆုံးတစ်ခါလောက်တော့ မိတ်ကပ်တွေနဲ့ အလှပြင်ပေးဖူးချင်ကြပြီး သူတို့စိတ်တိုင်းကျ လုပ်ဆောင်ရသည့်အခါမှာလည်း အပျော်ဆုံးလူသားတွေဖြစ်နေတတ်ကြသည်။

ယခုတွင်လည်း ထိုင်းနိုင်ငံမှ ဇနီးသည်တစ်ဦးသည် အိပ်ရေးပုတ်လွန်းပြီး အလုပ်ခိုင်းစရာရှိလည်း နိုးမရသည့်ခင်ပွန်းဖြစ်သူကို မိတ်ကပ်တွေလိမ်းပေးရင်းနဲ့ ပညာပေးခဲ့သည်။

ဇနီးဖြစ်သူသည် အိပ်မောကျနေသောခင်ပွန်းရဲ့မျက်နှာပေါ်မှာ ရောင်စုံမိတ်ကပ်လိမ်းခြယ်ပေးကာ နှုတ်ခမ်းနီဆိုးပေးထားပြီး Eyelinerနဲ့ ပါးပြင်မှာ မဲ့အတုလေးပါ ဆွဲပေးခဲ့ရာ နိုးလာသောအခါတွင် စျေးထဲမုန့်ထွက်ဝယ်ခိုင်းခဲ့သည်။

ခင်ပွန်းဖြစ်သူလည်း အိပ်ချင်မူးတူးနဲ့ပဲ မှန်ပင်မကြည့်နေတော့ပဲ လမ်းပြင်ထွက်ခဲ့ပြီး မုန့်သွားဝယ်ယူစဉ် ဆိုင်ရှင်မှ အလှပြင်ထားပုံကိုကြည့်ပြီး သဘောကျကာ ခိုးရယ်နေခဲ့သည်။

Rain (For Ialinks)

Unicode






Rain (For Ialinks)

Crd