အိန္ဒိယလေတပ်(IAF)မှ တာဝေးပစ်ခတ်နိုင်သည့် Meteor ဝေဟင်မှ ဝေဟင်ပစ်ဒုံးများကို Mirage-2000 တိုက်လေ ယာဉ်များတွင် တပ်ဆင်ရန် စဉ်းစားသုံးသပ်လျှက် ရှိသည်။ အကြောင်းပြချက်မှာ ပါကစ္စတန်လေတပ်၏ F-16 တိုက် လေယာဉ်များတွင် တပ်ဆင်အသုံးပြုနေသော AIM-120 Medium-range air-to-air missiles သည် IAF ရှိ Su-30MKI များတွင် တပ်ဆင်အသုံးပြုနေသော R-73 နှင့် R-77 တို့ထက် ၄၅ ကီလိုမီတာ ပိုမိုပစ်ခတ်နိုင်သည့် အတွက်ကြောင့် ဟုဆိုပါသည်။

Meteor သည်မြင်တာလွန် ဒုံး Beyond Visual Range(BVR)ဖြစ်ကာ ဆွီဒင်နိုင်ငံမှ ထုတ်လုပ်ပြီး လက်ရှိ BVR များတွင် နံပါတ်(၁)နေရာမှ ဦးဆောင်နေသော ဝေဟင်မှ ဝေဟင်ပစ်ဒုံးအမျိုးအစား ဖြစ် ပါသည်။Meteteor BVR missile ၏ စွမ်းပကားမှာမြင်တာလွန်ချစ်သူများအတွက်(မျက်စေ့မြင့်မမြင်နိုင်သောအကွာအဝေး)ဆွီဒင် MBDA မှ နောက်ဆုံး မျိုးဆက်သစ် Meteor (Beyond Visual Air to Air Missile- BVRAAM)ကို မျိုးဆက်မြင့် Eurofighter Typhoon, Rafale, Gripen တိုက်လေယာဉ်များမှာ တပ်ဆင်အသုံးပြုလျှက် ရှိသည်။

အသံထက်လေးဆမြန်ပြီး ပစ်ခတ်နိုင်မှုအကွာအဝေး ၁၀၀ ကီလိုမီတာအထက် ဖြစ်ကာ အဆင့်မြင့် active radar seeker အပြင် data link မှာ two-way ဟုဆိုသည်။အလွန်သေးငယ်သော မောင်းသူမဲ့နှင့် ခရုဇ်မစ်ဆိုင်းများကို အလွန်လျှင်မြန်သော အရှိန်ဖြစ်သော်လည်း တည်ငြိမ်စွာဖြင့် ကြားဖြတ်ဟန့်တား နိုင်တယ့် စွမ်းရည်လည်းရှိသည်ဟု ဆိုပါ သည်။

ရာသီဥတုမရွေး၊ နေ့/ညမရွေးတိုက်ခိုက်နိုင်သည့် ကိုယ်ပျောက်ဒီဇိုင်း BVR ဖြစ်သည်။ ကျွမ်းကျင်သူများမှ ကမ္ဘာတစ်ဝန်းရှိ BVRAAM တို့၏ အချက်အလက်များကို နှိုင်းယှဉ်ပြီး AIM-120D BVRAAM ကိုကျော်ဖြတ်ကာ ပွတ်ကာသီကာဖြင့် ကမ္ဘာ့အဆင့်(၁) BVRAAM အဖြစ် Meteor မှ ရပ်တည်လျှက်ရှိသည်။Meteor ကို 21st Century ၏ next generation BVRAAM အဖြစ်သတ်မှတ်ထားသည်။

Meteor BVRAAM ကို JAS-39 Gripen များတွင်တပ်ဆင်သည်ဆိုသော်လည်း ထိုင်းဘုရင့် လေတပ်တွင်အသုံးပြုနေသော JAS-39 Gripen C/D တိုက်လေယာဉ်များတွင် AIM-120C BVRAAM ကို သာ တပ်ဆင်အသုံးပြုနေ သည်ကိုတွေ့ရှိရပြီး၊ Meteor BVRAAM ကိုသာပြောင်းလဲတပ်ဆင်မည်ဆိုပါက ရုရှားထုတ် R-77 BVRAAM တပ်ဆင်ထားရှိကာမှ တော်ကာကြပေလိမ့်မည်။

credit – KokolinOo