အိန္ဒိယက လက်နက်ရောင်းချမှုဈေးကွက်သို့ တစ်ဖြည်းဖြည်းချဉ်းနင်းဝင်ရောက်လာနေပြီ

Militarily News

အိန္ဒိယက လက်နက်ရောင်းချမှုဈေးကွက်သို့ တစ်ဖြည်းဖြည်းချဉ်းနင်းဝင်ရောက်လာနေပြီ

အိန္ဒိယနိုင်ငံ၏ DRDO အဖွဲ့အစည်းက တီထွင်ထုတ်လုပ်ခဲ့သော Akash လေ ကြောင်းရန်ကာကွယ်ရေးစနစ်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရန်အတွက် ဗုဒ္ဓဟူးနေ့က ပြည်ထောင်စုအစိုးရအဖွဲ့ကအတည်ပြုလိုက်ပြီဖြစ်သည်။

အဆိုပါပြည်တွင်းထုတ်လေကာစနစ်ကို ဝယ်ယူရန်အတွက် အာဖရိကအပါအဝင် အရှေ့တောင်အာရှနိုင်ငံ စုစုပေါင်း ၉ နိုင်ငံမှ အမှာစာများရရှိခဲ့ခြင်း ကြောင့် ယခုကဲ့သို့ ရောင်းချရန်ဆုံးဖြတ်လိုက်ခြင်းလည်းဖြစ်သည်။

Akash လေကာစနစ်တစ်ခုစီ၌ Rajendra 3D Passive Electronically Scanned Array Radar ၁ ခု၊ ဒုံးကျည် ၃ စင်းပါ ပစ်လွှတ်မှုစနစ် ၄ ခု တပ်ဆင်ထားသည်။ စနစ်တစ်ခုစီသည် ပစ်မှတ် ၆၄ ခုကို မှတ်ပုံတင်ထားနိုင်ပြီး ၁၂ ခုကို ပစ်ခတ်နိုင်မည်ဖြစ်သည်။

ဒုံးကျည်စနစ်သည် ၆၀ ကီလိုဂရမ်လေးပြီး၊ ၎င်းကို ချိန်သားကိုက်မှုလွှဲချော်ခဲ့ပါကလည်း ပစ်မှတ်ကို ထိမှန်ပေါက်ကွဲစေမည့်ဖျူ့စ်များနှင့် တပ်ဆင်အသုံးပြုထားသည်ဟုဆိုသည်။
Akash သည် ယာဉ်တင်စနစ်ဖြစ်သည့်အတွင် လှုပ်ရှားသွားလာနေသည့် ယာဉ်တန်းကို ကောင်းစွာကာကွယ်နိုင်စွမ်းရှိမည်ဖြစ်သည်။ ထို့အပြင် ၎င်းစနစ်ကို လေကာစနစ်အဖြစ်သာမက ဒုံးကာကွယ်ရေးစနစ်အဖြစ်လည်း အသုံးချနိုင်ပြီး

ကာကွယ်ရေးဧရိယာသည် စတုရန်းကီလိုမီတာ ၂၀၀၀ ကို ကာကွယ်နိုင်မည် ဖြစ်သည်ဟု သိရှိရသည်။

Ref-Dstar
Credit – Myanmarnews24

Leave a Reply