အိန္ဒိယကတော့ နယ်နမိတ်ကျော်လာတဲ့ သာကောတို့ တိုက်လေယာဉ်မှူးတွေကို S-400 ဒုံးကျည်နဲ့ ကြိုနေတော့မယ်

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက အိန္ဒိယအနေဖြင့် ရုရှားထံမှ အမေရိကန်ဒေါ်လာ ၅.၄၃ ဘီလီယံတန်ကြေးရှိသော အက်စ်-၄၀၀ လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဝယ်ယူရန် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အဆိုပါဝယ်ယူခဲ့မှုကို ယခုနှစ်အကုန်ပိုင်း၌ စတင်တင်ပို့ပေးတော့ မည်ဖြစ်သည်ဟု သိရှိရသည်။

ဒါ့အပြင် လက်ရှိအချိန်မှာလည်းရုရှားစစ်ဘက်က ၎င်းစနစ်တွေကို အိန္ဒိယတွေ ကောင်းစွာအသုံးပြုတက်စေဖို့ လေ့ကျင့်ပေးလျက်ရှိသည်ဟုဆိုသည်။ လေ့ကျင့်မှုအတွက် ပထမအသုတ်အနေဖြင့် ပြီးစီးပြီဖြစ်သလို ဒုတိယအသုတ် အနေဖြင့်လည်း ဆက်လက်လေ့ကျင့်နေပြီဖြစ်သည်ဟုထုတ်ပြန်ထားသည်။

လေ့ကျင့်နေသည့် လူဦးရေ အရေအတွက်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မပြုထားသော်လည်း၎င်းလူဦးရေသည် အက်စ်-၄၀၀ စနစ်များကို ကောင်းစွာ အသုံးပြုနိုင်ရန်လုံလောက်မည်ဖြစ်သည်ဟု ဆက်လက်ပြောကြားခဲ့သည်။ ပထမဆုံးလေ့ကျင့်မှုပြီးစီးခဲ့သည့်အဖွဲ့များ၏ အရည်အချင်းနှင့်ပတ်သက်၍ကျေနပ်အားရမှုရှိခဲ့သည်ဟုလည်း ကုမ္ပဏီ၏ ဒုတိယအမှုဆောင်အရာရှိချုပ်က ပြောကြားခဲ့ပါသည်။
crd-
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။
zawgyi
crd-