■ အားကစားတစ်ခုဖြစ်ရုံတင်မကပဲ ဝိဉာဉ်ပိုင်းဆိုင်ရာပွဲအခမ်းအနားတစ်ခု ဖြစ်သော pasola
Article Knowledge World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ အားကစားတစ်ခုဖြစ်ရုံတင်မကပဲ ဝိဉာဉ်ပိုင်းဆိုင်ရာပွဲအခမ်းအနားတစ်ခု ဖြစ်သော pasola
ရက်စက်ကြမ်းကြုတ်တဲ့ ကစားနည်းတွေထဲမှာသွေးထွက်သံယို ကစားနည်းတွေကတော့ အကြမ်းဖတ်မှုတွေရဲ့ဘေးထွက်ဆိုးကျိုးတွေပဲဖြစ်ပါတယ်။ ပဆိုလာ ကစားနည်းမှာတော့သွေး*ထွက်သံယို ဖြစ်တာက အဓိက အချက်ပါ။ အင်ဒိုနီးရှားမှာ ရှိတဲ့ ဆင်ဘာအမည်ရှိ ကျွန်းငယ်လေးပေါ်မှာ ရိုးရာ ကစားနည်းတစ်ခုဖြစ်တဲ့ ပဆိုလာလို့ခေါ်တဲ့ ကစားနည်း ရှိပါတယ်။
ကစားနည်းစတဲ့အချိန်မှာတော့ လူတိုင်းဟာ မြင်းစီးကြပြီး လှံများကို ကိုင်ထားကြပါတယ်။ ရည်ရွယ်ချက်တော့ ပြိုင်ဘက်တွေကို မြင်းပေါ်ကနေ ပြုတ်ကျအောင်လုပ်ဖို့ပါပဲ။ တကယ်လို့ မြင်းပေါ်မှာ လူတစ်ယောက်ပဲ ကျန်ခဲ့ရင်တော့ သူဟာ အနိုင်ရရှိသူပဲ ဖြစ်ပါတယ်။ ဒါကတော့ ပိုလို ကစားနည်းကို နပန်းပွဲနှင့်ပေါင်းပြီး ကစားရသလိုပါပဲ။
ဒီကစားနည်းမှာနောက်ထပ် ပန်းတိုင်တစ်ခုရှိပါသေးတယ်။ ဒါကတော့သွေးထွက်သံယို ဖြစ်နိုင်သမျှ ဖြစ်အောင် လုပ်ဖို့ပါပဲ။ ဘာလို့လဲဆိုတော့ အားကစား တစ်ခု ဖြစ်ရုံတင်မကပဲ ပါဆိုလာ ကစားနည်းက ဝိဉာဉ်ပိုင်းဆိုင်ရာ ပွဲအခမ်းအနားတစ်ခု ဖြစ်နေလို့ပါ။ ရည်ရွယ်ချက်ကတော့ ပွဲကျင်းပတဲ့ နှစ်မှာ စပါး အထွက်ကောင်းဖို့ပဲ ဖြစ်ပါတယ်။ ပါဝင်တဲ့ သူတွေက သူတို့ရဲ့သွေးတွေ ထွက်အောင် ပြုလုပ်ကြပြီး ဒီလို ပြုလုပ်ခြင်းဟာ ဝိဉာဉ်တွေကိုဖြေသိမ့်နိုင်ပြီတော့ မြေကြီးကိုကောင်းမွန်အောင်လုပ်ပေးတယ်လို့ ယုံကြည်ကြပါတယ်။
ဒါမှသာ စပါး အထွက်ကောင်းမှာပါ။ တကယ်လို့ ပရိသတ်ကြီးကရှေးဟောင်း ပါဆိုလာ ကစားနည်းကို မအောင်မြင်ဘူးဆိုရင်နောက်ထပ် အကောင်းဆုံး ပြုလုပ်ရမှာကတော့သေဖို့ပါပဲ။ တကယ်ပြောနေ တာပါ။ တကယ်လို့ ပါဆိုလာ ကစားနည်းဆော့နေ ရင်းသေသွားမယ်ဆိုရင်တောင်မှ ဒါဟာကောင်းတဲ့အရာ တစ်ခုပါ။ သင်ဟာ သင့်ရဲ့အသက်ကို သီးနှံ အထွက်ကောင်းဖို့အတွက် သတ္တိရှိရှိနှင့်ပေးဆပ်သွားခဲ့တာပါ။ ဒါဟာ သင့်ရဲ့ လူမျိုးအတွက်ကောင်းပါတယ်။ ဆင်ဘာဟာ ပါဆိုလာကို ယနေ့အထိ ကစားကြပါသေးတယ်။ ဒါပေမယ့်လည်း ထိခိုက်ဒဏ်ရာ ရရှိမှုတွေက ရှားပါတယ်။
သေဆုံးမှုတွေဆိုရင် ပိုလို့တောင် ရှားပါသေးတယ်။ ပါဝင်ကစားသူတွေက လှံရှည်တွေ ကိုင်ကြပေမယ့်လည်း ထိုလှံတွေဟာ အရောင်မွဲနေပြီး သတ္တု ထိပ်ဖူး တွေ မရှိကြတော့ပါဘူး။ စိတ်ဝင်စားဖို့ကောင်းတာကတော့ ကစားပွဲမှာသွေးထွက်သံယို တစ်စက်တောင် မကျရင်တောင်မှ စပါးဟာ အထွက်ကောင်းနေတုန်းပါပဲ။ စဥ်းစားကြည့်ကြပါ။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext