အာရှနိုင်ငံများတို့ရဲ့ကိုဗစ်ကာကွယ်ဆေးကြိုပြီးမှာထားကြမှုအခြေအနေ

News

အာရှ-ပစိတ်ဖိတ်နိုင်ငံများတို့ရဲ့ကိုဗစ်ကာကွယ်ဆေး ကြိုပြီးမှာထားကြမှုအခြေအနေ၊အနေအထားများ

အန္ဒိယ
ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးအရေအတွက်ကို အနည်းဆုံး၁.၆ဘီလီယံလောက်အထိမှာထားပြီးဖြစ်သည်။Novavaxကာကွယ်ဆေး၁ဘီလီယံ၊AstraZeneca ကာကွယ်ဆေးအလုံးရေ သန်း၅၀၀နှင့် ရုရှားရဲ့Sputnik Vကာကွယ်ဆေး သန်း၁၀၀အထိ ကြိုတင်အော်ဒါမှာထားပြီးဖြစ်သည်။အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနကတော့ ဇန်နဝါရီလထဲ၌ ကာကွယ်ဆေးထိုးနှံပေးမှုတွေ စတင်လုပ်နိုင်မည်ဟု ဆိုထားသည်။ကျန်းမာရေးအရာရှိတွေကတော့လူဦးရေ ၁.၃ဘီလီယံတို့ကို ကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့က အချိန်တနှစ်လောက် ယူရလိမ့်မည်လို့ ဆိုထားကြပါသည်။AstraZenecaကာကွယ်ဆေး၊Sputnik Vနှင့်Covaxinဆေးတို့ကို အရေးပေါ် သုံးခွင့်ပြုရန်ရှိနိုင်ပြီး AstraZenecaကိုတော့ နောက်တပတ်ထဲလောက်မှာ အရေးပေါ်သုံးခွင့်ပြုနိုင်ချေရှိပါသည်။

ဂပွနြ
Pfizerကာကှယဆြေး သနြး ၁၂၀၊AstraZenecaကာကှယဆြေး သနြး၁၂၀၊Modernaကာကှယဆြေး သနြး၅၀နှငြ့Novavaxကာကှယဆြေး သနြး၂၅၀အထိမှာထားပှီးလညြးဖှဈသညြ။Pfizerကတော့ဂပွနြ အစိုးရ ကနွြးမာရေးဝနကြှီးဌာနအား၎င်းငျးငြးကာကှယဆြေးကို အရေးပေါသြုံးခှငြ့ပှုရနြ လွှောကထြားပှီးဟု Kyodo သတငြးဌာနကအစီရငခြံ ဖောပြှထားပါသညြ ။
Johnson&Johnsonကာကှယဆြေးနှငြ့လညြးဆှေးနှေးမှုတှေ လုပနြပေါသညြ။ထို့အပှငဂြပွနဆြေးဝါးကုမျပဏီShionogiကလညြးကာကှယဆြေး ပထမအဆငြ့ စမြးသပမြှုကိုဒီနှဈမကုနခြငြ စမြးသပသြှားရနြ ရှိနပှေီး၊၂၀၂၁ခုနှဈအကုနြ၌ လူဦးရေ သနြး၃၀တို့အတှကြ လုံလောကမြှု ရှိနိုငမြညြ့ အရအတှေကြ ပမာဏကြို ထုတလြုပသြှားရနြ စီစဥထြားပါသညြ။

တောင်ကိုးရီးယား
AstraZenecaကာကွယ်ဆေး သန်း၂၀၊Pfizerကာကွယ်ဆေးက သန်း၂၀နင့်Johnson&Johnsonကာကွယ်ဆေး ၄သန်း
အထိ မှာရန် ဆွေးနွေးညှိနှိုင်းမှု လုပ်ထားပြီးလည်းဖြစ်သည်။ Modernaကာကွယ်ဆေးကိုလည်း သန်း၂၀အထိ မှာလို့ရအောင် ညှိနှိုင်းခဲ့ပြီးဒီနှစ်ထဲမှာတင် သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ရန်နှင့် နောက်နှစ်ထဲ Q3ကာလ၌ စပြီးမှာယူတင်သွင်းလို့ရနိုင်စေရန်ရည်ရွယ်ထားပါသည်။WHOရဲ့ Covax အစီအစဥ်ကနေလည်း ကာကွယ်ဆေး ၁၀သန်းအထိရရှိမည်လည်းဖြစ်သည်။

သြစတြေးလျ
AstraZenecaကာကွယ်ဆေးက ၅၃.၈သန်း၊Novavaxကာကွယ်ဆေး ၅၁သန်းနှင့် Pfizerကာကွယ်ဆေး ၁၀သန်းအထိ မှာထားပြီးလည်းဖြစ်သည်။Covaxရဲ့ အစီအစဥ်မှ ၂၅.၅သန်းကောပါ တွက်ရင် သြစတြေးလျက ကိုဗစ်ကာကွယ်ဆေး ရရှိနိုင်သည့် အရေအတွက်ဟာ သန်း၁၄၀ကျော်အထိ ရှိနိုင်ပါသည်။

ဖိလစ်ပိုင်
နောက်နှစ်ထဲ၌ လူဦးရေ စုစုပေါင်းရဲ့၄ပုံ၁ပုံလောက်အတွက်လုံလောက်မှု ရှိစေနိုင်မည့်ကိုဗစ်ကာကွယ်ဆေး အရေအတွက်သန်း၅၀ အနည်းဆုံး ရရှိဖို့ရန် စီစဥ်ထားပြီးဖြစ်သည်။AstraZenecaကာကွယ်ဆေး ၂.၆သန်းအတွက် ကြိုတင်အော်ဒါမှာထားပြီးဖြစ်သည်။Pfizerကာကွယ်ဆေးအပါအဝင်ကာကွယ်ဆေးတွေထပ်တိုးရရှိနိုင်ဖို့ အစိုးရက အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ဆောင်နေပါသည်။Novavaxကာကွယ်ဆေး အရေအတွက် သန်း၃၀လောက်က လာမည့်ဇူလှိုင်လထဲ၌ ရရှိဖို့ရန်ရှိနိုင်သည်။ထို့အပြင် Sinovacကာကွယ်ဆေး၂၅သန်းအတွက် ဆွေးနွေးညှိနှိုင်းမှု နောက်ဆုံးအဆင့်၌ ရှိနေပြီလို့လည်းသိရှိရပါသည်။


ဗိယက်နမ်
ပြီးခဲ့တဲ့ သြဂုတ်လထဲ၌ ဗီယက်နမ်အစိုးရက ရုရှားဆီမှ ကာကွယ်ဆေး အရေအတွက်သန်း၅၀နှင့် သန်း၁၅၀ကြား ဝယ်နိုင်ဖို့ရန်registerလုပ်ပြီးလို့ ဆိုခဲ့ပါသည်။ဗီယက်နမ်ပြည်တွင်းထုတ်Nanogenအမည်ရှိသော ကာကွယ်ဆေးကိုလည်းဒီဇင်ဘာ ၁၇ရက်နေ့၌ ပထမအဆင့်စမ်းသပ်မှုကို လူ ၆၀ဖြင့် စမ်းသပ်မှုလုပ်ခဲ့ပါသည်။clinical အဆင့်စမ်းသပ်မှု၌လူပေါင်း၁သောင်းကျော်ဖြင့် စမ်းသပ်ပြီးတော့ အောင်မြင်ခဲ့ရင်တော့ တနှစ်ကို သန်း၅၀ကနေ သန်း၇၀လောက်အထိထုတ်လုပ်သွားနိုင်ရန် ရည်မှန်းထားသည်
ဟုလည်း သိရှိရပါသည်။

ထိုင်းနိုင်ငံ
AstraZenacaကာကွယ်ဆေးကို ၂၆သန်းအထိ မှာထားပြီးဖြစ်။သို့သော် မေလ၊ဇွန်လရောက်တဲ့အထိ တိုင်အောင်မရနိင်သေးလောက်ဘူးလို့လည်းသိရှိရပါသည်။ကျန်းမာရေးဝန်ကြီးဌာနကတော့ နောက်နှစ်ထဲ၌ ၆၆သန်းလောက်အထိရနိုင်ဖို့ရန်ရည်မှန်းထားသည်ဟု ဆိုထားပါသည်။အဲဒိပမာဏဟာ လူဦးရေရဲ့ ထက်ဝက်လောက်အတွက် လုံလောက်မှုရှိနိုင်ပြီး ကျန်တဲ့ထက်ဝက်အတွက်တော့ အမေရိကန်၊တရုတ်၊ဗြိတိန်နှင့် ရုရှားတို့ဆီကနေ မှာသွားပြီး Covaxအစီအစဥ်ကနေလည်း ရယူသွားမည်လို့လည်းသိရှိရပါသည်။

စကြာပူ
အစိုးရက Moderna, Pfizerနှငြ့ Sinovacကာကှယဆြေးတှေ အတှကအြသုံးစရိတလြွာထားမှုက $750သနြးကွောအြထိ ရှိဟု သိရှိရပါသညြ။အသေးစိတတြော့ မသိရသေးပါ။Pfizerကာကှယဆြေးကို ဒီဇငဘြာ၁၄ရကြ၌အရပေေါသြုံးခှငြ့ပှုခဲ့ပှီးနောကြ တနလြာနေ့၌ ပထမအသုတရြောကခြဲ့သညဟြု သိရှိရပါသညြ။ဝနကြှီးခွုပလြီရှနလြှနြးကတော့ နောကနြှဈQ3ကာလ၌ စကြာပူနိုငငြံသားတိုငြးအတှကကြာကှယဆြေးထိုးနှံပေးနိုငဖြို့ရနမြွှောလြငြ့ထားသညဟြု ဆိုထားပါသညြ။ ကှိုတငပြှငဆြငမြှုတှလညြေး လုပသြှားမညဟြု ဆိုထားပါသညြ။ယခုနှဈ၊ဒီဇငဘြာ ၃၀၌ ကနွြးမာရေးလုပသြားတှကေို ပထမဦးဆုံး ကာကှယဆြေးထိုးနှံပေးမှု လုပငြနြးစဥတြှကေိုစတငတြော့မညဟြုလညြးသိရှိရပါသညြ။

မြန်မာ
ကျန်းမာရေးဝန်ကြီး ဦးမြင့်ထွေးက Covaxအစီအစဥ်အရ ထောက်ပံ့ပေးမည့် လူဦးရေ ၂၀%တို့အတွက် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမှု အစီအစဥ်ကို ဧပြီလထဲလောက်မှာ စတင်ထိုးနှံပေးနိုင်မည်လို့ ဒီဇင်ဘာ၁၄ရက်နေ့တုန်းက ပြောကြားခဲ့ပါသည်။ထို့အပြင်ကာကွယ်ဆေး ထုတ်လုပ်သည့်ကုမ္ပဏီများဆီကနေ တိုက်ရိုတ်ဝယ်သွားမည့်အစီအစဥ်တွေလည်းရှိနေသည်ဟုသိရှိရ။ဘယ်ဆေးဝယ်မယ်ဆိုတာတော့မသိရှိရသေးပါ။ကာကွယ်ဆေး ဝယ်ဖို့ရန်အတွက် ကမ္ဘာ့ဘဏ်၊အာရှဖွံ့ဖြိုးရေးဘဏ်၊အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ဆီကနေfundငွေ၊အထောက်အပံ့တွေရရှိနိုင်ဖို့ရန်ကြိုးပမ်းလုပ်ဆောင်နေသည်လို့လည်းသိရှိရပါသည်။

မလေးရှား
Pfizerကာကွယ်ဆေး ၁၂.၈သန်းရရှိနိုင်ဖို့ရန် ကုမ္ပဏီနှင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီးလည်းဖြစ်သည်။အလားတူAstraZenecaကာကွယ်ဆေးရရှိနိုင်ဖို့ရန်နှင့် လူဦးရေ အားလုံးပေါင်း
ရဲ့ ၄၀%လောက်အတွက် လုံလောက်မှုရှိနိုင်မည့် ကာကွယ်ဆေးအရေအတွက်ကို မှာထားပြီးလည်းဖြစ်သည်။ကာကွယ်ဆေးပထမသုတ်က ဇန်နဝါရီလထဲလောက်မှာ ရောက်မည်လို့ မျှော်မှန်းထားပါသည်။Covax အစီအစဥ်ကနေနိုင်ငံ့ လူဦးရေရဲ့၁၀%လောက်စာကို ရရှိမည်လည်းဖြစ်ပြီး မလေးရှား အစိုးရ အာဏာပိုင်တွေကတော့ လူဦးရေစုစုပေါင်းရဲ့ ၇၀%လောက်အထိ ရရှိစေရမည်လို့ ကတိပြု ပြောကြား ထားကြပါသည်။

ကမ္ဗောဒီးယား
ဝန်ကြီးချုပ် Hun Senက Covaxကနေ ကာကွယ်ဆေး ၁သန်း ဝယ်နိုင်ဖို့ရန် သဘောတူညီချက်ရပြီးပြီဟု ဒီဇင်ဘာ ၁၅ရက်နေ့က ပြောကြားခဲ့ပါသည်။ဒါပေမယ့်ဘယ်အချိန်ရောက်မည်လို့တော့ အတည်ပြုပြောကြားထားခြင်းမရှိသေး။နိုင်ငံ့လူဦးရေ အားလုံးပေါင်းရဲ့ ၈၀%အတွက် ကာကွယ်ဆေးဝယ်ဖို့ရန် ဒေါ်လာ သန်း၁၀၀နှင့် သန်း၂၀၀ကြားလျာထားပြီး၊ လူဦးရေ ၁၃သန်းက WHOက အတည်ပြုသည့် ကာကွယ်ဆေးကိုသာ သုံးလိမ့်မည်လို့ Hun Senက ပြောကြားခဲ့ပါသည်။

လာအို
ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနကကိုဗစ်ကာကွယ်ဆေးဟာ ၂၀၂၁ခုနှစ်အတွင်း၌ ရရှိမည်လို့ ဒီဇင်ဘာ ၁၇ရက်နေ့တုန်းက ပြောကြားခဲ့ပါသည်။ညွှန်ကြားရေးမှူးချုပ် Rattanaxayကတော့ လာအိုက ဗြိတိန်ရဲ့ ကာကွယ်ဆေးကို သုံးလိမ့်မည်လို့ ဆိုခဲ့ပါသည်။အစောပိုင်းတုန်းက ရုရှားရဲ့ Sputnik Vကာကွယ်ဆေးကို ပြည်တွင်း၌ ထုတ်လုပ်၊သုံးစွဲမည်လို့ကြေညာခဲ့သေးပါသည်။

ဘရုနိုင်း
ကျန်းမာရေးဝန်ကြီး Mohd Isham Jaafarက ပြီးခဲ့တဲ့လထဲတုန်းက သူ့အစိုးရအနေဖြင့် နိုင်ငံ့လူဦးရေရဲ့ ၇၀%လောက်အတွက်ကာကွယ်ဆေး ရရှိနိုင်ဖို့ရန် WHOနှင့်ဆွေးနွေးညှိနှိုင်းမှုလုပ်ခဲ့သည်ဟု ဆိုခဲ့ပါသည်။ဒီလအစောပိုင်းတုန်းက ၎င်းကပြောကြားခဲ့ရာ၌ နိုင်ငံ့လူဦးရေရဲ့ ၅%လောက်အတွက်ထိုးနှံပေးမည့် ပထမသုတ်ကိုဗစ်ကာကွယ်ဆေးများဟာ နောက်နှစ် Q1(သို့)Q2ကာလထဲ၌ ရောက်ရှိနိုင်ဟု ဆိုခဲ့ပါသည်။ဆင်းရဲတဲ့နိုင်ငံတွေအတွက် ကိုဗစ်ကာကွယ်ဆေးက နောက်နှစ်ထဲမှာတောင် မလွယ်ကူနိုင်သေးလောက်ဘူးဆိုတာကို သိလိုက်ရပါသည်။

Credit – KoNayNay

Leave a Reply