အာရှတိုက်ရဲ့ နေတိုးအဖွဲ့ မြန်မာဝင်ခွင့်ရမလား?
မကြာသေးခင်ကမှ တရုတ်ကိုပြန်ချဖို့ဖွဲ့လိုက်တဲ့ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယ (၄) နိုင်ငံမဟာမိတ်အဖွဲ့ကို တရုတ်တို့က အာရှတိုက်ရဲ့နေတိုးလို့ အငူတူးကာ ကင်ပွန်းတပ်ခဲ့တာပါ။ နေတိုးအဖွဲ့ဟာ ဥရောပတိုက်မှာ ရုရှားရဲ့ရန်ကိုကာကွယ်ဖို့ အမေရိကန်နဲ့မဟာမိတ်တိုင်းပြည်တွေစစ်အေးခေတ်ကာလကတည်းက ဖွဲ့ထားတဲ့စစ်ရေးမဟာမိတ်အဖွဲ့ ပဲဖြစ်ပါတယ်။

အခု အာရှနေတိုးအဖွဲ့က လက်ရှိ (၄) နိုင်ငံအပြင် အာဆီယံနိုင်ငံတွေကို နေတိုးအဖွဲ့တိုးချဲ့ရာမှာ လက်ခံသွားဖို့ ဆုံးဖြတ်လိုက်တာပါ။ တရုတ်နဲ့ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးလက်မှတ်ထိုးထားတဲ့ မြန်မာဟာ အာရှနေတိုးထဲ ဝင်ခွင့်ရရင်ရော ဝင်ရဲပါ့မလား တွေးမိပါတယ်။ သင့်အတွေးကို Comment Box မှာ မျှဝေပေးရင် ကျေးဇူးပါ။
Ref: SCMP
Credit – Zin Min Nyein