တာလီဘန်တို့နိုင်ငံဖြစ်လာတော့မယ့်အာဖဂန်နစ္စတန်

News

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်အဖွဲ့က နိုင်ငံတစ်ဝန်း ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေချိန်တွင် သြဂုတ် ၁ ရက်က အာဖဂန်အစိုးရတပ်ဖွဲ့များသည် အဓိကမြို့များတွင် တာလီဘန်တို့ ၏ တိုက်ခိုက်မှုများကို တန်ပြန်ရန် ရုန်းကန်ခဲ့ ရသည်။

မေလအစောပိုင်းကစပြီး အာဖဂန်မှ အမေရိကန်ဦးဆောင်သည့် ပြည်ပတပ်ဖွဲ့များ ရုပ်သိမ်းမှုမှာ အပြီးသတ်လုနီးပါးဖြစ်လာချိန် တွင် တိုက်ခိုက်မှုများမှာ ပိုမိုအရှိန်မြင့်လာခဲ့ သည်။

တာလီဘန်တို့သည့် အဓိကကျသည့် နယ်စပ်ဖြတ်ကျော်ဝင် ရောက်သည့်နေရာများ နှင့် ကျေးလက်ဒေသအများအပြားကို သိမ်း ပိုက်ခဲ့ပြီးနောက် လက်ရှိတွင် ပြည်နယ်ဆိုင်ရာ မြို့တော်များကို သိမ်းပိုက်ရန် စတင်လုပ် ဆောင်နေကြသည်။

ဇူလိုင်လ ၃၀ ရက်က ဟီရတ်ပြည်နယ် အန်ဂျီခရိုင်တွင် အာဖဂန်လုံခြုံရေးတပ်ဖွဲ့များနှင့် ပြည်သူ့စစ်များအား တွေ့ရစဉ်

အာဖဂန်နစ္စတန်၏ ဒုတိယအကြီးဆုံး မြို့ဖြစ်သည့် ကန်ဒါဟာ၏ လေဆိပ်တွင် ရော့ ကတ်များထိမှန်ခဲ့ပြီးနောက် တိုက်ခိုက်မှုများ မှာ ရပ်တန့်ခဲ့သည်။

ရော့ကတ်နှစ်လုံးသည် လေယာဉ်ပြေး လမ်းကြောင်းကို ထိမှန်ခဲ့ပြီး ထိခိုက်ပျက်စီးမှု များကို ပြုပြင်နေသည်ဟု လေဆိပ်အကြီး အကဲဖြစ်သည့် မာဆွတ် ပူရှ်တန်က ပြောကြား ခဲ့သည်။

ယင်းလေဆိပ်သည် တာလီဘန်တို့ အပေါ် အသာစီးရစေရန် သယ်ယူပို့ဆောင်ရေး နှင့် လေကြောင်းအထောက်အပံ့အတွက် အဓိကကျသည့် အဆောက်အအုံဖြစ်ပြီး နိုင်ငံတောင်ပိုင်းရှိ နယ်မြေဒေသအများစုတွင် လေကြောင်း  အထောက်အကူပေးနေသည့် လေဆိပ်ဖြစ်သည်။

တာလီဘန်တို့သည် ဟဲလ်မန်းပြည်နယ် လက်ရှ်ကာဂါမြို့တော်အနီးတစ်ဝိုက် အပါအဝင် အခြားပြည်နယ်နှစ်ခုမှ မြို့တော်များကို စီးနင်းနိုင်ရန် နီးစပ်နေချိန်တွင် ကန်ဒါဟာ လေဆိပ်၌ ရော့ကတ်များ ကျရောက်ခဲ့ခြင်းဖြစ်သည်။

“မြို့ထဲမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ် ပွားနေပါတယ်။ မြို့ထဲကို အထူးတပ်ဖွဲ့တွေ စေလွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုထား ပါတယ်” ဟု ဟဲလ်မန်းပြည်နယ်ကောင်စီအ ကြီးအကဲ အက်တူလာ အာဖဂန်က ပြောကြား ခဲ့သည်။

အာဖဂန်လုံခြုံရေးတပ်ဖွဲ့များသည် တာလီဘန်တို့အား တိုက်ထုတ်ရန် အရပ်သားများ စွာရှိနေသည့် နေရာဒေသများကို ထိမှန်နိုင် သည့် အန္တရာယ်များရှိနေသည့်တိုင် လေ ကြောင်းတိုက်ခိုက်မှုများကို အလွန်အမင်း မှီ ခိုအားထားခဲ့ကြသည်။

“မြို့ထဲမှာတော့ အဆိုးဆုံးအခြေအနေ ဖြစ်နေပါတယ်။ ဘာတွေဆက်ဖြစ်မလဲ မသိပါဘူး” ဟု လက်ရှ်ကာဂါ ဒေသခံတစ်ဦးဖြစ် သည့် ဟာလင် ကာရီမီက ပြောကြားခဲ့သည်။

“တာလီဘန်တွေကလည်း ကျွန်တော်တို့ ကို ညှာမှာမဟုတ်ပါဘူး။ အစိုးရတပ်ဖွဲ့တွေ ကလည်း ဗုံးကြဲတိုက်ခိုက်မှုတွေကို ရပ်တန့် မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

တာလီဘန် ခေါင်းဆောင်များနဲ့ တရုတ်အစိုးရတွေ့ဆုံစဥ်

အာဖဂန်၏ တတိယ အကြီးဆုံးမြို့ဖြစ်သည့် ဟီရတ်ပြည်နယ်တွင်လည်း တာလီဘန်တို့၏ ခြေကုပ်စခန်းများကို အစိုးရတပ်ဖွဲ့များ က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေ ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။

ယင်းတိုက်ခိုက်မှုများအတွင်း တာလီ ဘန်တိုက်ခိုက်ရေးသမား ၁၀၀ ခန့်သေဆုံးခဲ့ သည်ဟု ဟီရတ်ပြည်နယ် အုပ်ချုပ်ရေးမှူးရုံး က ထုတ်ပြန်ခဲ့သည်။

news-eleven

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply