အာဖဂန်တွင် တာလီဘန်တွေ သမ္မတ နန်းတော်ကို ဝင်သိမ်း
ဧရာဝတီ၊ ဩဂုတ် ၁၆ ၊ ၂၀၂၁
အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တပ်ဖွဲ့ဝင်များသည် ကဘူးလ်မြို့တော်သို့ ဝင်ရောက်လာပြီး သမ္မတနန်းတော်ကို သိမ်းလိုက်လိုက်ပြီဖြစ်ကြောင်း Al-Jazeera သတင်းဌာန၏ ရုပ်သံမှတ်တမ်းအရ သိရသည်။
တာလီဘန်တပ်ဖွဲ့ဝင်များသည် အာဖဂန်နစ္စတန်နိုင်ငံရှိ ပြည်နယ် ၃၄ ခုကို ၉ ရက်အတွင်းသိမ်းပိုက်ခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းတွင် ကဘူးလ်မြို့တော်သို့ ဝင်ရောက်လာခြင်းဖြစ်သည်။

တာလီဘန်တပ်ဖွဲ့ဝင်များ မရောက်မီမှာပင် အာဖဂန်သမ္မတ Ashraf Ghani က ၎င်းနှင့် ဒုသမ္မတ အပါအဝင် တခြား ထိပ်တန်းအရာရှိကြီးတွေ အားလုံး အာဖဂန်နစ္စတန်နိုင်ငံတွင်း သွေးမြေကျမှုကို ကာကွယ်သည့်အနေနှင့် တိုင်းပြည်မှ ထွက်ခွာသွားပြီဖြစ် ကြောင်း ကြေညာသည်။
အာဖဂနစ္စတန်နိုင်ငံရှိ အမေရိကန်သံရုံးတွင်လည်း အမေရိကန်အလံ လွှင့်တင်ထားခြင်း မရှိဘဲ သံရုံး ဝန်ထမ်းများအားလုံးကို မြို့တော်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရွှေ့ပြောင်းထားကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတဦးက AP သတင်းဌာနသို့ ပြောသည်။

အာဖဂန်မှ အမေရိကန်နိုင်ငံသားများ ပြန်လည် ထွက်ခွာရာတွင် ကူညီရန် အမေရိကန်မရိန်းတပ်သား ၆၀၀၀ ကိုလည်း လေဆိပ်ဝန်းကျင်တွင် တပ်ဖြန့်ထားချထားကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
တာလီဘန်များက သမ္မတနန်းတော်ကို သိမ်းပိုက်ပြီးနောက်တွင် အာဖဂန်နစ္စတန်နိုင်ငံ၏ အမည်ကို အစ္စလာမ်မစ် စော်ဘွားများနိုင်ငံအဖြစ် အမည်ပြောင်းမည် ဟု ကြေညာထားသည်။

အမေရိကန်က အာဖဂန်တွင် နှစ် ၂၀ ကြာ တပ်စွဲထားမှုကို အဆုံးသတ်ကြောင်း ကြေ ညာကာ ၎င်း၏ တပ်ဖွဲ့ဝင်များကို ရုတ်သိမ်းလိုက်ပြီးနောက် တာလီဘန်တပ်ဖွဲ့များက တနိုင်ငံလုံးကို စစ်ဆင်သိမ်းယူလိုက်ခြင်း ဖြစ်သည်။
crd:The Irrawaddy – Burmese Edition
zawgyi
အာဖဂန္တြင္ တာလီဘန္ေတြ သမၼတ နန္းေတာ္ကို ဝင္သိမ္း
ဧရာဝတီ၊ ဩဂုတ္ ၁၆ ၊ ၂၀၂၁
အာဖဂန္နစၥတန္နိုင္ငံတြင္ တာလီဘန္တပ္ဖြဲ႕ဝင္မ်ားသည္ ကဘူးလ္ၿမိဳ႕ေတာ္သို႔ ဝင္ေရာက္လာၿပီး သမၼတနန္းေတာ္ကို သိမ္းလိုက္လိုက္ၿပီျဖစ္ေၾကာင္း Al-Jazeera သတင္းဌာန၏ ႐ုပ္သံမွတ္တမ္းအရ သိရသည္။

တာလီဘန္တပ္ဖြဲ႕ဝင္မ်ားသည္ အာဖဂန္နစၥတန္နိုင္ငံရွိ ျပည္နယ္ ၃၄ ခုကို ၉ ရက္အတြင္းသိမ္းပိုက္ခဲ့ၿပီးေနာက္ ဩဂုတ္လ ၁၅ ရက္ နံနက္ပိုင္းတြင္ ကဘူးလ္ၿမိဳ႕ေတာ္သို႔ ဝင္ေရာက္လာျခင္းျဖစ္သည္။
တာလီဘန္တပ္ဖြဲ႕ဝင္မ်ား မေရာက္မီမွာပင္ အာဖဂန္သမၼတ Ashraf Ghani က ၎ႏွင့္ ဒုသမၼတ အပါအဝင္ တျခား ထိပ္တန္းအရာရွိႀကီးေတြ အားလုံး အာဖဂန္နစၥတန္နိုင္ငံတြင္း ေသြးေျမက်မႈကို ကာကြယ္သည့္အေနႏွင့္ တိုင္းျပည္မွ ထြက္ခြာသြားၿပီျဖစ္ ေၾကာင္း ေၾကညာသည္။

အာဖဂနစၥတန္နိုင္ငံရွိ အေမရိကန္သံ႐ုံးတြင္လည္း အေမရိကန္အလံ လႊင့္တင္ထားျခင္း မရွိဘဲ သံ႐ုံး ဝန္ထမ္းမ်ားအားလုံးကို ၿမိဳ႕ေတာ္ရွိ အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ေရႊ႕ေျပာင္းထားေၾကာင္း အေမရိကန္နိုင္ငံျခားေရး ဝန္ႀကီးဌာန တာဝန္ရွိသူတဦးက AP သတင္းဌာနသို႔ ေျပာသည္။
အာဖဂန္မွ အေမရိကန္နိုင္ငံသားမ်ား ျပန္လည္ ထြက္ခြာရာတြင္ ကူညီရန္ အေမရိကန္မရိန္းတပ္သား ၆၀၀၀ ကိုလည္း ေလဆိပ္ဝန္းက်င္တြင္ တပ္ျဖန႔္ထားခ်ထားေၾကာင္း အေမရိကန္နိုင္ငံျခားေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။
တာလီဘန္မ်ားက သမၼတနန္းေတာ္ကို သိမ္းပိုက္ၿပီးေနာက္တြင္ အာဖဂန္နစၥတန္နိုင္ငံ၏ အမည္ကို အစၥလာမ္မစ္ ေစာ္ဘြားမ်ားနိုင္ငံအျဖစ္ အမည္ေျပာင္းမည္ ဟု ေၾကညာထားသည္။
အေမရိကန္က အာဖဂန္တြင္ ႏွစ္ ၂၀ ၾကာ တပ္စြဲထားမႈကို အဆုံးသတ္ေၾကာင္း ေၾက ညာကာ ၎၏ တပ္ဖြဲ႕ဝင္မ်ားကို ႐ုတ္သိမ္းလိုက္ၿပီးေနာက္ တာလီဘန္တပ္ဖြဲ႕မ်ားက တနိုင္ငံလုံးကို စစ္ဆင္သိမ္းယူလိုက္ျခင္း ျဖစ္သည္။
crd:The Irrawaddy – Burmese Edition