အာဖဂန်တပ်မှ တပ်ဖွဲ့ဝင် ရာပေါင်းများစွာ ဥဘက်ကစ္စတန်နိုင်ငံသို့ ဘယ်လိုထွက်ပြေးခဲ့လဲ

Militarily News

အာဖဂန်စစ်တပ်မှ တပ်ဖွဲ့ဝင်ရာပေါင်းများစွာသည် ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက ဥဘက်ကစ္စတန်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

စစ်တပ်သုံးလေယာဉ် (၂၂) စီး၊ ရဟတ်ယာဉ် (၂၄) စီးဖြင့် ရာပေါင်းများစွာသော တပ်ဖွဲ့ဝင်များက ဥဘက်ကစ္စတန်မှ တိုက်လေယာဉ်အစောင့်အရှောက်ဖြင့် တိမ်းရှောင်သွားခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ယင်းသို့ထွက်ပြေးသွားစဉ် အာဖဂန်စစ်တပ်သုံးဂျက်လေယာဉ်တစ်စီးမှာ နယ်စပ်ဖြတ်ချိန်တွင် ပစ်ချခံခဲ့ရကြောင်း ဥဘက်ကစ္စတန်ကာကွယ်ရေးဝန်ကြီးက ရိုက်တာသတင်းဌာနကို ပြောကြား ထားတာလို့ ဆိုပါတယ်။

ဥဘက်ကစ္စတန်သို့ အာဖဂန်တပ်ဖွဲ့တွင် (၅၈၅) ဦးသည် လေတပ်ဖြင့်ရောက်လာကြပြီး တပ်ဖွဲ့ဝင် (၁၅၈) ဦးကျော်က နယ်စပ်ဖြတ်ကျော်ရောက်ရှိလာသည်ဟု သိရပါတယ်။

တာလီဘန်များသည် အာဖဂန်နစ္စတန်နိုင်ငံ၏ ပြည်နယ် (၃၄)ခုကို (၉)ရက်အတွင်း သိမ်းပိုက်ခဲ့ပြီးနောက် အာဖဂန်သမ္မတ Ashraf Ghani လည်း သွေးမြေအကျနည်းရန်ဟုဆိုကာ ၎င်းနှင့်အတူ ဝန်ကြီးအဖွဲ့ နိုင်ငံကနေ ထွက်ခွာသွားကြသလို စစ်တပ်ကလည်း ထွက်ခွာသွားကြခြင်း ဖြစ်သည်။

ကာဘူးလ်လေဆိပ်ကို အမေရိကန် စစ်သားများက အခိုင်အမာ ထိန်းချုပ်ထားလျှက် ရှိနေသည်။ သို့သော် ပုဂ္ဂလိက လေယာဉ် ခရီးစဉ်များ ဖျက်သိမ်းလိုက်ပြီ ဖြစ်၍ နိုင်ငံတကာ မှ ဝန်ထမ်းများနှင့် အာဖဂန် နိုင်ငံသားများကတော့ နိုင်ငံတွင်းမှ ထွက်ခွာခွင့် ရရေး စစ်လေယာဉ်များ ပေါ်သို့ တက်ရောက်နိုင်ရန် အတင်း ဂမူးရှူးထိုး သူ့ထက်ငါ အလုအယက် ကြိုးစားနေကြ၍ အခြေအနေများ ရှုပ်ထွေးနေသည်။

ထိုသို့သော အခြေအနေများတွင် အာဖဂန် အစိုးရ အရာရှိကြီးများက အင်အားသုံးကာ လေယာဉ်များ ပေါ်တက်ပြီး နေရာယူထားပြီး ဖြစ်သော ခရီးသည် များကို အတင်း အဓမ္မ မောင်းချနေပြန်၍ ရုန်းရင်းဆန်ခတ် ဖြစ်လာသဖြင့် အမေရိကန် စစ်သားများမှာ သေနတ်များကို လေထဲ ချိန်ရွယ် ပစ်ခတ်ကာ ခြောက်လှန့်ခဲ့ကြရပြန်သည်။

သမ္မတ ဂါနီကတော့ အာရှ အလယ်ပိုင်းရှိ အမည် မဖေါ်လိုသော နိုင်ငံတနိုင်ငံသို့ ထွက်ပြေးသွားလေပြီ။ မိမိဆက်ရှိနေပါက သွေးထွက်သံယိုများ ပိုမို ဖြစ်ပွားလာမည့် အရေးကို စိုးရိမ်၍ နိုင်ငံမှ စောစီးစွာ ထွက်ခွာ လိုက်ရခြင်း ဖြစ်သည်ဟု သတင်းစကား ထုတ်လွှင့်ခဲ့သည်။

တာလီဘန်တွေရဲ့ ထိန်းချုပ်မှုအောက်က လွတ်မြောက်ဖို့ လူထောင်ပေါင်းများစွာက ကြိုးစားနေကြတဲ့ အတွက် မြို့တော် ကာဘူးလ် က နိုင်ငံတကာလေဆိပ်မှာ ဝရုန်းသုန်းကား အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ၏ ပြည်သူများကလည်း နိုင်ငံကနေ ထွက်ခွာဖို့ လေဆိပ်တွင် ကြိုးပမ်းနေကြစဉ် သေဆုံးသည်များလည်းရှိနေကြောင်း သိရသည်။

ကာဘူးလ် နိုင်ငံတကာ လေဆိပ်မှာတော့ ထွက်ပြေးလိုသူ ထောင်ပေါင်းများစွာ ရောက်ရှိနေပါတယ်။

ရရာလေယာဥ်နဲ့ နိုင်ငံတွင်းကနေ ထွက်ခွာလိုသူတွေကြောင့် ဖရိုဖရဲ အခြေအနေဖြစ်ပေါ်နေပြီး တချို့ဆိုရင် လေယာဥ်ဘီးခန်းကနေ တွယ်တက်လိုက်ပါခဲ့ကြလို့ ပြုတ်ကျ သေဆုံးမှုတွေလည်း ရှိနေပါတယ်။
CREDIT:

zawgyi
အာဖဂန္စစ္တပ္မွ တပ္ဖြဲ႕ဝင္ရာေပါင္းမ်ားစြာသည္ ၿပီးခဲ့သည့္ ရက္သတၱပတ္ကတည္းက ဥဘက္ကစၥတန္သို႔ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

စစ္တပ္သုံးေလယာဥ္ (၂၂) စီး၊ ရဟတ္ယာဥ္ (၂၄) စီးျဖင့္ ရာေပါင္းမ်ားစြာေသာ တပ္ဖြဲ႕ဝင္မ်ားက ဥဘက္ကစၥတန္မွ တိုက္ေလယာဥ္အေစာင့္အေရွာက္ျဖင့္ တိမ္းေရွာင္သြားခဲ့ၾကျခင္းျဖစ္သည္ဟု သိရသည္။

ယင္းသို႔ထြက္ေျပးသြားစဥ္ အာဖဂန္စစ္တပ္သုံးဂ်က္ေလယာဥ္တစ္စီးမွာ နယ္စပ္ျဖတ္ခ်ိန္တြင္ ပစ္ခ်ခံခဲ့ရေၾကာင္း ဥဘက္ကစၥတန္ကာကြယ္ေရးဝန္ႀကီးက ရိုက္တာသတင္းဌာနကို ေျပာၾကား ထားတာလို႔ ဆိုပါတယ္။

ဥဘက္ကစၥတန္သို႔ အာဖဂန္တပ္ဖြဲ႕တြင္ (၅၈၅) ဦးသည္ ေလတပ္ျဖင့္ေရာက္လာၾကၿပီး တပ္ဖြဲ႕ဝင္ (၁၅၈) ဦးေက်ာ္က နယ္စပ္ျဖတ္ေက်ာ္ေရာက္ရွိလာသည္ဟု သိရပါတယ္။

တာလီဘန္မ်ားသည္ အာဖဂန္နစၥတန္နိုင္ငံ၏ ျပည္နယ္ (၃၄)ခုကို (၉)ရက္အတြင္း သိမ္းပိုက္ခဲ့ၿပီးေနာက္ အာဖဂန္သမၼတ Ashraf Ghani လည္း ေသြးေျမအက်နည္းရန္ဟုဆိုကာ ၎ႏွင့္အတူ ဝန္ႀကီးအဖြဲ႕ နိုင္ငံကေန ထြက္ခြာသြားၾကသလို စစ္တပ္ကလည္း ထြက္ခြာသြားၾကျခင္း ျဖစ္သည္။

ကာဘူးလ္ေလဆိပ္ကို အေမရိကန္ စစ္သားမ်ားက အခိုင္အမာ ထိန္းခ်ဳပ္ထားလၽွက္ ရွိေနသည္။ သို႔ေသာ္ ပုဂၢလိက ေလယာဥ္ ခရီးစဥ္မ်ား ဖ်က္သိမ္းလိုက္ၿပီ ျဖစ္၍ နိုင္ငံတကာ မွ ဝန္ထမ္းမ်ားႏွင့္ အာဖဂန္ နိုင္ငံသားမ်ားကေတာ့ နိုင္ငံတြင္းမွ ထြက္ခြာခြင့္ ရေရး စစ္ေလယာဥ္မ်ား ေပၚသို႔ တက္ေရာက္နိုင္ရန္ အတင္း ဂမူးရႉးထိုး သူ႔ထက္ငါ အလုအယက္ ႀကိဳးစားေနၾက၍ အေျခအေနမ်ား ရႈပ္ေထြးေနသည္။

ထိုသို႔ေသာ အေျခအေနမ်ားတြင္ အာဖဂန္ အစိုးရ အရာရွိႀကီးမ်ားက အင္အားသုံးကာ ေလယာဥ္မ်ား ေပၚတက္ၿပီး ေနရာယူထားၿပီး ျဖစ္ေသာ ခရီးသည္ မ်ားကို အတင္း အဓမၼ ေမာင္းခ်ေနျပန္၍ ႐ုန္းရင္းဆန္ခတ္ ျဖစ္လာသျဖင့္ အေမရိကန္ စစ္သားမ်ားမွာ ေသနတ္မ်ားကို ေလထဲ ခ်ိန္ရြယ္ ပစ္ခတ္ကာ ေျခာက္လွန႔္ခဲ့ၾကရျပန္သည္။

သမၼတ ဂါနီကေတာ့ အာရွ အလယ္ပိုင္းရွိ အမည္ မေဖၚလိုေသာ နိုင္ငံတနိုင္ငံသို႔ ထြက္ေျပးသြားေလၿပီ။ မိမိဆက္ရွိေနပါက ေသြးထြက္သံယိုမ်ား ပိုမို ျဖစ္ပြားလာမည့္ အေရးကို စိုးရိမ္၍ နိုင္ငံမွ ေစာစီးစြာ ထြက္ခြာ လိုက္ရျခင္း ျဖစ္သည္ဟု သတင္းစကား ထုတ္လႊင့္ခဲ့သည္။

တာလီဘန္ေတြရဲ့ ထိန္းခ်ဳပ္မႈေအာက္က လြတ္ေျမာက္ဖို႔ လူေထာင္ေပါင္းမ်ားစြာက ႀကိဳးစားေနၾကတဲ့ အတြက္ ၿမိဳ႕ေတာ္ ကာဘူးလ္ က နိုင္ငံတကာေလဆိပ္မွာ ဝ႐ုန္းသုန္းကား အေျခအေနနဲ႔ရင္ဆိုင္ေနရပါတယ္။

အာဖဂန္နစၥတန္နိုင္ငံ၏ ျပည္သူမ်ားကလည္း နိုင္ငံကေန ထြက္ခြာဖို႔ ေလဆိပ္တြင္ ႀကိဳးပမ္းေနၾကစဥ္ ေသဆုံးသည္မ်ားလည္းရွိေနေၾကာင္း သိရသည္။

ကာဘူးလ္ နိုင္ငံတကာ ေလဆိပ္မွာေတာ့ ထြက္ေျပးလိုသူ ေထာင္ေပါင္းမ်ားစြာ ေရာက္ရွိေနပါတယ္။

ရရာေလယာဥ္နဲ႔ နိုင္ငံတြင္းကေန ထြက္ခြာလိုသူေတြေၾကာင့္ ဖရိုဖရဲ အေျခအေနျဖစ္ေပၚေနၿပီး တခ်ိဳ႕ဆိုရင္ ေလယာဥ္ဘီးခန္းကေန တြယ္တက္လိုက္ပါခဲ့ၾကလို႔ ျပဳတ္က် ေသဆုံးမႈေတြလည္း ရွိေနပါတယ္။
CREDIT: