TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အာကာသယာဥ်များ လပတ်လမ်း(သို့)လအခြေစိုက်စခန်းမှာ ရပ်နားရခြင်းအကြောင်းအရင်း

လကမ္ဘာမှ အခြေစိုက်စခန်းတွေအတွက် ဖြစ်နိုင်တဲ့နေရာကတော့ ၁၂ မိုင်အကျယ်ရှိပြီး ၂ မိုင်နက်တဲ့ ရှာခက်တန် ချိုင့်ကြီးဖြစ်ပြီး ကမ္ဘာပေါ်က သမုဒ္ဒရာတွေလို နက်ရှိုင်းပါတယ်။

မှောင်မည်းနေတဲ့ ဒီချိုင့်ကြီးအတွင်းက များပြားလှတဲ့လကမ္ဘာစခန်းတွေကို စဉ်းစားကြည့်လိုက်ပါ။ လပေါ်မှာ ဒီစခန်းတွေကို ဘာကြောင့်ဆောက်လုပ်မှာလဲ။ ဘာအတွက် အသုံးပြုမှာလဲ။လဟာ ရွှေ၊ ပလက်တီနမ် နဲ့ကမ္ဘာပေါ်ကတခြားရှားပါးသတ္တု တွေလို အဖိုးတန်အရင်းအမြစ်များစွာ ရှိတဲ့ ရတနာသိုက်ကြီး ဖြစ်ပါတယ်။

ဒါပေမဲ့ ဒါကအားလုံးမဟုတ်သေးပါဘူး။ ကမ္ဘာ့အပြင်ဘက် စူးစမ်းလေ့လာမှုတွေပြုလုပ်ရာမှာ ရေ ဟာ အဖိုးတန် ရင်းမြစ်တစ်ခုပါ။ ရေကို ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်အဖြစ်ခွဲလိုက်ပြီး အရည်ဖြစ်အောင်လုပ်လိုက်မယ်ဆိုရင် ဒုံးပျံလောင်စာရရှိမှာပါ။

အာကာသယာဉ်ဟာ လပတ်လမ်း ဒါမှမဟုတ် လအခြေစိုက်စခန်းတစ်ခုမှာ လောင်စာဆီ ဖြည့်နိုင်မှာပါ။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext