TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အာကာသယာဉ်မှူးမပါဝင်တဲ့အတ်ရိုင်ယန်အာကာသယာဉ်ကို စမ်းသပ်ထုတ်လွှတ်ဖို့ရည်ရွယ်ထား

ပထမအဆင့်မှာ မစ်ရှင်သုံးခုရှိပါတယ်။ အာတီမစ် ဝမ်းမှာတော့ SLS ရော့ကတ်နဲ့ အာကာသယာဉ်မှူးမပါဝင်တဲ့ အတ်ရိုင်ယန်အာကာသယာဉ်ကို စမ်းသပ်ထုတ်လွှတ်မှာပါ။ ၂၀၂၁ နိုဝင်ဘာမှာ ပျံသန်းဖို့ရွေးချယ်ထားတာပါ။ မစ်ရှင်ရဲ့ မူလရည်မှန်းချက်ကတော့ အာကာသယာဉ်ဟာ အာကာသယာဉ်မှူးတွေအတွက် ဘေးကင်းလုံခြုံတယ်ဆိုတာကို သေချာစေဖို့ ဖြစ်ပါတယ်။

ကိုယ်ပိုင်သိပ္ပံနဲ့နည်းပညာ၊ စူးစမ်းလေ့လာမှုတွေ ပြုလုပ်မဲ့ ဂြိုဟ်တုငယ် ၁၃ လုံးကိုလည်း သယ်ဆောင်မှာပါ။အာတီမစ် တူးမစ်ရှင်ကိုတော့ ၂၀၂၂ မှာ လုပ်ဆောင်ဖို့ မျှော်မှန်းထားပြီး အမှုထမ်းတွေပါဝင်မဲ့ပထမဆုံး ပျံသန်းမှုဖြစ်ပါတယ်။

ဒီမစ်ရှင်ဟာ အတ်ရိုင်ယန်ရဲ့ သေရေးရှင်ရေးအထောက်အပံ့ပေးမဲ့စနစ်တွေက အနာဂတ်မှာအချိန်ကြာမြင့်နိုင်တဲ့မစ်ရှင်တွေအတွက် အာကာသယာဉ်မှူးတွေကို အကူအညီဖြစ်စေလားဆိုတာ စမ်းသပ်ဖို့ ဖြစ်ပါတယ်။လကို လှည့်ပတ်ဖို့ အာကာသယာဉ်မှူးလေးယောက်ကို သယ်ဆောင်လာမှာဖြစ်ပြီး လေးရက်ကြာလှည့်ပတ်ပြီးနောက် ကမ္ဘာမြေကို ပြန်လာမှာပါ။

ဒီမစ်ရှင်ဟာ အာတီမစ် သရီးအတွက် အရေးကြီးတဲ့အရာအားလုံးကို ပြင်ဆင်ပေးမဲ့ နောက်ဆုံးအဆင့်ဖြစ်ပါတယ်။ အာတီမစ် သရီးအဆင့်မှာတော့ ၂၀၂၄ နောက်ဆုံးထားပြီး လူသားတွေကို လကမ္ဘာပေါ် ပို့ဆောင်ပေးမှာပါ။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext