TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အာကာသထဲကတောင်မြင်နိုင်တဲ့ ကြီးမားသော HAMADစာလုံး

ဘီလီယံနာတော်တော်များများဟာ အတ္တကြီးကျတာကတော့ ထူးဆန်းမယ်မထင်ပါဘူး။ ရှီခန်း ဟမ်းမက် ဘစ်ဟန်ဒန် အနရမ် ဟာလဲ တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ သူဟာ အဘူဒါဘီ တော်ဝင်မိသားစုရဲ့ အဖွဲ့ဝင်တစ်ယောက်လဲ ဖြစ်ပါတယ်။ သူဟာ စီးပွားရေးလုပ်ငန်းအမြောက်အများနဲ့ အမွေတွေကနေ ဒေါ်လာ ဘီလီပေါင်းများစွာ ရရှိထားပါတယ်။

ဒါပေမဲ့ ဟမ်မက်ဟာ ပြိုင်ကားတွေနဲ့ ဇိမ်ခံ အိမ်ကြီးတွေကို ငြီးငွေ့လာပြီးနောက်မှာတော့ သူဟာ ဖူတာဆီလို့ ခေါ်တဲ့ ကျွန်းတစ်ကျွန်းကို ဝယ်ယူခဲ့ပြီ ကျောက်တုံးတွေနဲ့ သူနာမည်ကို ပုံ ဖော်ခဲ့ ပါတယ်။

ဖူတာဆီမှာ သူရဲ့ ကိုယ်ပိုင် အပန်းဖြေစခန်းနဲ့ ဂေါ့ဖ် ကွင်းလဲရှိပေမဲ့ ကျောက်တုံးတွေနဲ့ ကြီးမားစွာ ပုံဖော်ထားတဲ့ သူ့ရဲ့ နာမည်ကိုသာ ကျွန်းရဲ့ မြေ ပုံမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဟမ်မက်ဟာ ဒီအိုင်ဒီယာကို ရခဲ့ပြီး အာရေးဘီးယန်း အငူတစ်လျှောက်မှာ သွယ်တန်းနေပြီး မီတာတစ်ထောင် အမြင့်ရှိတဲ့ စာလုံးတွေ တည်ဆောက်ဖို့အတွက် ပါကစ္စတန် နဲ့ ဘဂ်လားဒေ့ရှ်က အလုပ်သမားတွေကို ငှားရမ်းခဲ့ပါတယ်။ပုံဖော်ထားတာတွေကို ဒီရေကြောင့် ပျက်မသွားအောင် သူဟာ စာလုံးတွေကို ရေလွှမ်းသွားမဲ့အစား ရေစီးကြောင်းဖြစ်သွားအောင် ခပ်နက်နက် တူးစေပါတယ်။

အက္ခရာ အကြီးနဲ့ရေးထားတဲ့ ဟမ်းမက်ဆိုတဲ့ စာလုံးဟာ ကြီးမားပြီး နက်လွန်းတာကြောင့် အာကာသထဲကတောင် မြင်နိုင်ပါတယ်။
Ref:youtube
Trans:thegeektext