TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အအေးဒဏ်ကိုခံနိုင်ရည်ရှိစေရန် အိုခီနာဝါကျွန်းမှာစစ်ရေးလေ့ကျင့်မှုလုပ်ခဲ့သော US and Korea

အမေရိကန်နှင့် တောင်ကိုးရီးယား စစ်သားတွေဟာ အလွန်အေးခဲနေတဲ့ ရာသီဥတုကိုခံနိုင်ဖို့အတွက် စစ်ရေးလေ့ကျင့်မှုတွေကို ၂၀၁၇ ခုနှစ်မှာ ပြုလုပ်ကြပါတယ်။
စစ်သားပေါင်း ၄၀၀ ဦးရေ အထက်ဟာ ဒီ လေ့ကျင့်ခန်းမှာ ပါဝင်ခဲ့ကြကာ
တောင်ကိုးရီးယား စစ်သား အယောက် ၂၀၀ နှင့် အမေရိကန်စစ်သား အယောက် ၂၂၀ ဟာ ဂျပန်နိုင်ငံ အိုခီနာဝါကျွန်းပေါ်မှာ စစ်ရေးလေ့ကျင့်ခဲ့ရတာပါ။

ဒီစစ်ရေးလေ့ကျင့်ခန်းဟာဆိုရင် ၂၀၁၃ ခုနှစ်ကတည်းက စစ်သားတွေကို အပူချိန် အနုတ် ၄ ဒီဂရီဖာရင်ဟိုက်အထိကို ခံနိုင်ရည်ရှိစေဖို့အတွက် လေ့ကျင့်ပေးတာဖြစ်ပါတယ်။
စစ်သားတွေဟာ ပိုပြီး စနစ်ကျပြီး လက်တွေ့ဆန်တဲ့ နယ်ပယ်မျိုးစုံမှာ လေ့ကျင့်ခဲ့ရပါတယ်။

ထို့အတူ မီဒီယာပေါင်းစုံကလည်း ဒီ မြောက်ပိုင်း ကယ်ရိုလိုင်းနားပြည်နယ်က စစ်သားတွေနှင့် ကိုးရီးယားစစ်သားတွေရဲ့ လေ့ကျင့်နေမှုတွေကို နှစ်စဥ်နှစ်နိုင်းဖော်ပြကြပါတယ်။
ဒီလို ပတ်ဝန်းကျင်မျိုးက ခွင့်မလွှတ်နိုင်လောက်အောင်ပြင်းထန်ပါတယ်လို့ ၈ဆက်မြောက်ရေတပ်နှင့် ပထမဆုံးတိုက်ပွဲဝင် ကပ်ပတိန် သောမတ်စ် ရစ်ဘီ ၃၃ ကပြောကြားခဲ့သလို။ ရက်ဒ်ဘဏ် နယူးဂျာစီက ကပ်ပတိန် ကတော့ သူတို့ရဲ့ စစ်တပ်ဟာ အေးခဲတဲ့ရာသီဥတုမှာ အသုံးပြုနိုင်မယ့် စစ်တပ် နည်းပညာတွေ၊နှင့် ဆုံးဖြတ်ချက်ချနိုင်တဲ့ စွမ်းရည်တွေတိုးတက်အောင် ဒီလို ကြမ်းတမ်းတဲ့နေရာဒေသမှာ လေ့ကျင့်ခဲ့တာပါလို့ ဆိုထားပါတယ်။

၁၉၅၀ ခုနှစ်က သမိုင်းဝင်တိုက်ပွဲတွေဖြစ်တဲ့ ကိုးရီးယားစစ်ပွဲများ၊ ချိုစင်ရေလှောင်ကန်တိုက်ပွဲတွေမှာ စစ်သားတွေဟာ တရုတ်ကျူးကျော်သူတွေကို တိုက်ခိုက်ခဲ့ကာ
ဒါကြောင့် ဒီလိုတိုက်ပွဲမျိုးကြုံဖူးတဲ့သူတွေကတော့ဘယ်နေရာကိုပဲဖြစ်ဖြစ် သွားရဲလာရဲပါတယ်လို့သူကပြောပါတယ်။

ကျွန်တော်တို့ဟာ သူတို့ရောက်လာတဲ့ ဘယ်နေရာ ဘယ်ဒေသ ဘယ်လို အခက်အခဲတွေ မှာ မဆို တိုက်ခိုက်နိုင်အောင် လေ့ကျင့်ထားတယ်လို့လဲဆိုခဲ့ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext