တရုတ်ရဲ့ အာကာသ ကုမ္ပဏီ Space Transportation က အာကာသ ခရီးသွားဖို့အတွက် လေယာဉ်နဲ့ အာကာသယာဉ်ကို ပေါင်းစပ်ထားတဲ့ ယာဉ် ၁ စီးကို တီထွင်နေတယ်လို့ ပြောပါတယ်။ အဲဒီ လေယာဉ်ဟာ အသံထက်မြန်တဲ့ လေယာဉ် အဖြစ် အသုံးပြုနိုင်ပြီး ခရီးသွားဖို့ မြန်ဆန်ပါတယ်။ ကုမ္ပဏီက ဘေဂျင်း ကနေ နယူးယောက်ကို အချိန် ၁ နာရီထဲနဲ့ ပျံသန်းနိုင်တယ်လို့ ပြောပါတယ်။
Space Transportation ရဲ့ ဝက်ဘ်ဆိုက်က CGI Presentation အရ ခရီးသွားတွေ ပါတဲ့ လေယာဉ်ကို Rocket Booster ၂ ခုပါတဲ့ တောင်ပံနဲ့ ချိတ်ဆက်ထားပါတယ်။ လေယာဉ်ကို လွှတ်တင်ပြီးနောက်မှာ တောင်ပံကို ဖြုတ်ချလိုက်ပါတယ်။ တောင်ပံနဲ့ Booster တွေဟာ Launch Pad ကို ပြန်လည် ကျလာပြီး လေယာဉ်ဟာ ဦးတည်ရာကို သွားပြီးနောက် ဒေါင်လိုက် ဆင်းသက်လာတာကို မြင်ရပါတယ်။
ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက တောင်ပံပါတဲ့ ဒုံးပျံဟာ ဂြိုလ်တုတွေ သယ်ဆောင်တဲ့ ဒုံးပျံတွေထက် ကုန်ကျစားရိတ်သက်သာပြီး သာမာန် လေယာဉ်တွေထက် ပိုမြန်တယ်လို့ ပြောပါတယ်။
Space Transportation က အသံထက်မြန်တဲ့ လေယာဉ်ကို တည်ဆောက်ဖို့အတွက် ဒေါ်လာ ၄၆.၃ သန်း ရရှိနေပြီလို့ ပြောပါတယ်။ အဲဒီ လေယာဉ်ဟာ တစ်နာရီကို ၂၆၀၀ မိုင် အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။
Ref : robbreport
Crd
Post Views:
11