အန္တရာယ်များတဲ့လုပ်ငန်းတွေကို အစားထိုးလုပ်ဆောင်ပေးသွားနိုင်တော့မဲ့ အသေးစားဒရုန်းအုပ်များ
နည်းပညာယခင်ကကြီးမားတဲ့အဆောက်အဦတွေနဲ့ အကြီးစားစက်မှု ကုန်ထုတ်လုပ်ငန်း နေရာတွေမှာ ဂတ်စ်ယိုစိမ့်မှုတွေရှှိလာခဲ့ပါက အရေးပေါ် မီးသတ် သမားတွေရောက်ရှိလာကြပြီးဓာတ်ငွေ့ အာရုံခံကိရိယာတွေ သယ်ဆောင်ကာ ယိုစိမ့်မှုဖြစ်တဲ့နေရာတွေကိုရှာဖွေကြရပါတယ်။

အဲ့လိုရှာဖွေရာမှာအချိန်ကြန့်ကြာခြင်း ကျဉ်းမြောင်းတဲ့နေရာ တွေကိုတိုင်းတာ ရန်ခက်ခဲခြင်းနဲ့ အန္တရာယ်ဖြစ်စေတဲ့ အဖြစ်အပျက်တွေကိုရင်ဆိုင်ရလေ့ရှိပြီး တစ်ခါတစ်ရံမှာမီးသတ်သမားတွေရဲ့အသက်တွေဆုံးရှုံးလိုက်ရတာမျိုးတွေအထိရှိတတ်ကြပါတယ်။အဲ့ဒီလိုအခက်အခဲတွေကိုကျော်လွန်နိုင်ဘို့အတွက် ဓာတ်ငွေ့အာရုံခံစနစ် တပ်ဆင် ထားတဲ့အသေးစားဒရုန်းအုပ်တွေကို အစားထိုး အသုံးပြုနိုင်ဘို့ကြိုး စားလာခဲ့ကြပါတယ်။

နယ်သာလန်နိုင်ငံမှ TU Delftအဖွဲ့ ဘာစီလိုနာတက္ကသိုလ်နှင့် ဟားဗတ် တက္ကသိုလ်တို့မှ သုတေသီများဟာ ဓာတ်ငွေ့အာရုံ ခံစနစ်တပ်ဆင် ထားတဲ့အသေးစားဒရုန်းအုပ်ကိုအစားထိုးအသုံးပြုနိုင်ဘို့စမ်းသပ်ခဲ့ကြပါတယ်။အဲ့ဒီအသေးစားဒရုန်းအုပ်ဟာအဆောက်အဦအတွင်းက ဓာတ်ငွေ့ယို စိမ့်မှုရှိတဲ့နေရာတွေကိုအလိုအလျောက်ပျံသန်းပြီး အာရုံခံရှာ ဖွေသွားနိုင်မှာဖြစ်ပါတယ်။

အသေးစားဒရုန်းအုပ်မှာ ဒရုန်းအချင်းချင်းချိတ်ဆက် ဆက်သွယ်နိုင်မဲ့AI မှတ်ဉာဏ်တုနည်းပညာနဲ့ ဓာတ်ငွေ့အာရုံခံ စနစ်အပြင် အလိုအလျောက်ပျံသန်းနိုင်မဲ့ဆော့ဖ်ဝဲနည်းပညာတွေကိုတပ်ဆင်ပေးထားပြီးလူသားတို့ရဲ့နေရာမှာအစားထိုးနေရာယူလုပ်ဆောင်ပေးသွားမှာဘဲဖြစ်ပါတယ်။

အဲ့ဒီလိုအသေးစားဒရုန်းအုပ်ကိုအောင်မြင်စွာ အစားထိုးစမ်းသပ် အသုံးပြုသွား နိုင်ပါကလူသားတို့ရဲ့အသက်ပေါင်းများစွာကိုလည်းကယ်တင်သွားနိုင်မဲ့အပြင် မြေငလျင်လှုပ်ခြင်း ရေကြီးခြင်းနဲ့အခြားသော သဘာဝဘေးအန္တရာယ် များစွာဖြစ်ပွားလာပါက ကျဉ်းမြောင်းတဲ့နေရာများ အထိအလိုအလျောက် ပျံသန်းပြီး အသက်ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းများမှာလည်း အသုံးပြုသွားနိုင်ရန် ရည်ရွယ်ထားကြောင်း Sciencedaily.com မှာထုတ်ပြန်ကြေညာချက်များအရ သိရှိရပါတယ်။

ကိုပိုင်
#ကမ္ဘာ့သတင်းစုံ#worldnews
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။