အသေခံ ဗုံး ခွဲမှုနဲ့ တရုတ်ခေါင်းကိုက်ရမဲ့ တာလီဘန် ဇာတိပြပြန်ပြီ
အာဖဂန်နဲ့ ပါကစ္စတန်နိုင်ငံ Baluchistan ပြည်နယ် နယ်စပ်ဂိတ်တခုကို ပါကစ္စတန်တာလီဘန်အဖွဲ့က ဒီကနေ့ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့လို့ စစ်သား (၅ )ဦးသေဆုံးပြီး (၂၀) ကျော် ပြင်းထန်စွာဒဏ်ရာရခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အသေခံဖေါက်ခွဲမှုဖြစ်တဲ့ Baluchistan ပြည်နယ်ဟာ တရုတ်ကုမ္ပဏီတွေ ဒေါ်လာဘီလျံချီ ရင်းနှီးမြုပ်နှံနေတဲ့ ပြည်နယ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွေကလည်း တရုတ်ကုမ္ပဏီဝန်ထမ်းတွေကို အာဖဂန်နယ်စပ်အခြေစိုက် ပါကစ္စတန်တာလီဘန်တွေက ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။

Baluchistan ပြည်နယ်ကို ခွဲထွက်ခွင့်ပေးဖို့နဲ့ မပေးချင်ဘူးဆိုရင် ပြည်နယ်ထဲက သဘာဝသတ္တုတူးဖေါ်ရေးတွေကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်နဲ့ ထိမ်းချုပ်ခွင့်အပြည့်ပေးဖို့ ပါကစ္စတန်တာလီဘန်တွေကတောင်းဆိုထားတာဖြစ်ပါတယ်။ပြည်နယ်ထဲမှာ ဘီလျံချီရင်းနှီးမြုပ်နှံနေတဲ့ တရုတ်ကုမ္ပဏီတွေ ထွက်သွားဖို့လည်း တောင်းဆိုနေတဲ့အဖွဲ့ဖြစ်ပါတယ်။

အာဖဂန်တာလီဘန်တွေအနေနဲ့ ပါကစ္စတန်တာလီဘန်တွေကို ထိမ်းချုပ်နားချနိုင်မယ်လို့ တရုတ်က ယူဆထားတယ်ဆိုပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်က သတင်း စာရှင်းလင်းပွဲမှာ ကမ္ဘာတဝှမ်းမှာ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေတဲ့မူဆလင်တွေအသံကို တာလီဘန်က ဦးစားပေးနားထောင်မယ်လို့ တာလီဘန်ပြောခွင့်ရပုဂိုလ်က ပြောခဲ့ပါတယ်။

သူပြောအပြီးရက်ပိုင်းမှာပဲ အခုလို အသေခံဗုံးခွဲတိုက် ခိုက်မှုဖြစ်ခဲ့တာပါ။တရုတ်ဟာ အာဖဂန်အတွက် အား ကိုးရမဲ့မိတ်ဖက်နိုင်ငံလို့ ပြောခဲ့သလို ဖိနှိပ်ခံမူဆလင်တွေကို ဦးစားပေးမယ်ဆိုတဲ့ တာလီဘန်တွေရဲ့ပြောဆိုမှုအပေါ် မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ တရုတ်အစိုးရအာဘော်သတင်းတွေက ရေးသားဖေါ်ပြနေပါတယ်။

တရုတ်အနေနဲ့ သူ့နိုင်ငံထဲက လူနည်းစုမူဆလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်နေတယ်ဆိုတဲ့စွတ်စွဲချက်နဲ့ရင်ဆိုင်နေရချိန်မှာ အာဖဂန် ပါကစ္စတန်တာလီဘန်တွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ မဖြစ်နိုင်ဘူးလို့ လေ့လာသူတချို့ကသုံးသပ်ကြပါတယ်။

BNN
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။
zawgyi
အေသခံ ဗုံး ခြဲမႈနဲ႔ တ႐ုတ္ေခါင္းကိုက္ရမဲ့ တာလီဘန္ ဇာတိျပျပန္ၿပီ
အာဖဂန္နဲ႔ ပါကစၥတန္နိုင္ငံ Baluchistan ျပည္နယ္ နယ္စပ္ဂိတ္တခုကို ပါကစၥတန္တာလီဘန္အဖြဲ႕က ဒီကေန႔ အေသခံဗုံးခြဲတိုက္ခိုက္ခဲ့လို႔ စစ္သား (၅ )ဦးေသဆုံးၿပီး (၂၀) ေက်ာ္ ျပင္းထန္စြာဒဏ္ရာရခဲ့တယ္လို႔ ပါကစၥတန္စစ္တပ္တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။
အေသခံေဖါက္ခြဲမႈျဖစ္တဲ့ Baluchistan ျပည္နယ္ဟာ တ႐ုတ္ကုမၸဏီေတြ ေဒၚလာဘီလ်ံခ်ီ ရင္းႏွီးျမဳပ္ႏွံေနတဲ့ ျပည္နယ္ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လေတြကလည္း တ႐ုတ္ကုမၸဏီဝန္ထမ္းေတြကို အာဖဂန္နယ္စပ္အေျခစိုက္ ပါကစၥတန္တာလီဘန္ေတြက ဗုံးခြဲတိုက္ခိုက္ခဲ့ပါတယ္။
Baluchistan ျပည္နယ္ကို ခြဲထြက္ခြင့္ေပးဖို႔နဲ႔ မေပးခ်င္ဘူးဆိုရင္ ျပည္နယ္ထဲက သဘာဝသတၱဳတူးေဖၚေရးေတြကို လြတ္လပ္စြာ လုပ္ပိုင္ခြင့္နဲ႔ ထိမ္းခ်ဳပ္ခြင့္အျပည့္ေပးဖို႔ ပါကစၥတန္တာလီဘန္ေတြကေတာင္းဆိုထားတာျဖစ္ပါတယ္။ျပည္နယ္ထဲမွာ ဘီလ်ံခ်ီရင္းႏွီးျမဳပ္ႏွံေနတဲ့ တ႐ုတ္ကုမၸဏီေတြ ထြက္သြားဖို႔လည္း ေတာင္းဆိုေနတဲ့အဖြဲ႕ျဖစ္ပါတယ္။
အာဖဂန္တာလီဘန္ေတြအေနနဲ႔ ပါကစၥတန္တာလီဘန္ေတြကို ထိမ္းခ်ဳပ္နားခ်နိုင္မယ္လို႔ တ႐ုတ္က ယူဆထားတယ္ဆိုပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ရက္က သတင္း စာရွင္းလင္းပြဲမွာ ကမၻာတဝွမ္းမွာ လြတ္လပ္ေရးအတြက္တိုက္ပြဲဝင္ေနတဲ့မူဆလင္ေတြအသံကို တာလီဘန္က ဦးစားေပးနားေထာင္မယ္လို႔ တာလီဘန္ေျပာခြင့္ရပုဂိုလ္က ေျပာခဲ့ပါတယ္။
သူေျပာအၿပီးရက္ပိုင္းမွာပဲ အခုလို အေသခံဗုံးခြဲတိုက္ ခိုက္မႈျဖစ္ခဲ့တာပါ။တ႐ုတ္ဟာ အာဖဂန္အတြက္ အား ကိုးရမဲ့မိတ္ဖက္နိုင္ငံလို႔ ေျပာခဲ့သလို ဖိႏွိပ္ခံမူဆလင္ေတြကို ဦးစားေပးမယ္ဆိုတဲ့ တာလီဘန္ေတြရဲ့ေျပာဆိုမႈအေပၚ ေမးခြန္းထုတ္စရာျဖစ္ေနတယ္လို႔ တ႐ုတ္အစိုးရအာေဘာ္သတင္းေတြက ေရးသားေဖၚျပေနပါတယ္။
တ႐ုတ္အေနနဲ႔ သူ႔နိုင္ငံထဲက လူနည္းစုမူဆလင္ေတြအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္မႈက်ဴးလြန္ေနတယ္ဆိုတဲ့စြတ္စြဲခ်က္နဲ႔ရင္ဆိုင္ေနရခ်ိန္မွာ အာဖဂန္ ပါကစၥတန္တာလီဘန္ေတြနဲ႔ ယုံၾကည္မႈတည္ေဆာက္ဖို႔ မျဖစ္နိုင္ဘူးလို႔ ေလ့လာသူတခ်ိဳ႕ကသုံးသပ္ၾကပါတယ္။
BNN
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။