အသီးအမျိုးပေါင်း (၄၀) ပါဝင်သီးပွင့်တဲ့ သစ်ပင်တစ်မျိုးကို တီထွင်စိုက်ပျိုးခဲ့တဲ့ အမျိုးသားတစ်ဦး

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
အသီးအမ်ိဳးေပါင္း (၄၀) ပါဝင္သီးပြင့္တဲ့ သစ္ပင္တစ္မ်ိဳးကို တီထြင္စိုက္ပ်ိဳးခဲ့တဲ့ အမ်ိဳးသားတစ္ဦး
လူေတာ္ေတာ္မ်ားမ်ားဟာ အပင္ေပၚကေနခူးတဲ့ လတ္ဆတ္တဲ့ သစ္သီးဝလံေတြကို ပိုႀကိဳက္ႏွစ္သက္တတ္ၾကပါတယ္။
သို႔ေပမဲ့ မတူညီတဲ့အသီးအႏွံအပင္မ်ားစြာကို စိုက္ပ်ိဳးျခင္းက ေျမေနရာမ်ားစြာ လိုအပ္ၿပီး သန႔္ရွင္းေရးႏွင့္ သစ္ပင္တစ္ခုလုံးကို


ျပဳျပင္ထိန္းသိမ္းရတာေၾကာင့္ လြယ္ကူတဲ့အလုပ္မဟုတ္ေနပါဘူး။ သို႔ေပမဲ့ Sam Van Aken အမည္ရွိတီထြင္ဖန္တီးသူတစ္ဦးဟာ
သင့္ကိုယ္ပိုင္အသီးအႏွံမ်ားကို ပိုမိုလြယ္ကူစြာ စိုက္ပ်ိဳးႏိုင္ေစမည့္ အေျဖတစ္ခုအတြက္ အသီးေပါင္း ၄၀ မ်ိဳးပါဝင္တဲ့ အသီးပင္ကိုဖန္တီးခဲ့ပါတယ္။

၎အသီးအမ်ိဳးေပါင္း ၄၀ပါဝင္တဲ့သစ္ပင္မွာ မက္မြန္သီး၊ ဇီးသီး၊ apricots ၊ nectarine ၊ ခ်ယ္ရီသီးႏွင့္ ဗာဒံေစ့မ်ားလည္း အပါအဝင္ေပါက္ေရာက္ၾကပါတယ္။
ဤလွပတဲ့သစ္သီး ၄၀ သစ္ပင္ဟာ အသီးအႏွံမ်ိဳးစုံကိုထုတ္ေပး႐ုံသာမက ေႏြဦးႏွင့္ေႏြရာသီတစ္ေလွ်ာက္လုံးမွာ
တစ္ပင္လုံး ပန္းေရာင္သန္းသြားတာကို ၾကည့္ရႈရတာကလည္း ရင္သပ္ရႈေမာဖြယ္ေကာင္းေနပါတယ္။ Van Aken ဟာ ၎သစ္ပင္ကို
မ်ိဳး႐ိုးဗီဇဆင္တူေသာအပင္ႏွစ္ပင္ကို ေပါင္းစည္းျခင္းနည္းပညာတစ္ခုျဖစ္သည့္ စိုက္ျခင္းအေၾကာင္း ဦးစြာေလ့လာခဲ့သည့္
Pennsylvania ျပည္နယ္ရွိ စိုက္ခင္းတစ္ခုမွာ စိုက္ပ်ိဳးခဲ့တာပါ။ Van Aken ဟာ မ်ိဳးကြဲမ်ားစြာရွိတာေၾကာင့္ အခြံမာသီးမ်ားကို
ပထမဆုံး အာ႐ုံစိုက္ခဲ့ၿပီး ၎တို႔အားလုံးက မ်ိဳး႐ိုးဗီဇအရ အတူစိုက္ပ်ိဳးရေလာက္ေအာင္ ဆင္တူတာေၾကာင့္ သူ႔ရဲ႕အသီးေပါင္း ၄၀ပင္ကို
စတင္စမ္းသပ္စိုက္ပ်ိဳးခဲ့တာဘဲျဖစ္ပါတယ္။ ၎သစ္ပင္မ်ားက သိပၸံနည္းက် စမ္းသပ္မႈတစ္ခုကဲ့သို႔ အသြင္အျပင္ျဖင့္ စတင္ခဲ့ေပမဲ့
ပုံမွန္သစ္ပင္တစ္ပင္လိုဘဲ အဆုံးသတ္သြားခဲ့ပါတယ္။ ဒါေပမယ့္ ၎သစ္ပင္ဟာ ေႏြဦးမွာ အ႐ြက္မ်ား ပြင့္လန္းလာတဲ့အခါ
လူတိုင္းကို မ်က္စိက်ေစမွာ အေသအခ်ာပါဘဲ။ အခုအခ်ိန္မွာေတာ့ Van Aken ဆီမွာ သုံးႏွစ္သားအ႐ြယ္ရွိတဲ့ ၎သစ္ပင္မ်ားရွိေနၿပီျဖစ္ၿပီး
ရလဒ္ေတြကလည္း ပုံမွာျပတဲ့အတိုင္း အံ့မခန္းျဖစ္ေနၿပီျဖစ္ပါတယ္။ မၾကာေသးမီက “ သစ္ပင္ကို အႏုပညာလက္ရာတစ္ခုအေနနဲ႔ ျမင္ပါတယ္။
ပေရာဂ်က္ေတြ တိုးတက္လာတာနဲ႔အမွ် ရည္မွန္းခ်က္ေတြ ပိုမ်ားလာခဲ့တယ္။ သစ္သီး ၄၀ ကို ဖန္တီးဖို႔ ေက်ာက္သီးမ်ိဳးကြဲအမ်ိဳးမ်ိဳးကို ရွာေဖြရင္းကေန
စက္မႈထြန္းကားျခင္းႏွင့္ ႀကီးမားလွေသာ monoculture မ်ားဖန္တီးျခင္း၊ စီးပြါးျဖစ္ အလားအလာနည္းပါးျခင္းတို႔ အပါအဝင္
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကြၽန္ေတာ္တို႔ဟာ အစားအစာထုတ္လုပ္မႈႏွင့္ အေမြအႏွစ္မ်ား ၊ ေရွးေဟာင္းႏွင့္ ဇာတိမ်ိဳးကြဲမ်ား ကြဲျပားမႈကို
ဆုံးရႈံးေနရေၾကာင္းကို ကြၽန္ေတာ္ သေဘာေပါက္ခဲ့ရတယ္ ” လို႔ Van Aken က သူ႔ရဲ႕ရည္႐ြယ္ခ်က္ႏွင့္ပတ္သက္ၿပီးေျပာၾကားခဲ့ပါတယ္။
ထို႔ေနာက္ Van Aken က သူဟာ လယ္သမားမ်ားႏွင့္ ဥယ်ာဥ္ၿခံမ်ား အမ်ားအျပားျပဳလုပ္ေလ့ရွိတဲ့ နည္းလမ္းတစ္ခုကို ယူၿပီး
လူအမ်ား နားလည္ရခက္ၿပီး ယုံၾကည္ရခက္တဲ့ အသီးမ်ိဳးေပါင္း 40 ပါတဲ့သစ္ပင္ကို ဖန္တီးခဲ့ေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။
Van Aken ရဲ႕ အသီးေပါင္း ၄၀ ပင္မ်ားကို အေမရိကန္ႏိုင္ငံရွိ Arkansas ျပည္နယ္၊ Kentucky ျပည္နယ္၊ Maine ျပည္နယ္၊
Massachusetts ျပည္နယ္ ၊ New Jersey ျပည္နယ္၊ New York ၿမိဳ႕ႏွင့္ Pennsylvania ျပည္နယ္တို႔မွာ ေတြ႕ရွိႏိုင္ပါတယ္။
Reference : buzznicked
Credit to original uploader
Unicode
အသီးအမျိုးပေါင်း (၄၀) ပါဝင်သီးပွင့်တဲ့ သစ်ပင်တစ်မျိုးကို တီထွင်စိုက်ပျိုးခဲ့တဲ့ အမျိုးသားတစ်ဦး
လူတော်တော်များများဟာ အပင်ပေါ်ကနေခူးတဲ့ လတ်ဆတ်တဲ့ သစ်သီးဝလံတွေကို ပိုကြိုက်နှစ်သက်တတ်ကြပါတယ်။
သို့ပေမဲ့ မတူညီတဲ့အသီးအနှံအပင်များစွာကို စိုက်ပျိုးခြင်းက မြေနေရာများစွာ လိုအပ်ပြီး သန့်ရှင်းရေးနှင့် သစ်ပင်တစ်ခုလုံးကို
ပြုပြင်ထိန်းသိမ်းရတာကြောင့် လွယ်ကူတဲ့အလုပ်မဟုတ်နေပါဘူး။ သို့ပေမဲ့ Sam Van Aken အမည်ရှိတီထွင်ဖန်တီးသူတစ်ဦးဟာ
သင့်ကိုယ်ပိုင်အသီးအနှံများကို ပိုမိုလွယ်ကူစွာ စိုက်ပျိုးနိုင်စေမည့် အဖြေတစ်ခုအတွက် အသီးပေါင်း ၄၀ မျိုးပါဝင်တဲ့ အသီးပင်ကိုဖန်တီးခဲ့ပါတယ်။
၎င်းအသီးအမျိုးပေါင်း ၄၀ပါဝင်တဲ့သစ်ပင်မှာ မက်မွန်သီး၊ ဇီးသီး၊ apricots ၊ nectarine ၊ ချယ်ရီသီးနှင့် ဗာဒံစေ့များလည်း အပါအဝင်ပေါက်ရောက်ကြပါတယ်။
ဤလှပတဲ့သစ်သီး ၄၀ သစ်ပင်ဟာ အသီးအနှံမျိုးစုံကိုထုတ်ပေးရုံသာမက နွေဦးနှင့်နွေရာသီတစ်လျှောက်လုံးမှာ
တစ်ပင်လုံး ပန်းရောင်သန်းသွားတာကို ကြည့်ရှုရတာကလည်း ရင်သပ်ရှုမောဖွယ်ကောင်းနေပါတယ်။ Van Aken ဟာ ၎င်းသစ်ပင်ကို
မျိုးရိုးဗီဇဆင်တူသောအပင်နှစ်ပင်ကို ပေါင်းစည်းခြင်းနည်းပညာတစ်ခုဖြစ်သည့် စိုက်ခြင်းအကြောင်း ဦးစွာလေ့လာခဲ့သည့်
Pennsylvania ပြည်နယ်ရှိ စိုက်ခင်းတစ်ခုမှာ စိုက်ပျိုးခဲ့တာပါ။ Van Aken ဟာ မျိုးကွဲများစွာရှိတာကြောင့် အခွံမာသီးများကို
ပထမဆုံး အာရုံစိုက်ခဲ့ပြီး ၎င်းတို့အားလုံးက မျိုးရိုးဗီဇအရ အတူစိုက်ပျိုးရလောက်အောင် ဆင်တူတာကြောင့် သူ့ရဲ့အသီးပေါင်း ၄၀ပင်ကို
စတင်စမ်းသပ်စိုက်ပျိုးခဲ့တာဘဲဖြစ်ပါတယ်။ ၎င်းသစ်ပင်များက သိပ္ပံနည်းကျ စမ်းသပ်မှုတစ်ခုကဲ့သို့ အသွင်အပြင်ဖြင့် စတင်ခဲ့ပေမဲ့
ပုံမှန်သစ်ပင်တစ်ပင်လိုဘဲ အဆုံးသတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ၎င်းသစ်ပင်ဟာ နွေဦးမှာ အရွက်များ ပွင့်လန်းလာတဲ့အခါ
လူတိုင်းကို မျက်စိကျစေမှာ အသေအချာပါဘဲ။ အခုအချိန်မှာတော့ Van Aken ဆီမှာ သုံးနှစ်သားအရွယ်ရှိတဲ့ ၎င်းသစ်ပင်များရှိနေပြီဖြစ်ပြီး
ရလဒ်တွေကလည်း ပုံမှာပြတဲ့အတိုင်း အံ့မခန်းဖြစ်နေပြီဖြစ်ပါတယ်။ မကြာသေးမီက “ သစ်ပင်ကို အနုပညာလက်ရာတစ်ခုအနေနဲ့ မြင်ပါတယ်။
ပရောဂျက်တွေ တိုးတက်လာတာနဲ့အမျှ ရည်မှန်းချက်တွေ ပိုများလာခဲ့တယ်။ သစ်သီး ၄၀ ကို ဖန်တီးဖို့ ကျောက်သီးမျိုးကွဲအမျိုးမျိုးကို ရှာဖွေရင်းကနေ
စက်မှုထွန်းကားခြင်းနှင့် ကြီးမားလှသော monoculture များဖန်တီးခြင်း၊ စီးပွါးဖြစ် အလားအလာနည်းပါးခြင်းတို့ အပါအဝင်
အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ဟာ အစားအစာထုတ်လုပ်မှုနှင့် အမွေအနှစ်များ ၊ ရှေးဟောင်းနှင့် ဇာတိမျိုးကွဲများ ကွဲပြားမှုကို
ဆုံးရှုံးနေရကြောင်းကို ကျွန်တော် သဘောပေါက်ခဲ့ရတယ် ” လို့ Van Aken က သူ့ရဲ့ရည်ရွယ်ချက်နှင့်ပတ်သက်ပြီးပြောကြားခဲ့ပါတယ်။
ထို့နောက် Van Aken က သူဟာ လယ်သမားများနှင့် ဥယျာဉ်ခြံများ အများအပြားပြုလုပ်လေ့ရှိတဲ့ နည်းလမ်းတစ်ခုကို ယူပြီး
လူအများ နားလည်ရခက်ပြီး ယုံကြည်ရခက်တဲ့ အသီးမျိုးပေါင်း 40 ပါတဲ့သစ်ပင်ကို ဖန်တီးခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
Van Aken ရဲ့ အသီးပေါင်း ၄၀ ပင်များကို အမေရိကန်နိုင်ငံရှိ Arkansas ပြည်နယ်၊ Kentucky ပြည်နယ်၊ Maine ပြည်နယ်၊
Massachusetts ပြည်နယ် ၊ New Jersey ပြည်နယ်၊ New York မြို့နှင့် Pennsylvania ပြည်နယ်တို့မှာ တွေ့ရှိနိုင်ပါတယ်။
Reference : buzznicked
Credit to original uploader
Crd