အသက် ၅ နှစ်မှာ Code ရေးနည်းကို စတင်သင်ယူခဲ့ပြီးနောက် လက်ရှိမှာ ဒေါ်လာ (၅)သန်းတန် ဒစ်ဂျစ်တယ်ငွေကြေးစနစ် အင်ပါယာတစ်ခုကို ပိုင်ဆိုင်နေပြီဖြစ်တဲ့ လူငယ်လေး

အသက် ၅ နှစ်မှာ Code ရေးနည်းကို စတင်သင်ယူခဲ့ပြီးနောက် လက်ရှိမှာ ဒေါ်လာ (၅)သန်းတန် ဒစ်ဂျစ်တယ်ငွေကြေးစနစ် အင်ပါယာတစ်ခုကို ပိုင်ဆိုင်နေပြီဖြစ်တဲ့ လူငယ်လေး

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

အသက္ 12 ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ေယာက္ဟာ ကုဒ္ေရးနည္းကို သင္ယူၿပီးေနာက္ ေပါင္ 3 သန္းတန္ NFT ( Non-fungible token ဟာ

ေရာင္းဝယ္ႏိုင္သည့္ ဒစ္ဂ်စ္တယ္ စာရင္းဇယားပုံစံတစ္ခုျဖစ္သည့္ blockchain တြင္ သိမ္းဆည္းထားေသာ ေဒတာယူနစ္တစ္ခု ) စုေဆာင္းမႈတစ္ခုကို တည္ေဆာက္ႏိုင္ခဲ့ပါတယ္။

အေနာက္လန္ဒန္ရွိ Pinner ဇနပုဒ္မွ Benyamin Ahmed ဟာ ၎၏ကိုယ္ပိုင္ဘဏ္အေကာင့္ဖြင့္ဖို႔ အသက္မျပည့္ေသးေပမဲ့လည္း

ေဝလငါးမ်ားရဲ႕ pixelated ပုံမ်ားကို cryptocurrency ( အေရာင္းအဝယ္မ်ားကို စိစစ္ၿပီး ဗဟိုခ်ဳပ္ကိုင္မႈေလွ်ာ့ခ်သည့္စနစ္ျဖင့္ ထိန္းသိမ္းထားေသာ

မွတ္တမ္းမ်ားျဖစ္သည့္ ဒစ္ဂ်စ္တယ္ေငြေၾကးစနစ္တစ္ခု ) ျဖင့္ လဲလွယ္ေရာင္းခ်ကာ ငယ္႐ြယ္စြာနဲ႔ ခ်မ္းသာႂကြယ္ဝမႈကို ရရွိခဲ့ပါတယ္။

ေက်ာင္းသားေလး Benyamin ဟာ ယမန္ႏွစ္က ၎ရဲ႕ပထမဆုံး NFT ကို ေဒၚလာ 60 ျဖင့္ ေရာင္းခ်ခဲ့ေပမဲ့လည္း

မၾကာမီမွာ ၎ရဲ႕ပုံအခ်ိဳ႕ဟာ ေဒၚလာ 20,000 ျဖင့္ ေရာင္းခ်ခဲ့ၿပီး ၎တို႔ရဲ႕တန္ဖိုးလည္း မၾကာမီ ေဈးတက္လာခဲ့ပါတယ္။

သူဟာ စုစုေပါင္း NFTs 3,350 ပုံကိုေရာင္းခ်ခဲ့ၿပီး စုစုေပါင္းေရာင္းခ်မႈရဲ႕တန္ဖိုးက ေပါင္ 3 သန္း (ေဒၚလာ 5 သန္းခန႔္) အထိေရာက္ရွိခဲ့ပါတယ္။

ထိုေငြအမ်ားစုက တစ္ဦးခ်င္းေရာင္းခ်သူမ်ားထံ ေရာက္သြားေပမဲ့လည္း Benyamin ဟာ ၎ရဲ႕ ‘Weird Whales’ NFTs ပုံမ်ားထဲမွ

တစ္ဦးလက္ေျပာင္းသည့္အခါတိုင္း အခေၾကးေငြေပးေဆာင္ရမည္ျဖစ္ၿပီး၊ ယခုအခ်ိန္အထိ cryptocurrency ျဖင့္ ေပါင္ 750,000 ( ေဒၚလာ 1 million) ဝန္းက်င္ရရွိထားပါတယ္။

ကြၽန္ေတာ္တို႔ ၁၂ ႏွစ္အ႐ြယ္တုန္းက စားၿပီး အိပ္ဖို႔ဘဲ သိခဲ့ေပမဲ့ Benyamin ကေတာ့ လက္ရွိ သူ႔ အသက္ ၁၂ ႏွစ္အ႐ြယ္မွာ

သန္းႂကြယ္သူေဌးျဖစ္ဖို႔ စတင္ေျခလွမ္းေနၿပီျဖစ္ပါတယ္။ Benyamin ဟာ ငါးႏွစ္သားအ႐ြယ္မွာ ဖခင္ျဖစ္သူထံမွ ကုဒ္ေရးနည္းကို ပထမဆုံး သင္ယူခဲ့ၿပီး

သူ႔သူငယ္ခ်င္းမ်ားက သူလုပ္သမွ်ကို အမိုက္စားလို႔ထင္ခဲ့ၾကေပမဲ့လည္း ထိုစဥ္က သူဟာ ေက်ာင္းခန္းထဲမွာ အျပည့္အဝ မယုံၾကည္ခဲ့ၾကေၾကာင္း ဆိုပါတယ္။

“အခုေတာ့ လူေတာ္ေတာ္မ်ားမ်ားက ကြၽန္ေတာ့္ရဲ႕ဇာတ္လမ္းကို သိၿပီး ကြၽန္ေတာ့္ေၾကာင့္ NFTs ေတြအေၾကာင္း ေလ့လာေနၾကတာကိုျမင္ရတာက

ကြၽန္ေတာ့္ကို ေပ်ာ္႐ႊင္ေစပါတယ္ ၊ အားလုံးကို NFT ရဲ႕အေၾကာင္း ဆက္ၿပီးမိတ္ဆက္ေပးခ်င္ပါေသးတယ္ ” လို႔လည္း Benyamin မွေျပာၾကားခဲ့ပါတယ္။

Benyamin ၏ဖခင္ Imran က သူ႔သားအား ဒစ္ဂ်စ္တယ္အႏုပညာႏွင့္ ပ႐ိုဂရမ္ေရးဆြဲျခင္းအေၾကာင္း ပိုမိုေလ့လာရန္နည္းလမ္းအျဖစ္

၎ရဲ႕ NFT စုေဆာင္းမႈကို ဖန္တီးရန္ အားေပးခဲ့ေပမဲ့လည္း ၎က စစ္မွန္တဲ့ crypto အင္ပါယာအျဖစ္သို႔ ေျပာင္းလဲသြားလိမ့္မယ္လို႔ ဘယ္တုန္းကမွ မထင္ထားခဲ့မိေၾကာင္းႏွင့္

“ သူ႔ကို အဲ့ပညာသင္ေပးလိုက္တာက ေငြနဲ႔ပတ္သက္တာေတာ့ မဟုတ္ခဲ့ဘူး၊ ဗဟုသုတရဖို႔ပဲ၊ ဒါေပမယ့္ ပိုက္ဆံက ေဘာနပ္စ္ျဖစ္လာခဲ့တယ္ေပါ့ဗ်ာ ” ဟု ဆိုခဲ့ပါတယ္။

ဒါ့ျပင္ ဖခင္ျဖစ္သူက ” ကြၽန္ေတာ္ သူ႔ကို မင္းစိတ္ဝင္စားတဲ့အရာ တစ္ခုခုလုပ္ရင္ မင္းတစ္ေန႔ေန႔တစ္ႀကိမ္ႀကိမ္မွာ အလုပ္မလုပ္ရေတာ့ဘဲ ထိုင္စားေနယုံဘဲလို႔ အၿမဲ ေျပာခဲ့တယ္၊

ဒီအႀကံဉာဏ္ကို သူလိုက္နာခဲ့တဲ့အတြက္ ကြၽန္ေတာ္ အရမ္းေပ်ာ္ပါတယ္ ” လို႔လည္း ေျပာၾကားခဲ့ပါတယ္။ လက္ရွိမွာ Benyamin ဟာ သူ႔ရဲ႕ဝင္ေငြမ်ားကို ထုတ္ယူျခင္းမရွိေသးဘဲ၊

အနာဂတ္မွာ NFT ႏွင့္ crypto space ဟာ မည္သည့္ေနရာသို႔ေရာက္ရွိသြားသည္ကိုျမင္ေတြ႕ရဖို႔ ေမွ်ာ္လင့္ထားေၾကာင္းလည္း ေျပာၾကားခဲ့ပါေသးတယ္။

Mia (Mckzone daily) Credit

Unicode

အသက် ၅ နှစ်မှာ Code ရေးနည်းကို စတင်သင်ယူခဲ့ပြီးနောက် လက်ရှိမှာ ဒေါ်လာ (၅)သန်းတန် ဒစ်ဂျစ်တယ်ငွေကြေးစနစ် အင်ပါယာတစ်ခုကို ပိုင်ဆိုင်နေပြီဖြစ်တဲ့ လူငယ်လေး

အသက် 12 နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ ကုဒ်ရေးနည်းကို သင်ယူပြီးနောက် ပေါင် 3 သန်းတန် NFT ( Non-fungible token ဟာ

ရောင်းဝယ်နိုင်သည့် ဒစ်ဂျစ်တယ် စာရင်းဇယားပုံစံတစ်ခုဖြစ်သည့် blockchain တွင် သိမ်းဆည်းထားသော ဒေတာယူနစ်တစ်ခု ) စုဆောင်းမှုတစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။

အနောက်လန်ဒန်ရှိ Pinner ဇနပုဒ်မှ Benyamin Ahmed ဟာ ၎င်း၏ကိုယ်ပိုင်ဘဏ်အကောင့်ဖွင့်ဖို့ အသက်မပြည့်သေးပေမဲ့လည်း

ဝေလငါးများရဲ့ pixelated ပုံများကို cryptocurrency ( အရောင်းအဝယ်များကို စိစစ်ပြီး ဗဟိုချုပ်ကိုင်မှုလျှော့ချသည့်စနစ်ဖြင့် ထိန်းသိမ်းထားသော

မှတ်တမ်းများဖြစ်သည့် ဒစ်ဂျစ်တယ်ငွေကြေးစနစ်တစ်ခု ) ဖြင့် လဲလှယ်ရောင်းချကာ ငယ်ရွယ်စွာနဲ့ ချမ်းသာကြွယ်ဝမှုကို ရရှိခဲ့ပါတယ်။

ကျောင်းသားလေး Benyamin ဟာ ယမန်နှစ်က ၎င်းရဲ့ပထမဆုံး NFT ကို ဒေါ်လာ 60 ဖြင့် ရောင်းချခဲ့ပေမဲ့လည်း

မကြာမီမှာ ၎င်းရဲ့ပုံအချို့ဟာ ဒေါ်လာ 20,000 ဖြင့် ရောင်းချခဲ့ပြီး ၎င်းတို့ရဲ့တန်ဖိုးလည်း မကြာမီ ဈေးတက်လာခဲ့ပါတယ်။

သူဟာ စုစုပေါင်း NFTs 3,350 ပုံကိုရောင်းချခဲ့ပြီး စုစုပေါင်းရောင်းချမှုရဲ့တန်ဖိုးက ပေါင် 3 သန်း (ဒေါ်လာ 5 သန်းခန့်) အထိရောက်ရှိခဲ့ပါတယ်။

ထိုငွေအများစုက တစ်ဦးချင်းရောင်းချသူများထံ ရောက်သွားပေမဲ့လည်း Benyamin ဟာ ၎င်းရဲ့ ‘Weird Whales’ NFTs ပုံများထဲမှ

တစ်ဦးလက်ပြောင်းသည့်အခါတိုင်း အခကြေးငွေပေးဆောင်ရမည်ဖြစ်ပြီး၊ ယခုအချိန်အထိ cryptocurrency ဖြင့် ပေါင် 750,000 ( ဒေါ်လာ 1 million) ဝန်းကျင်ရရှိထားပါတယ်။

ကျွန်တော်တို့ ၁၂ နှစ်အရွယ်တုန်းက စားပြီး အိပ်ဖို့ဘဲ သိခဲ့ပေမဲ့ Benyamin ကတော့ လက်ရှိ သူ့ အသက် ၁၂ နှစ်အရွယ်မှာ

သန်းကြွယ်သူဌေးဖြစ်ဖို့ စတင်ခြေလှမ်းနေပြီဖြစ်ပါတယ်။ Benyamin ဟာ ငါးနှစ်သားအရွယ်မှာ ဖခင်ဖြစ်သူထံမှ ကုဒ်ရေးနည်းကို ပထမဆုံး သင်ယူခဲ့ပြီး

သူ့သူငယ်ချင်းများက သူလုပ်သမျှကို အမိုက်စားလို့ထင်ခဲ့ကြပေမဲ့လည်း ထိုစဉ်က သူဟာ ကျောင်းခန်းထဲမှာ အပြည့်အဝ မယုံကြည်ခဲ့ကြကြောင်း ဆိုပါတယ်။

“အခုတော့ လူတော်တော်များများက ကျွန်တော့်ရဲ့ဇာတ်လမ်းကို သိပြီး ကျွန်တော့်ကြောင့် NFTs တွေအကြောင်း လေ့လာနေကြတာကိုမြင်ရတာက

ကျွန်တော့်ကို ပျော်ရွှင်စေပါတယ် ၊ အားလုံးကို NFT ရဲ့အကြောင်း ဆက်ပြီးမိတ်ဆက်ပေးချင်ပါသေးတယ် ” လို့လည်း Benyamin မှပြောကြားခဲ့ပါတယ်။

Benyamin ၏ဖခင် Imran က သူ့သားအား ဒစ်ဂျစ်တယ်အနုပညာနှင့် ပရိုဂရမ်ရေးဆွဲခြင်းအကြောင်း ပိုမိုလေ့လာရန်နည်းလမ်းအဖြစ်

၎င်းရဲ့ NFT စုဆောင်းမှုကို ဖန်တီးရန် အားပေးခဲ့ပေမဲ့လည်း ၎င်းက စစ်မှန်တဲ့ crypto အင်ပါယာအဖြစ်သို့ ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိကြောင်းနှင့်

“ သူ့ကို အဲ့ပညာသင်ပေးလိုက်တာက ငွေနဲ့ပတ်သက်တာတော့ မဟုတ်ခဲ့ဘူး၊ ဗဟုသုတရဖို့ပဲ၊ ဒါပေမယ့် ပိုက်ဆံက ဘောနပ်စ်ဖြစ်လာခဲ့တယ်ပေါ့ဗျာ ” ဟု ဆိုခဲ့ပါတယ်။

ဒါ့ပြင် ဖခင်ဖြစ်သူက ” ကျွန်တော် သူ့ကို မင်းစိတ်ဝင်စားတဲ့အရာ တစ်ခုခုလုပ်ရင် မင်းတစ်နေ့နေ့တစ်ကြိမ်ကြိမ်မှာ အလုပ်မလုပ်ရတော့ဘဲ ထိုင်စားနေယုံဘဲလို့ အမြဲ ပြောခဲ့တယ်၊

ဒီအကြံဉာဏ်ကို သူလိုက်နာခဲ့တဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ် ” လို့လည်း ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ Benyamin ဟာ သူ့ရဲ့ဝင်ငွေများကို ထုတ်ယူခြင်းမရှိသေးဘဲ၊

အနာဂတ်မှာ NFT နှင့် crypto space ဟာ မည်သည့်နေရာသို့ရောက်ရှိသွားသည်ကိုမြင်တွေ့ရဖို့ မျှော်လင့်ထားကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။

Mia (Mckzone daily) Credit

Post Views: 2

Crd



Post Views:
13

Crd