■အသက် ၁၉ နှစ်အရွယ်မှာ အရပ် ၇ ပေ ၈လက်မအထိရှိနေပြီဖြစ်သော ဘရော့ခ်ဘရောင်း အံ့သြစရာ လူသန်မာကြီး

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■အသက် ၁၉ နှစ်အရွယ်မှာ အရပ် ၇ ပေ ၈လက်မအထိရှိနေပြီဖြစ်သော ဘရော့ခ်ဘရောင်း အံ့သြစရာ လူသန်မာကြီး

မီချီဂန်က ကလေးကတော့ မုလတန်းအရွယ်ကတည်းက အရပ် ၅ ပေ ၂ လက်မရှိနေပါပြီ။ အသက် ၁၉ နှစ်အရွယ်မှာတော့ ကောင်လေးဟာ အရပ် ၇ ပေ ၈လက်မအထိရှိနေပါပြီ။ ပိုပြီးထူးဆန်းတာကတော့ ကောင်လေးဟာ ဘယ်တော့မှ ကြီးထွားခြင်းမရပ်တန့်ခဲ့ပါဘူး။

သူ့ရဲ့ ကြီးထွားနှုန်းက တစ်နှစ်ကို ၆ လက်မ ကြီးထွားနေခဲ့တာပါ။ တကယ်လို့ ပရိသတ်ကြီးက သူ့ကို အရပ်တိုင်းပေးမယ်ဆိုရင်တော့ သူဟာ အရမ်းသဘောကျမယ်မထင်ပါဘူး။ တကယ်လို့သင်ဟာ ဒေါက်တာဘရုစ့်ဘန်နာရဲ့ပရိသတ်ဆိုရင် The Hulk ကိုတွေးမိမှာ သေချာပါတယ်။ ပရိသတ်ကြီးမြင်တဲ့အတိုင်းပဲ ဘယ်လောက်တောင်မှအရပ်ရှည်ပြီး သန်မာလိုက်သလဲ။

ဒီကလေးဟာ ချိုချိုသာသာပြောတတ်ပြီး နှလုံးသားဖြူစင်ပါတယ်။ ဘရု့စ်ဘန်နာရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ The Hulk နဲ့တော့ တစ်ခြားစီပါ။ ကံမကောင်းတာကတော့ ဒေါက်တာဘန်နာနှင့်မတူပဲ ဒီကလေးဟာ လူကောင်ကြီးရာကနေ ပုံမှန်လူအရွယ်အစားကို ပြောင်းလဲလို့မရပါဘူး။

သူဟာ အမြဲတမ်း ဆိုဒ် ၂၈ စီးရတဲ့ ဖိနပ်ကိုမှာရပြီး အင်္ကျီတွေကိုလည်း ကိုယ်တိုင်းနဲ့သာချုပ်ရပါတယ်။ သူဟာ ဘယ်နေရာသွားသွားအခန်းထဲမှာ အမြဲတမ်းအရပ်အရှည်ဆုံးလူသားဖြစ်နေမှာပါ။
ref:youtube
trans:thegeektext

zawgyi






ref:youtube
trans:thegeektext