TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အသက်မရှိတော့တဲ့တိရစ္ဆာန်များကို ဖော်မယ်ဒီဟိုက်စိမ်၍ အနုပညာလက်ရာအဖြစ်ပြသ
ဒေနီယမ် ဟာ့စ် ( damian hurst) ဟာ အကျော် ကြားဆုံးသော အနုပညာရှင်တွေထဲက တစ်ယောက်ပါ။ သူဟာ လန်ဒန်မှာ နေထိုင် တဲ့ ၂၅၀မီလီယမ်ဒေါ် လာပိုင်ဆိုင်တဲ့ အချမ်းသာဆုံး အနုပညာရှင်တစ်ယောက်ပါ။ သေခြင်းတရားက သူ့ရဲ့ အဓိက အာဘော်ပဲ ဖြစ်ပါတယ်။ သူရဲ့ငါးမန်း သိုး နွားအစရှိတဲ့ တရိစ္ဆာန်အသေတွေကို ဖော်မယ်ဒီဟိုက် ဆေးရည်စိမ်ထားတဲ့ အနုပညာလက်ရာတွေကြောင့် သူဟာ ကျော်ကြားလာခဲ့ပါတယ်။
သူ့ရဲ့ အကောင်းဆုံးလက်ရာကတော့ ‘လူတစ်ယောက်ရဲ့ စိတ်ထဲမှာ ရုပ်ပိုင်းဆိုင်ရာအရ မဖြစ်နိုင်တဲ့ သေ*ဆုံးခြင်း’လို့ ကျော်ကြားတဲ့ ၁၄ပေ ရှည်တဲ့ ငါးမန်းတစ်ကောင်ကို ဖော်မယ်ဒီဟိုက်ဆေးရည်စိမ်ပြီး မှန် အကြည်နဲထည့်ပြ သ ထား ခြင်း ပဲ ဖြစ်ပါတယ်။
ဟာ့တ် (hurst)bဟာ အနုပညာသည်တစ်ယောက် အနေနဲ့ အလွန် ကြွယ်ဝချမ်းသာသော်လည်း သူဟာ ဒီစျေးကြီးတဲ့ ပစ္စည်းရဲ့ ပိုင်ရှင်တစ်ယောက်မဟုတ်တော့ပါဘူး။ ၂၀၀၄ခု နှစ်မှာတော့ သူဟာ သူ့ရဲ့ ‘လူတစ်ယောက်ရဲ့ စိတ်ထဲမှာ ရုပ်ပိုင်းဆိုင်ရာအရ မဖြစ်နိုင်တဲ့ သေ*ဆုံးခြင်း’ကို ဘီလီယံနာ စတီဖင်ကိုဟန် ကို ဒေါ်လာ၈သန်းနဲ့ ရောင်းချ ခဲ့ ပါတယ်။
ကိုဟန်ဟာ နယူးယောက် အားကစားမှာ အစုရှယ်ရာ ပါဝင်ထားပြီး ပီကာတိုနဲ့ ဂျန်းနီ ဟော့ဇာ တို့ရဲ့ ဆုရလက်ရာများအပါအဝင် သူ ပိုင်ဆိုင် ထား တဲ့ များ ပြား လှ တဲ့ အနု ပညာ လက်ရာတွေ ကြောင့် လူသိ များ ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext